အခန်း ၂၆ ဒီမှာ ကြယ် ငါးပွင့် hotel ရှိလား
ဝမ်ရှုရှု ရေဘူးကို အဖုံးဖွင့်ပြီး ရန်ရုချန်နားထိုင်ကာ မေးလိုက်တယ်
ရန်ရုချန် ပုလင်းကို လှမ်းမယူဘဲ သူ့ကိုတိုက်ဖို့ ပါးစပ်ဟပေးလိုက်တယ်
ဝမ်ရှုရှု သက်ပြင်းတစ်ချက်ချကာ ထည့်ပေးလိုက်ပြီး
"အရင်ပလုတ်ကျင်း တန်းမသောက်ချပစ်နဲ့ " သူမက သူ့ကို ညင်ညင်သာသာလေးပြောလိုက်တယ်ရန်ရုချန်သူမကို ဘေးတိုက်လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ဝမ်ရှုရှုက သူ့ကို ညင်ညင်သာသာပြောလို့ အံဩနေတယ်
ဒါထင်ယောင်ထင်မှားဖြစ်နေတာလား?
ထင်ယောင်ထင်မှားဖြစ်နေတာနေမယ် သူတို့ငယ်ငယ်တည်းက ဒီငတုံးမက သူ့ကိုဆို အမြဲ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တာ သူမက သူ့ကိုဘယ်လိုလုပ် ညင်ညင်သာသာပြောပြီး နူးညံ့တဲ့အကြည့်နဲ့ကြည့်နေနိုင်မှာလဲ
အာ့လိုတွေးမိပြီး သူမျက်လုံးကို စောင်းကြည့်လိုက်ပြီး ဝမ်ရှုရှုဆီက ရေသန့်ဘူးကို ဆွဲယူကာ အားရပါးရသောက်ချလိုက်တယ်
အန်ပြီးသွားတာ့ သူပိုပြီး နေလို့ကောင်းသွားပြီးတော့ တဖြည်းဖြည်း မျက်နှာအသားအရောင်ပြန်ကောင်းလာတယ်
ခရိုင်မှူးက သူတို့ကို ကြိုဆိုရင်း အားရပါးရပြုံးပြလိုက်တယ်
ရန်ရုချန် အန်နေတာကိုမြင်တော့ သူ့ဆီ အပြေးသွားလိုက်ပြီး "ဥက္ကဌရန် ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား"
ရန်ရုချန် ပြန်မဖြေဘဲ တချက်လှမ်းကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်
"ဝမ်ရှုရှု ငါတို့နေမယ့် ဟိုတယ်က ဘယ်မှာလဲ"
သူအခုချိန် ဘာမှပြောချင်စိတ်မရှိသလို ဟိုတယ်အခန်းထဲမှာပဲ ကောင်းကောင်းနားချင်နေတယ်
ခရိုင်မှူးက ဝမ်ရှုရှု ပြန်ဖြေတာကို မစောင့်ဘဲ ဖြတ်ပြောလိုက်တယ်
"ဥက္ကဌရန် အနားယူဖို့ ကြယ်ငါးပွင့် ဟိုတယ်မှာ စီစဉ်ထားပါတယ် ကျွန်တော် ခေါ်သွားပါရစေ"
ပြောပြီးပြီးချင်း တဖက်လှည့်ပြီး ဦးဆောင်လိုက်တယ်
F and P က လူလေးယောက်လုံး ခရိုင်မှူးပြောတာကြားတော့ အတွေးကိုယ်စီနဲ့ ဒီမှာကြယ်ငါးပွင့်ဟိုတယ် ရှိနိုင်ပါ့မလား???
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...