Unicode
What Should I Do if the School Bully is Interested in Me
Ch122 - Side Story 32 – Ten Years [Finale] (Gu Ming Ren x Lin Jiang)
ကုမင်းရန်နဲ့အတူရှိခဲ့တဲ့ ရှစ်နှစ်တာ။
ဒီအချိန်မှာတော့ သူ(ကုမင်းရန်)ဟာ စီးပွားရေးလောကမှာ အတားအဆီးမဲ့လှုပ်ရှားနေနိုင်ပြီဖြစ်ပြီးတော့ အထက်တန်းစားလူ့အလွှာတွေရဲ့စည်းမျဉ်းတွေကိုတောင် ချုပ်ကိုင်နေနိုင်ခဲ့ပြီ။ သူလက်မှတ်ထိုးသမျှ စာချုပ်မှန်သမျှကလည်း ယွမ်ဆယ်သန်းတန် ပရောဂျက်စာရင်းတွေချည်း ဖြစ်ခဲ့တယ်။
A မြို့ရဲ့ဘဏ္ဍာရေးနဲ့စီးပွားရေးအသိုင်းအဝိုင်းမှာဆိုရင် သူ့ကို လက်ရှိနှစ်တွေရဲ့ အကြမ်းတမ်းဆုံး၊အခက်ထန်ဆုံး၊အင်အားအကြီးဆုံးလူငယ်ဥက္ကဋ္ဌလို့တောင် ခေါ်ကြတယ်။ဒါပေမဲ့လည်း အဲ့ဒီ ပိုက်ဆံတွေရှာနေတဲ့လက်တစ်စုံက သူ့အတွက်နေ့စဉ်နေ့တိုင်း ဟင်းတွေချက်ကျွေး၊ ပန်းကန်တွေဆေးကြောပေးနေတာကို လင်းကျန်တစ်ဦးတည်းသာ သိပေတယ်။
"ငှား..အန်တီကြီးတစ်ယောက် ငှားကြမလား"
လင်းကျန် ပင့်သက်ရှိုက်ရင်း ကုမင်းရန်ရဲ့စိတ်သဘောထား အားအပျော့ဆုံးအချိန်မှာ သိမ်းသွင်းကြည့်ဖို့ကြိုးစားလိုက်တယ်။
အိမ်အတွက် အန်တီကြီးတစ်ယောက်ငှားလိုက်မယ်ဆိုရင် သူလည်းအရမ်းကြီး လုပ်စရာမလိုတော့ဘူးပေါ့။ အလုပ်ကဆင်းတာတောင် ကြီးမြတ်လှတဲ့ဥက္ကဋ္ဌကြီးက သူ့အတွက် ချက်ပြုတ်ပေးနေရတုန်း။ အဲ့ဒါကြီးသာ ပေါက်ကြားသွားရင် လူတွေက သေလောက်အောင်လှောင်ပြောင်ရယ်မောကြလိမ့်မယ်။
ကုမင်းရန်က သူ့မေးစေ့ကို ဆွဲညှစ်လိုက်တယ်။ သူ့ရဲ့ညို့ဓာတ်ပါတဲ့အသံက အနည်းငယ် အက်ရှနေတယ်။
"ဒီအချိန်ကြီးမှာ မင်းက တစ်ခြားဟာတွေ စဉ်းစားနိုင်သေးတယ်လား"
ကြည့်ရတာ သူ လုပ်တာ မလုံလောက်သေးဘူးပဲ။
လင်းကျန် ငိုညည်းရင်း စကားပြောဖို့ကြိုးစားလိုက်ပေမယ့် သူ့နှုတ်ခမ်းတွေက ချက်ချင်းကိုပဲ ပိတ်ဆို့ခံလိုက်ရတယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။