397

649 44 0
                                    

အခန်း ၃၉၇ အသုံးမကျဘူး
အဘိုးက သူမခေါင်းကို ပုတ်ကာ "အရူးမလေး သူက ဘယ်နေရာက အားဟန်ထက်ပိုသာနေလို့လဲ ငါတို့မိသားစုက ရန်မိသားစုကို အကြွေးတင်နေတယ်ဆိုဦးတော့ မြေးသာ ဒီလောက် ခံစားနေရမှန်းသိရင် ငါတို့သူတောင်းစားဖြစ်တောင် အဘိုး မြေးကို ရန်မိသားစုဆီ ပို့ခဲ့မှာ မဟုတ်ဘူး"
ရှုရှု သူမခံစားချက်တွေကို ထိန်းကာ အဘိုးကိုဖက်ရာကလွှတ်လိုက်ပြီး မျက်ရည်တွေကို သုတ်ကာ ပြုံးလိုက်ပြီး "အဘိုး အဲ့ဒါဘာကိုပြောတာလဲ တကယ်လို့သမီးသာ ရန်မိသားစုထဲအဲ့ချိန်က မဝင်ခဲ့ရင် အခုချိန်စိုက်ပျိုးရေးခြံထဲမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်နေရလောက်ပြီး နေကြောင့် အသားအရေတွေ မဲတူးပြီးတော့လေ သမီးအဲ့ဘဝကြီးမလိုချင်ပါဘူး"
သူမ မျက်ရည်တွေသုတ်ပြီးတော့ အဘိုးကို ကြည့်လိုက်သည်။ သူမမျက်လုံးတွေက နီရဲလို့ သူမအသံကလည်း ခံစားချက်တွေနဲ့ရောထွေးလို့ "ကြည့်တာနဲ့ပြောနိုင်တာက တယောက်ယောက်က F and P နဲ့ မြို့တော် Y  ပူးပေါင်းမှုကို မနာလိုလို့ ဒီလိုတွေလုပ်နေတာပဲ အားဟန်ကို ဒီကိစ္စထဲ ဆွဲမထည့်ပါနဲ့"
'ဖုံးကွယ်စရာ ဘာမှမရှိဘူးဆိုတာ ကိုယ့်ကိုကိုယ်ဖြေသိမ့်လိုက်ခြင်းသာ' ဘယ် နာမည်ကြီး အနုပညာရှင်မဆို ဒီလို ကောလဟာလတွေကြောင့်စိတ်ထိခိုက်မှာပဲ သူမအပါအဝင်ပေါ့ ဘယ်သူမှ ပွင့်ပွင့်လင်းလင်းပြောဆိုပြီးပျော်နေနိုင်မယ်မထင်ဘူး
အဘိုးက သူမကိုနားလည်စွာ သက်ပြင်းချလိုက်ပြီး "အားဟန်က အစောကတည်းက ဒီကိစ္စက တစ်ယောက်ယောက်စလိုက်မှန်း ခန့်မှန်းထားပြီးသား ညည်းကို ထပ်ပြီး အတင်းပြောစရာဖြစ်မှာစိုးလို့ ငါ့ကိုနေ့တိုင်းဖုန်းဆက်တယ်"
ရှုရှု ခုနက ဘာပြောပြော ကျန်းကျိုးဟန်က ဒီအခြေအနေနဲ့ပက်သက်ပြီး သူ့အမြင်ကို ပြောပြပြီးသားပင်  F and P  ကိုမနာလိုဖြစ်နေတဲ့ တခြားစီးပွားရေးယှဥ◌်တဲ့သူတွေက တမင် သူတို့ကိုအရှက်ရအောင်လုပ်တာလည်း ဖြစ်နိုင်တယ်
ဒါမဲ့ ရှုရှု့အတွက် မရပ်တည်ပေးလို့ လက်ရှိအခြေအနေမှာ သူမကို မကာကွယ်ပေးလို့ တတိယရန်ကိုဒေါသထွက်သည်။ တခြားသူတွေ အကုန်လုံးကောရှုရှု့ကို အရှက်ရအောင်လုပ်တဲ့ သူ့ရည်းစားဟောင်းကော
"ဟုတ်ပါပြီ ဒီအကြောင်းတွေ မပြောတော့ဘူး" ရှုရှု အဘိုးလက်ကိုကိုင်ကာ ပြုံးလိုက်ပြီး "သမီးကရှားရှားပါးပါးဖျားနေတာကို ဖျားနေတာကိုအကြောင်းပြပြီး  အဘိုးဂရုစိုက်တာခံချင်လို့ပါဆို"
သူမ အဘိုးလက်ကိုဆွဲကာ ပြောရင်းကောင်တာဆီလျှောက်သွားလိုက်သည်။
သူမ အသံကွဲနေတာကို အဘိုးဝမ်သတိထားမိသွားကာ ချက်ချင်း စိတ်ပူသွားပြီး "အသံက ဘာဖြစ်တာလဲ?"
