Ch77 - I Thought You Don't Know How to Cook?

6.3K 1.2K 87
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch77 - I Thought You Don’t Know How to Cook?

ထိုလူငယ်တွေပြေးပြီးနောက်မှာ ကောင်းရှန့်ကလည်း ထွက်ပြေးလာခဲ့တော့တယ်။

ရုတ်တရပ်ဆိုသလို လှပတဲ့အမျိုးသမီးတစ်ယောက်က သူ့ရှေ့မှာ ပေါ်လာတော့ ကောင်းရှန့်က ရပ်တန့်သွားရတယ်။အဲ့ဒီနောက် သူဟာ သူမရဲ့ အေးစက်စက်ကော့ညွတ်သွားတဲ့နှုတ်ခမ်းတွေကို မြင်လိုက်ရတယ်။သူမရဲ့ ရှည်သွယ်တဲ့ ခြေထောက်တွေက မြှောက်တက်သွားရင်း သူ့ရင်ဘတ်ကို ခပ်ပြင်းပြင်း ကန်လိုက်လေတော့တယ်။

ရှောင်တိမ်းဖို့ရာ အချိန်မရှိလိုက်ဘူး။ ကောင်းရှန့်က မြေကြီးပေါ်ကို အကန်ခံလိုက်ရပြီးတော့ သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေကလည်း ပြန့်ကြဲကုန်တယ်။

ကျန်းချီက သူမခြေထောက်ကို အေးစက်စက်နဲ့ ပြန်ရုတ်လိုက်ရင်း စိတ်တွင်းကတော့ သူမကိုယ်သူမ လက်ခုပ်သြဘာပေးနေမိတယ်။

ဟေး မဆိုးပါဘူး။ ဒီဘေးတိုက်ကန်ချက်က ပြီးပြည့်စုံသားပဲ။သူမရဲ့ တိုက်ကွမ်ဒို ခါးပတ်နီက မျက်နှာမပျက်စေရဘူးပဲ။

သူမက လမ်းမထက်မှာ သောက်စရာ ဝယ်နေခဲ့တုန်း ခေါင်းငိုက်စိုက်ချ လမ်းလျောက်လာတဲ့ ကောင်းရှန့်နဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်တယ်။ သူ့ဘက်က တောင်းပန်ခြင်းတောင် မရှိခဲ့တာမို့ သူမက ဒေါသူပုန်တွေ ထလာရတယ်။သူမက ကောင်းရှန့်ကို ဟိုးအရင်ရက်က ကောင်မလေးတစ်ယောက်ကို ဗလက္ကယရလုပ်ဖို့ကြိုးစားတဲ့ ရာဇဝတ်ကောင်မှန်း မှတ်မိလည်း သွားရော သင်ခန်းစာပေးဖို့ ပြင်လိုက်တယ်။

ဒါကြောင့် သူမက သူ့နောက်ကနေ တိတ်တိတ်လေး လိုက်လာခဲ့တာ။ အဲ့ဒီမှာ တစ်ဖက်သတ်ဆန်တဲ့ ရိုက်ပွဲကြီးကို မျက်မြင်တွေ့လိုက်ရတာပဲ။

ကောင်းရှန့်က တစ်ချက်အော်ရင်း နာကျင်သွားတဲ့ သူ့ရင်ဘတ်ကို လက်နဲ့ပွတ်လိုက်ရတယ်။ ဘေးနားမှာ ပြန့်ကြဲနေတဲ့ ပိုက်ဆံတွေကိုလည်း မြင်ရော သူက စိုးရိမ်တကြီး ပြန်ကောက်ရင်း အိတ်ကပ်ထဲ ထိုးထည့်လိုက်တယ်။ အဲ့ဒီနောက်မှာ သူက ကျန်းချီကို မှတ်မိသွားလေတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now