အခန်း ၂၈၁ ရည်းစားဟောင်းပြန်လာခြင်း
သူမ အတွေးတွေထဲ နစ်မျောနေတုန်း ရန်ရုချန်က သူမကို ထိုင်ခုံကို ပြန်ခေါ်လာခဲ့ပြီးပြီ
စင်ပေါ်မှာ ပြထားတဲ့ တယော စီ အကြည့်ရောက်သွားကြသည်။
နှစ်ယောက်လုံးကြောင်သွားကာ အရမ်းအံဩသွားကြသည်။
ချက်ချင်းပင် ရှုရှု ရန်ရုချန်ကိုင်ထားတဲ့ သူမလက်ကို ရုတ်ကာ ထရပ်ပြီး လေလံခန်းမရဲ့ ထွက်ပေါက်စီဦးတည်လိုက်သည်။
ရန်ရုချန်တယောကို ကြည့်နေရာကနေ ချက်ချင်းပင် ၁ စက္ကန့်တောင်တွေးမနေဘဲ ရှုရှု့နောက်ကို အမြန်လိုက်ကာ သူမလက်ကို ဆုတ်ကိုင်လိုက်သည်
တွန်းထုတ်ဖို့အခွင့်အရေးမပေးဘဲ…
လူတိုင်း စိတ်ထဲ ရှုပ်ထွေးသွားသည် အစက သူတို့က အရမ်းကို ချစ်နေကြပြီး ခနကြာတော့ချက်ချင်း စိတ်ကောက်သွားကြသည်။လူတိုင်းရဲ့ ထူးဆန်းနေတဲ့အကြည့်တွေအောက်မှာ ရန်ရုချန်နဲ့ ဝမ်ရှုရှုက လေလံခန်းမထဲက ထွက်သွားပြီပင် သူမအားကုန်သုံးကာ ရန်ရုချန်လက်ကိုလွှတ်ချလိုက်ပြီး
"ရန်ရုချန် ဖန်းကျားရင် ပြန်လာပြီ”
အဲ့ဒီတယော အမှုန့်ဖြစ်သွားရင်တောင် သူမမှတ်မိသည်။ ထိပ်ဆုံးကျောင်းသူတစ်ယောက်ဖြစ်တဲ့ အပြင် ဖန်ကျားရင်က တယောထိုးရာမှာပဲ အရည်အချင်းရှိတဲ့ လူတိုင်းအားကျရတဲ့သူဖြစ်သည်။
သူမက ရှု့ရှု့ကို သူမရဲ့ဖျော်ဖြေမှုကို ကြည့်ဖို့ မရေမတွက်နိုင်အောင်ဖိတ်ခဲ့ဖူးသည်။
လေလံခန်းမထဲက တယောက သူမပစ္စည်းပင် ရန်ရုချန်စီက လက်ဆောင်ရတဲ့ ရွှေငါးအဆင်တန်ဆာလေးကို ထိုတယောအောက်မှာ ချိတ်ထားသည်။ တယောရဲ့ဘေးခြမ်းမှာလည်း သူတို့ရဲ့ အစစာလုံး “FY”ဟုထိုးထားသည်။
အစစာလုံးတွေက သေးပေမယ့် သူမမျက်လုံးထဲ ချက်ချင်း မှတ်မိလိုက်သည်။ ရန်ရုချန်လည်း မြင်မှာပဲ
နောက်ဆုံးတော့ အဆုံးကိုရောက်လာတော့မယ်။သူမကိုယ်သူမ ပြန်လွှတ်ပေးရတော့မယ်
တကယ်ပဲ ဖန်ကျားရင်ပြန်လာပြီ ရန်ရုချန် သူမကိုကော တယောကိုကော မြင်ပြီးလောက်ပြီ
ဘာပဲဖြစ်ဖြစ် သူ့ကို စကားတခွန်းမှ မပြောဘဲ လွန်ခဲ့တဲ့ ၃ နှစ်က စွန့်ပစ်သွားတဲ့ ဒီအမျိုးသမီးကို သူဘာခံစားချက်မှ ပြနေမှာ မဟုတ်ဘူး
သူ့ရှေ့မှာ ရပ်နေတဲ့ ဒီအမျိုးသမီးလေးကိုပဲ သူကြည့်နေမှာပင်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...