အခန်း ၃၂၅ သူမ မသွားတာ ကံကောင်းတာပဲ
ဖန်ကျားရင် လက်မှတ်တွေ သူ့အိတ်ကပ်ထဲကထွက်လာမှာလဲ မနေ့က မင်အားရှန်မွေးနေ့ ဒါမဲ့ ဖန်ကျားရင်နဲ့တွေ့တာ မမှတ်မိပါဘူး
‘ခနလေး….’
‘ငါအပြင်မှာ ဘယ်သူနဲ့တွေ့လာတယ်ထင်လဲ’
‘ငါ့ဟာတော့မဟုတ်ဘူး တတိယရန်ရဲ့ရည်းစားဟောင်း’
မနေ့က ဖန်ကျားရင်လည်း W မှာ ရှိတယ် သူမူးပြီးတွေ့လာတာလား
သူအမြန် ဝမ်ရှုရှုဖုန်းကိုချကာ လုရီနန်ဖုန်းကို ခေါ်လိုက်သည်။ ခနကြာကြာမြည်နေပြီး ကိုင်မယ့်သူမရှိ
မင်အားရှန်ကိုခေါ်လိုက်သည်။
သူတို့ အရုဏ်တက်အထိ ပါတီလုပ်နေကြတာနေမှာ တချို့ခုထိ အိပ်နေတုန်းဖြစ်လိမ့်မယ်ဖုန်းကိုင်မှာ မဟုတ်သလို တချို့ စက်ပါပိတ်ထားလိမ့်မည်။
“f**k” ဘယ်သူ့ကိုမှခေါ်မရတော့ ရန်ရုချန် ဒေါသထွက်စွာဘေးခုံကိုဖုန်းလွှင့်ပစ်လိုက်တော့သည်။
လီဗာကို နင်းကာ အရှိန်တင်လိုက်ပြီး တခြား ကားမောင်းသူတွေနဲ့ ယာဥ◌်ထိန်းရဲတွေကိုလည်း ဂရုမစိုက်တော့
……….
ရန်ရုချန်လိုပဲ ရှုရှုလည်း သံသဃအပြည့်နဲ့
ဖုန်းကိုင်ရင်း မျက်မှောင်ကြုတ်ထားမိသည် ဖုန်းမျက်နှာပြင်ကိုကြည့်နေရင်း အတွေးထဲ နစ်လို့နေသည်။
ရန်ရုချန် အသံအရ မသိချင်ယောင်ဆောင်နေတာမျိုးမဟုတ်ဘူး အဲ့လိုလုပ်စရာ အကြောင်းလည်းမရှိဘူးလေ
ဒါမဲ့ လက်မှတ်တွေက တကယ် သူ့အိတ်ကပ်ထဲက ထွက်လာတာ
သူမ လုပ်ရမှာက ဖန်ကျားရင်ကို မင်အားရှန်မွေးနေ့ကိုသွားခဲ့သေးလားလို့ပဲ အဲ့ဒါဆို အမှန်တရားက ပေါ်လာမှာပဲ
ကျန်းကျိုးဟန် နံပါတ်ကို ရှာလိုက်သည်။
‘အားဟန်လည်းသေချာပေါက် မင်အားရှန်မွေးနေ့ကိုသွားမှာပဲ ‘ သူမ ဖုန်းခေါ်တဲ့ ခလုတ်ကိုနှိပ်လိုက်သည်။
ဒါမဲ့ ချက်ချင်း ဖုန်းချလိုက်သည်။
အားဟန်ကို ဒီကိစ္စကြောင့်နဲ့ အနှောင့်အယှက်မပေးသင့်ဘူး
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romansaတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...