21+22+23+24+25

2.7K 222 0
                                    

အခန်း ၂၁ ဘာတွေ ရုတ်တရက်ထပြီး အလိုမကျဖြစ်နေတာလဲ

ဝမ်ရှုရှုတွေးနေမိတာက အခြေအနေတစ်ခုလုံးက ရယ်စရာကြီးပဲလို တတိယရန်က ခုချိန် မော်ဒယ်တစ်ယေယာက်ယောက် သို့ မင်းသမီးတစ်ယောက်ယောက်နဲ့ ညစာတောင်စားနေနိုင်လောက်တယ် သူတို့တွေ သူ့ကို တရားချနေကြပေမယ့်ပေါ့

သူမပြောနိုင်တာ တစ်ခုက ဒီလူရှုပ်လူပွေကောင်က ဘာမှလုပ်စရာမရှိ အချိန်တွေ အရမ်းပေါနေတယ်ဆိုတာပဲ

သူမလက်တဖက်က ဖုန်းကိုင်ပြီး လက်တဖက်က သူမ ပါးကို ညှစ်ပြီး ဖုန်းသုံးနေခဲ့တယ် သူမ ပျော်ပျော်နဲ့ဖုန်းသူံးနေတုန်းမှာပဲ ခုနက အုပ်စုခန်းထဲမှာ ရန်ရုချန်ကို တရားချနေတဲ့သူက သူမကို ရုတ်တရက် စာပို့လာတယ်
သူမ အံဩပြီး စာကိုဖတ်လိုက်တယ်

"ရှုရှု ငါတတိယရန်ကို နည်းနည်းပဲပြောရသေးတယ် သူငါ့ကို အုပ်စုခန်းထဲက ထုတ်ပစ်လိုက်တယ် တကယ်ပါပဲ"

ရန်ရုချန်က အုပ်စုခန်း admin တစ်ယောက်ပဲ

သူ့ကို ထုတ်တာနဲ့ ဘာလို့ သူမကို စာလာပို့ရတာလဲ

အဲ့ဒါကြောင့် အုပ်စုခန်းထဲက စာတွေ ပြန်မယ့်သူ မရှိတော့တာကို 

ဒီလူတွေက အသက်ရှင်ရတယ် ငြီးငွေ့နေတယ်ထင်တယ် ဘယ်လိုဖြစ်လို့ ရန်ရုချန်လို လူမျိုးကို ဝေဖန်နေရတာလဲ ဟိုက အုပ်စုခန်းထဲပဲ ထုတ်လို့ တော်သေးတယ် အပြင်မှာသာဆို ဒေါ်လာပေါင်းများစွာ ဆုံးရှုံးလို့ ထိုင်ငိုနေရနိုင်တယ်

သူမ လိုင်းပေါ်မှာမရှိသလို နေလိုက်ပြီး စာပြန်မပို့လိုက်ဘူး

တဖက်က အုပ်စုခန်းထဲမှာတော့ စာတက်လာတယ် "ငါပြန်လာပြီ ငါ့ကို အားဟန်လက်ခံပေးလိုက်တာ တွေ့လား?"

ဝမ်ရှုရှု ဆွံအသွားတယ်

သေချာပေါက် သူမလုပ်တာမဟုတ်ဘူး ဒီငပွေးတွေက သူတို့အချိန်တွေကို အတင်းပြောတာနဲ့ ကုန်ဆုံးနေတာ နောက် ဒီအုပ်စုစာပို့ခန်းထဲ သူမ မဝင်တာပဲကောင်းမယ်

အာ့လိုတွေးပြီး သူမ QQ ထဲက ထွက် မလို့ရှိသေးတယ်

" အခုအဆင်ပြေသွားပြီ  ကျေးဇူးပါ အလှနတ်သမီးလေး ရှုရှုရေ"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now