အခန်း ၁၁၁ သခင်လေးရန် ဘာဖြစ်တာလဲ
ဝမ်ရှုရှုက သူသွားတော့မယ်ဆိုတာကို ရိပ်မိကာ သူ့မျက်နှာကို ကိုင်ကာ နှုတ်ခမ်းချင်းထိကပ်လိုက်တော့သည် သူမနှုတ်ခမ်းက အရက်နံ့က ရန်ရုချန်ကို အသိစိတ်လွတ်အောင် တွန်းအားပေးလို့နေသည်
ငတုံးမ နောက်ကျ မသိတဲ့သူစီက နောက်မသောက်ရဲအောင် အပြစ်ပေးရမယ်လို့တွေးမိပြီး သူမနဲ့ နမ်းဖို့အကြောင်းပြချက်တစ်ခု ရသွားတော့သည်
သူမကို ပွေ့ဖက်ထားရင် ဝမ်ရှုရှု တကယ် ပိန်တာကို သတိထားမိလိုက်သည်
သူအမြဲမြင်တွေ့နေကျ အပေါက်ဆိုးဆိုးအမျိုးသမီး မဟုတ်တော့သလိုပင်
သူမအနမ်းတွေကို တုံ့ပြန်ရင်း သူအောက်ပိုင်းက ထကြွလာတော့သည် သူ့စိတ်ထဲမှာ သူမကို ဝါးမျိုဖို့ ပြင်းပြနေပြီး မနည်းထိန်းနေရသည် အံသြစရာက ဒီခံစားချက်က သူနဲ့ အရမ်းရင်းနှီးနေတာပင်
......
"သခင်လေး..." အန်တီက်ျိုး ဝမ်ရှုရှု အခန်းရှေ့ရာက်တော့ ရန်ရုချန်ကို ခေါ်မလို့လုပ်တုန်း တံခါးဖွင့်ထားတာကြောင့် အထဲမာ ရန်ရုချန်နဲ့ ရှုရှု နမ်းနေတာမြင်ပြီး ပါးစပ်အုပ်ကာ ရပ်သွားတော့သည်
ခနကြောင်နေပြီးမှ အခန်းရှေ့ကနေ ဖွဖွလေး ပြန်ထွက်သွားတော့သည် ဝမ်ဒါချင်းက အိမ်သာသွားမလို့ ထွက်လာတုန်းမှာပဲ အန်တီကျိုးရဲ့ အသံကြားတာကြောင့် ရန်ရုချန် ပြန်ရောက်ပြီလား သွားကြည့်ဖို့ အခန်းစီသွားတော့ ရှုရှု အခန်းရှေ့ကနေ အန်တီကျိုး တိတ်တိတ်လေး ထွက်သွားတာ တွေ့လိုက်ရသည်
သူမ ထူးဆန်းသွားပြီး အန်တီကျိုး ဆီလျှောက်ကာ "ကျိုး" လို့ ဟလိုက်တုန်း ရှိသေး
"ရှုး" ဝမ်ဒါချင်း ပါးစပ်ဟတုန်းရှိသေး အန်တီကျိုးက သူမဆီလှည့်ကာ တိုးတိုးနေဖို့ သတိပေးလိုက်သည်
ဝမ်ဒါချင်း ထူးဆန်းသွားပြီး အန်တီကျိုးကိုကြည့်ကာ "ဘာဖြစ်တာလဲ"
"တတိယသခင်လေး သူ" အန်တီကျိုး ဝမ်ဒါချင်းလက်ကိုကိုင်ကာ လှေကားဆီခေါ်သွားရင်း စိတ်အရမ်းလှုပ်ရှားနေတော့သည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...