Chapter 258

1.2K 134 0
                                    

အခန်း ၂၅၈ ထိုက်တန်နေသရွေ့

တဖက်ကိုဖုန်းဝင်သွားတဲ့အသံကို ကြားတော့ သက်ပြင်းချလိုက်မိသည် အနည်းဆုံးတော့ လူဆိုးတွေနဲ့တွေ့နေတာ မဟုတ်ဘူးပဲ

တဖက်ကမဖြေခင်ဖုန်းခန မြည်နေပြီးတော့ သူရင်းနှီးတဲ့အသံလေးကို ကြားလိုက်ရသည် "ဟဲလို"

"ဘယ်မှာလဲ"ရန်ရုချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

သူမအသံက တစ်ခုခုဝါးနေသလို တစ်ခုခုပါးစပ်ထဲ ရှိနေသလို အသံပင်

ရှုရှုမှ "ညစာစားပြီးဖုန်းခေါ်တော့မလို့ပဲ အဘိုးအိမ်မှာ ချီလဲ့က သူ့အဒေါ်လဲ့ ဆုံးသွားလို့ ရွာပြန်သွားတယ် အဘိုးက လှုပ်ရှားရတာ မလွယ်ကူသေးတော့ နောက်ရက်နည်းနည်းလောက် အဘိုးနဲ့နေပေးမလို့"

အဲ့ဒါဆို သူမက ဒီည အိမ်ပြန်မလာတော့ဘူးပေါ့

မဟုတ်ဘူး ဒီညတင်မဟုတ်ဘူး နောက်ညအနည်းငယ်အထိပေါ့

သူလှည့်ကာ လက်ပ်တော့ စခရင်ကို ကြည့်လိုက်သည် နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက ဒေါင်းနေတာ ပြီးနေပြီပင် သူ သူမနဲ့ဒီညတူတူကြည့်မလို့ စီစဉ်ထားတာလေ အဲ့ဒါမဖြစ်နိုင်တော့ဘူးပေါ့

သူ့ဖုန်းကို ဆွဲလွှင့်ပစ်ချင်တဲ့အထိ ဒေါသထွက်လာမိသည် သူ့အစီအစဉ်တွေ ပျက်စီးကုန်ပြီ

"ကောင်းပြီ" ရန်ရုချန် သူ့ခံစားချက်တွေကို ဖုံးကွယ်ကာ ပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်သည် ခနရပ်ပြီးမှ "အဘိုးကို ငါအားရင်လာလည်မယ်လို့ပြောလိုက်ဉီး"

သူက အဘိုးကို များသောအားဖြင့် "မင်းအဘိုး" ဟုသာ သုံးလေ့ရှိသည် ဒါမဲ့အခု သူက "အဘိုး" ဟု သဘာဝကျကျပင် ခေါ်လိုက်သည်

ရှုရှု ပြန်မပြောခင် ခနငြိမ်နေမိကာ "ကောင်းပြီလေ "ဟု ပြန်ဖြေလိုက်သည်

ဖုန်းချပြီးတော့ ရှုရှု ညစာဆက်စားလိုက်သည်  သူမမျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့အဘိုးက သိချင်စိတ်ဖြင့် "တတိယရန်စီကဖုန်းလား"

ရှုရှု သူမအဘိုးကို တချက်လှမ်းကြည့်ကာ သူ့မေးခွန်းကြီးက အသိသားကြီးကို သူမဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်မှာမို့လို့လဲ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now