အခန်း ၃၄၄ အရူးလုပ်မနေနဲ့
ရန်ရုချန် သူမစကားကြောင့် စိတ်ရှုပ်သွားသည် “မင်းက ငါ့အချစ်စစ်မဟုတ်ဘူးလား”
‘ဟမ့် ဒီအရူးမ ‘ ငါ့ကိုထောင်ချောက်ဆင်နေတာပဲ သူ့ဝန်ခံချက်ကို ကြားတော့ သူမ မျက်လုံးတွေ တောက်ပသွားကာ သူ့ကို သဘောကျစွာကြည့်နေပြီးမှ “ရန်ရုချန်!”
လက်သီးဆုတ်လိုက်မိသည်။
ရှုရှုသူ့ကို စိုက်ကြည့်နေတော့မှ ရန်ရုချန် ခုနက သူ့စကားက အရမ်းကို ရိုးသားလွန်းသွားတယ်ဆိုတာ သဘောပေါက်သွားသည်။
ခါးမတ်ကာ သူ့ရဲ့ ကို့ရို့ ကားယားပုံကို ပြန်ထိန်းလိုက်ပြီး “ဘာလို့ သူနဲ့စားတာလဲ”
“အပြစ်ရှိသလို ခံစားရလို့လား”ရှုရှု မကျေမနပ် ပြန်ပြောလိုက်သည်။ ရန်ရုချန် ရုတ်တရက် မရေရာသလို ဖြစ်သွားတာနဲ့ ပက်သက်ပြီး အပြစ်ရှိသလိုခံစားရလို့လို့ သူမထင်လိုက်သည်။
ဒါမဲ ပြန်ပြောရရင် သူ့ဝန်ခံခြင်းက သူ့မစိတ်တွေကို တက်ကြွသွားစေသည်။ ‘မင်းက ငါ့အချစ်စစ်မဟုတ်ဘူးလား’ ဆိုတဲ့စကားကြောင့် ဘာပဲဖြစ်ဖြစ် သူသွယ်ဝိုက်သောနည်းနဲ့ ဝန်ခံလိုက်တာပဲလေ
ရန်ရုချန် ဂရုမစိုက်သလို ကျယ်လောင်စွာပြန်အော်လိုက်သည်။ “ဘာလို့ ငါက အပြစ်ရှိသလိုခံစားရမှာလဲ မင်းသူနဲ့တွေ့လို့ အဆင်မပြေဖြစ်မှာ ငါစိုးရိမ်လို့ပါ”
“ဘာလို့ ငါကဖြစ်ရမှာလဲ နင်တို့နှစ်ယောက် အရင်က ဘယ်လောက်ချစ်ခဲ့လဲ ငါမသိတာကျနေတာ”
ရန်ရုချန် ရှုရှု ပြန်ပြောတာကြားတော့ တောက်ပစွာ ပြုံးကာ “တစ်ယောက်ယောက်ကတော့ သဝန်တိုနေပြီ ထင်တယ်”
ရှုရှု သူစနေတာကို မသိချင်ယောင်ဆောင်ကာ “တကယ်လို့ လွန်ခဲ့တဲ့ ၃ နှစ်က ဖန်ကျားရင်မှာ သူ့ကျန်းမာရေးနဲ့ ပက်သက်ပြီး ပြဿနာ တစ်ခုခုရှိနေလို့ နင့်ကို မသိစေချင်လို့ ထွက်သွားတာဆိုရင်ကော ဒါမှ မဟုတ် အဘွားက သူ့ကို ပိုက်ဆံတွေ အများကြီးပေးပြီး နင့်နားကထွက်သွားအောင် ဖိအားပေးခဲ့တာ ဆိုရင်ကော”
ရန်ရုချန် သူမကို ကြောင်နေလားဆိုတဲ့ အကြည့်နဲ့ “မင်းဦးနှောက်က တခုခုမှားနေတာလား လျှောက်ပြောမနေနဲ့”
“ငါပြောတာ အမှန်ဆိုရင်ကော” ရှုရှု သူ့တံတောင်ဆစ်ကို ကိုင်ကာ အဖြေကို သိချင်စိတ်ဖြင့်မေးလိုက်သည်။
တကယ်လို့ သူမပြောတာတွေက အမှန်ဆိုရင် သူဘာလုပ်မလဲ သူမတကယ်သိချင်သည်။
