အခန်း ၃၀၁ နင်သူ့ကို မကြိုက်ဘူးထင်နေတာ
“ဘယ်သူက နင့်ကို ကြည့်ချင်လို့လဲ”ခေါင်းမော့ကာ ရန်ရုချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမ အဝတ်တွေကို ယူကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။
ရန်ရုချန်က သူမဒီနေ့ ဆင်တူ ဝတ်စုံ မဝတ်ရင် အပြင်ထွက်ခွင့်ပေးမှာ မဟုတ်မှန်း သူမသိသည်။
လက်တို အကျီအကြပ်လေးက စကပ်လေးနဲ့လိုက်ဖက်လို့နေသည်။ ရန်ရုချန်ရဲ့ သေချာမှာထားမှုကြောင့် ရှုရှု စကပ်က ရှုရှု ဒူးနားလေးမှာ ဆုံးပြီး နဂို ဒီဇိုင်းနဲ့ မတူဘဲ သူမ ကိုယ်ကောက်ကြောင်းကိုပေါ်ကာ လှလို့နေသည်။
မှန်ထဲက သူမပုံစံကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
သူကော ထိုဝတ်စုံနဲ့ ဘယ်လိုနေမလဲ သူမသိချင်သွားသည်။
ဘာပဲဖြစ်ဖြစ် သူကြည့်မကောင်းစရာအကြောင်းတော့ မရှိပါဘူး သူအရင်ကလည်း ဖြစ်သလို မဝတ်တတ်သလို တကယ်လို့ အကျီအစုတ် ဝတ်ရင်တောင် သူနဲ့ကြည့်ကောင်းနေဦးမှာပဲ
ရန်ရုချန်ရဲ့ စိတ်မရှည်တဲ့ အသံက သူမအတွေးတွေကို ဖျက်စီးလိုက်သည်။
“ဝမ်ရှုရှု ပြီးပြီလား”
“အင်း ပြီးပြီ”ရှုရှု ပြန်ဖြေကာ တံခါးမဖွင့်ခင် မှန်တစ်ခါ ထပ်ကြည့်လိုက်သည်။
တံခါးပွင့်သွားပြီး အကြည့်ချင်းဆုံသွားကာ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြသည်။သူတို့မျက်လုံး အံဩတဲ့ အရိပ်အယောင်တချို့ဖြတ်သွားသည်။
ရန်ရုချန်သူ့လက်တွေကို အောက်ကဘောင်းဘီအမဲရောင် အိတ်ကပ်ထဲ ထည့်ထားသည် သူ့အပေါ်အကျီကိုကော ထည့်ထားကာ LV ခါးပတ်နဲ့ လိုက်ဖက်လို့နေသည်။
ဝတ်စုံက သူ့ရဲ့ကြည့်ကောင်းပြီး ကြွက်သားတွေနဲ့ကိုယ်ကို ပြည့်စုံစွာ ပေါ်လွင်နေစေသည်။
ရှုရှု သူ့ကို ငေးနေမိသည်။“မိန်းမ မင်းက တကယ်လှတာပဲ”
ဒါက ပထမဆုံးအကြိမ် ရန်ရုချန်က ရှုရှုကို ရက်ရက်ရောရော ချီးကျုးဖူးတာပဲ ပထမဆုံးအကြိမ် သူ့ရင်ထဲက လာတဲ့အတိုင်း စကားကိုထုတ်ပြောဖူးတာပဲ
သူမ ပုံစံက တကယ်ကို အသက်ရှုမှားလောက်အောင်လှသည်။
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...