ရှုရှု ရုပ်တည်သွားကာ အဘိုးကို စလိုက်သည်။ "အဘိုးးကသမီးကို စိတ်ပူတယ်သာပြောနေတာ သမီးအသံကွဲနေတာကျ မသိဘူးပေါ့"
သူမချောင်းဆိုးကာ ဆက်ပြောလိုက်သည်။ "သမီးတော်တော်ဆိုးဆိုးဖျားနေတာ အဲ့ဒါကြောင့်ဆေးလာတောင်းတာ"
အဘိုးအို က မျက်မှောင်ကြုတ်ကာ သူမကိုဘေးတိုက်ကြည့်လိုက်ပြီး "ဒီလိုအခြေအနေနဲ့ တိုင်းရင်းဆေးသောက်လို့မထူးဘူး အမြန်အနောက်တိုင်းဆေးသောက်ပြီးအိပ်လိုက် "
"အနောက်တိုင်းဆေးတွေမသောက်ချင်ပါဘူး" ရှုရှုခေါင်းခါကာ အဘိုးကို ကြည့်လိုက်ပြီး သူမအသံကို တိုးလိုက်ကာ "အနောက်တိုင်းဆေးကို သောက်မှာမဟုတ်ဘူး"
"ကလေးရယ် ဘာလို့အရမ်း..." အဘိုးရှုရှုခေါင်းကိုပုတ်ကာ "အသုံးမကျဘူး"
ရှုရှု လျှာကိုက်ကာ "အဘိုးအမြဲပြောနေတာက တိုင်းရင်းဆေးက လူတစ်ယောက်ရဲ့ကိုယ်ကို သန်မာစေတယ်ဆို"
"ဘာလို့ငါ့မှာ ဒီလောက်တုံးပြီး အသုံးမကျတဲ့မြေးရထားတာလဲ?" အဘိုးသူမကို အားနာသလိုခံစားလိုက်ရပြီး "ချီလဲ့ကိုဆေးကြိုခိုင်းထားလိုက်မယ် သောက်ပြီးရင် အိမ်အမြန်ပြန်ပြီးကောင်းကောင်းအိပ်လိုက်"
"နားလည်ပါပြီ" ရှုရှု သူမခေါင်းနဲ့အဘိုးရဲ့ပုခုံးကိုကြောင်လို့ ပွတ်သပ်ကာပြောလိုက်သည်။
အဘိုးက သက်ပြင်းချကာ "ညည်းကတော့ အမြဲငါ့ကိုစိတ်ပူရအောင်လုပ်တယ်"
ရှုရှုတိုင်းရင်းဆေးက ခါးမှန်းသိပေမယ့်သောက်လိုက်တော့မှသူမထင်ထားတာထက်တောင်ဆိုးမှန်းသိတော့သည်။ သူမရင်ဘတ်ကိုကိုင်ပြီး အတင်းမျိုချနေရသည်။
အဘိုးသူမရဲ့အဆိပ်သောက်နေရသလိုပုံစံကိုကြည့်ပြီး "ညည်းတောင်းဆိုတာပဲ"
ရှုရှု အဘိုးပြောတာကို ပြုံးသာပြန်ပြုံးပြနိုင်တော့သည်။
တကယ်ပဲ သူမတောင်းဆိုတာပဲလေ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now