146+147+148+149+150

1.8K 205 7
                                    

အခန်း ၁၄၆ အတိုင်းအတာ ကျော်မလာနဲ့

ရန်ရုချန်ရဲ့ စကားကို စိတ်မရှည်တာကြောင် မင်ကျောင်ရှန် စိတ်ထဲရှိတဲ့အတိုင်းပြောချလိုက်သည်

ရှင်းရှင်းလင်းလင်းသိတာက မျိုးဆက်သစ်တိုင်းက အရင်မျိုးဆက်တွေထက် သာလွန်တယ်ဆိုတာ အထူးသဖြင် ရန်အိမ်ရဲ့ တတိယမြေးကပေါ့

"လက်ထပ်ပွဲ" ရန်ရုချန် လန့်သလိုဟန်ဆောင်ကာ "ဘာလက်ထပ်ပွဲလဲ ကျွန်တော်ဘာလို့ မသိရတာလဲ"

ဝမ်ဒါချင်းကို လှည့်ကြည့်ကာ မေးလိုက်သည်

ဝမ်ဒါချင်းက ပါးနပ်စွာ သရုပ်ဆောင်ကယ သူမမြေးကို ကူညီလိုက်သည်

အပြစ်တွေ သူမပေါ်ကို ပုံချကာ "တတိယရန် တကယ်တော့ ဒါတွေအကုန် ငါ့အမှားပါ မပြောပြမိခဲ့တာ မင်းအသက်အရွယ်နဲ့ အခြေတကျဖြစ်သင့်ပြီထင်လို့ ရှင်းယီကလည်း မိန်းမကောင်းလေးလေ အဲ့ဒါကြောင့် အဘိုးမင်နဲ့ ဆွေးနွေးပြီး လက်ထပ်ပွဲ စီစဉ်လိုက်တာ " ပြောရင်း ခနရပ်ကာ ရန်ရုချန် ခေါင်းကိုရိုက်လိုက်သည် "ရှုရှုနဲ့ ခိုး date နေတာ ဘာလို့မပြောတာလဲ စောစောကတည်းက မင်းတို့ကြိုက်နေမှန်းပြောရင် ငါမင်းအတွက် ရည်းစားရှာပေးနေမှာလဲ" သူမအသံကော အမူအရာကောက သူမမြေးကို ချစ်ခင်မှုတွေနဲ့ပြည့်လို့နေသည်

ဝမ်ရှင်းယီပါ အခြေအနေကို နားမလည်တော့ပေ

ဘာပဲဖြစ်ဖြစ် မင်ကျောင်ရှန်က အရူးမဟုတ်ပေ ဝမ်ဒါချင်းစကားရဲ့ ရည်ရွယ်ချက်ကို နားလည်သည် "ဝမ်ဒါချင်း ဘာကိုဆိုလိုတာလဲ"

ဝမ်ရှင်းယီလည်း စပြီးစိုးရိမ်လာတော့သည် ဝမ်ဒါချင်းက သူ့ကတိကို သူပြန်သိမ်းတော့မှာလား

ဝမ်ဒါချင်းက အေးဆေးပင် "လူအိုမင် ဘာကိုဆိုလိုရမှာလဲ ကလေး တွေက သဘောမတူရင် ငါတို့ဘာလုပ်လုပ် အလကားပဲလေ မဟုတ်ဘူးလား"

သူမစကားကြောင့် မင်ကျောင်ရှန်ဒေါသထွက်လာကာ မျက်နှာနီရဲလာပြီး "ဝမ်ဒါချင်း နင်လည်း မငယ်တော့ဘူ တကယ့်ပြသာနာက ဘာလဲဆိုတာ မမြင်နိုင်ဘူးလား"

ဝမ်ဒါချင်းရယ်ကာ "ငါတို့ အခုဘယ်ခေတ်မှာနေနေတာလဲ ဖက်ရှင်ဟောင်းတွေလို မလုပ်စမ်းပါနဲ့"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now