ရန်ရုချန် မျက်ခုံးမြင့်ကာ သူ့ကို ကြည့်ပြီး “ဝမ်ရှုရှု မင်းကြောက်နေတာလား?”သူမပြန်ပြောတာကိုမစောင့်ဘဲ ရယ်ကာ “ငါ့ဆီကထွက်သွားဖို့ ဖန်ကျားရင်က ဖိအားပေးခံခဲ့ရတယ်ဆိုရင် သူမနဲ့ငါပြန်လက်တွဲမှာကိုမင်းကြောက်နေတာပဲ”
သူ့အသံက သေချာပြီး ယုံကြည်ချက်အပြည့်
သူ့ရယ်သံက ရှုရှုမျက်နှာ ရဲသွားစေသည် သူမအမြန်ခေါင်းခါကာ “မဟုတ် မဟုတ်ပါဘူး”
သူမရဲ့ငြင်းဆန်မှုက ရန်ရုချန်ကို ဘာမှ မသက်ရောက် ရယ်တာ ရပ်လိုက်ပေမယ့် သူ့ရဲ့ ကျောက်စိမ်းနက်လိုတောက်ပနေတဲ့ မျက်လုံးတွေက သူမရဲ့ မျက်နှာသေးသေးလေးကို ပြုံးရိပ်သမ်းကာ ကြည့်လို့နေသည်။
သူ့မစိတ်ကိုဖောက်မြင်နေရသလိုပင်
“ရေသွားယူပေးမယ်” သူမကိုယ်သူမ အကြောင်းပြချက်ပေးကာ ထရပ်လိုက်သည်။
သူမခြေတလှမ်းပဲလှမ်းရသေး ပြန်လှည့်လာကာ ရန်ရုချန် ခြေထောက်ကို လှမ်းကန်လိုက်သည်။
ထို့နောက်ထွက်ပြေးတော့သည်။
အမျိုးကောင်းသားလေးကို ကြောင်သွားစေပြီး သူမနောက်ကိုလိုက်ဖမ်းတော့သည်။
ခနပဲပြေးရသေး ရန်ရုချန်က သူမကို မှီသွားကာ လှမ်းဆွဲလိုက်သည်။ သူမခါးကို နောက်ကလှမ်းဖက်ကာ သူ့မေးစေ့ကာ သူမလည်ပင်းနားကို ကပ်လျက် “ထပ်ငြင်းရဲငြင်းကြည့်”
ရှုရှု သူ့ကိုတံတောင်ဆစ်နဲ့ ထိုးကာ “ရန်ရုချန် အရူးမလုပ်စမ်းနဲ့”
“ယောကျာ်းလို့ အရင်ခေါ်”
“သေလိုက်”
“အာ……”
…….
ဖန်ခွက်အလွတ်ကိုကိုင်လျက် ရှုရှု ပြတင်းပေါက်နားမှာ ထိုင်လို့နေသည်။ ကောင်းကင်ကိုငေးကြည့်ပြီး အတွေးတွေထဲ နစ်မြောနေတဲ့နေ့တနေ့ပင်
ရန်ရုချန် သူမနောက်က တိတ်တိတ်လေး လိုက်လာရင်း သူမနောက်မှာ ခြေဖျားထောက်ကာ ရပ်နေတာတောင် သူမက သူ့တည်ရှိမှုကို လုံးဝ သတိမထားမိ
သူက ရပ်နေပြီး သူမသတိထားမိမှာကိုစောင့်နေတာ ဒါမဲ့တော်တော်ကြာတဲ့ထိ သူမက လှုပ်လည်းမလှုပ်သလို သူ့ကိုလည်း သတိမထားမိ
စိတ်မရှည်တော့ပဲ သူမနားသွားကာ တိုးတိုးလေးပြောလိုက်သည်”အပြင်မှာ ဘာတွေများ အရမ်းစိတ်ဝင်စားဖို့ကောင်းနေလို့ ငါနောက်မှာ ရပ်နေတာတောင် သတိမထားမိရတာလဲ”
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...