အခန်း (၁၆၇)
"ဘာဖြစ်နေတာလဲ"
ဟော်စစ်သည် ဘာကြောင့်လဲဆိုတာ သူမသိသောကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"ရုတ်တရက် ရှင့်ရဲ့ အဆင့်အတန်းက အများကြီး ပြောင်းလဲသွားတယ်လို့ ကျွန်မခံစားရပြီး ရှင်က ဆွေကြီးမျိုးကြီး ဖြစ်သွားတော့ ကျွန်မတို့ကြားက ကွာဟမှုက အရမ်း ကြီးသွားတယ်လို့ ကျွန်မခံစားရတယ်"
သူသည် အစက သာမန် ကြယ်တစ်ပွင့် ဖြစ်ပေမယ့် ယခု ဆွေကြီးမျိုးကြီး ဖြစ်တယ်ဆိုတာက အန်းရှကို အနည်းငယ် ကသိကအောက် ဖြစ်စေသည်။
အန်းရှ၏ ကသိကအောက် မျက်နှာကို မြင်ရပြီးနောက် ဟော်စစ်သည် သူ၏ နှုတ်ခမ်းကို ချွန်ပြီးနောက် ရယ်မောသည်။
"ဘာမှားလို့လဲ။ ရှင်က ရုတ်တရက်ကြီး ဘာလို့ ရယ်နေတာလဲ"
"မင်းရဲ့ ကလေးကလား အတွေးကို ငါရယ်တာ။ ကိုယ်က ဘယ်လိုလုပ် ဆွေကြီးမျိုးကြီး ဖြစ်နိုင်မှာလဲ"
အကယ်၍ ဟော်စစ်သာ အမှန်တကယ် ဆွေကြီးမျိုးကြီး ဖြစ်မည်ဆိုလျှင် သူထိုကဲ့သို့ ဆင်းရဲမည် မဟုတ်ပေ။ "Moonlight Clan" နှင့် "Card Slave" ကို ပိုင်ဆိုင်ရန် အမှန်တကယ် မဖြစ်နိုင်ပေ။
ထို့အပြင် ကြီးမားသော ကြယ်တစ်ပွင့် ဖြစ်တာက အရေးကြီးဆုံးဖြစ်သည်။ အကယ်၍ သူသာ ဆွေကြီးမျိုးကြီး ဖြစ်ခဲ့မည် ဆိုလျှင် ပရိတ်သတ်တွေကိုသာ သေချာပေါက် သူရွေးချယ်လိမ့်မည်။
အန်းရှသည် ဟော်စစ်၏ "အင်အားကြီးသော" ပုဂ္ဂိုလ်၏ လွှမ်းမိုးမှုကို ခံရပြီးနောက် ဟော်စစ်က ဆွေကြီးမျိုးကြီး ဖြစ်သည်ကို မယုံခဲ့တော့ပေ။
"ဘာတွေ စဉ်းစားနေတာလဲ"
ဟော်စစ်သည် အမြင်မှန်ရသွားသော အန်းရှ၏ မျက်နှာကို ကြည့်ပြီး သူမ၏ မျက်နှာကို ပွတ်သပ်သည်။
ထိုအချိန်တွင် အန်းရှသည် ဟော်စစ် "အလိမ်အညာ"၏ ဆွဲဆောင်မှုကို ခံခဲ့ရပြီး သူ၏ အမူအရာက သူမကို ဘယ်လောက် ရင်းနှီးသလဲ ဆိုတာကို ဂရုမစိုက်ခဲ့ပေ။
"ဟော်စစ် ရှင့်ရဲ့ သရုပ်ဆောင် စွမ်းရည်က အရမ်းမိုက်တာပဲ။ ဒီလို အင်အားကြီးတဲ့ မိန်းမကို တောင် ရှင်လိမ်နိုင်တယ်"

YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်