Chapter 309

817 82 0
                                    

အခန်း ၃၀၉ အရမ်းစိတ်လှုပ်ရှားဖို့ မလိုပါဘူး

ဒါမဲ့…….

သူတို့ အသင်းတိုက်ကနေထွက်လာတော့ ရှုရှုမေးလိုက်သည် “ရန်ရုချန် ဘာလို့ ဟိုကလေးကို အကိုအစားယောက်ဖလို့ ခေါ်ခိုင်းတာလဲ”

“မင်းက တကယ်ပဲတုံးနေတာလား တုံးချင်ယောင်ဆောင်နေတာလား” ရန်ရုချန် သူ့ဘေးက အမျိုးသမီးလေးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး “သူက မင်းကို မမလို့ခေါ်မှတော့ ငါက ယောက်ဖဖြစ်သင့်တာပေါ့”

သူ့အဖြေကြောင့်ကြောင်သွားကာ ရှုရှုခေါင်းငုံ့လိုက်သည်။ နူးညံ့စွာဖြင့် “‌ဩော်” ဟုရေရွတ်ရင်း ပြန်ဖြေလိုက်သည်။

သူမ ဆန္ဒကိုဆန့်ကျင်ပြီးသူမ နှလုံးသားလေး နူးညံ့လာသည်။

ဒီရက်ပိုင်းအတွင်း သူရဲ့ထူးဆန်းတဲ့ အပြုအမူကိုလည်း မခန့်မှန်းချင်တော့ သူ့အပေါ်မှာ ထားထားတဲ့ သူမရဲ့ ကာကွယ်မှုတွေကိုဘာလို့ထပ်ခါထပ်ခါ ယိုယွင်းအောင်လုပ်နေလဲလဲ မသိတော့….

သူမရဲ့နှလုံးသားက အသဲကွဲလည်းကွဲခဲ့ပြီးပြီ ခံလည်းခံစားခဲ့ရပြီးပြီ သူမ အခုသူမကို ဘယ်အရာကမှ နာကြင်အောင် ထပ်မလုပ်နိုင်တော့ဘူးလို့ ခံစားနေရသည်။

သူ့ကြောင့် အရင်က အရမ်းနာကြင်ခဲ့ရဖူးပြီးတော့ သူမ ပြန်အဆင်ပြေလာခဲ့တာပဲလေ

‘အဲ့ဒါဆို ဘာကိုကြောက်စရာလိုမှာလဲ ဘာလို့ သူ့ကို အရမ်းသတိထားနေမှာလဲ’

ထိုညအတွက်သူမကို သူမနောက်တစ်ခါ အားပေးလိုက်ကာ စိတ်တွေ တက်ကြွလာတော့သည်။

“ငါဗိုက်ဆာတယ်” သူမဗိုက်ကလေးကို ပွတ်ကာ ရန်ရုချန်ကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ကြည့်ရင်း ပြောလိုက်သည်။

ရန်ရုချန်တွေးမိတာက ကောင်းကင်က တလက်လက်တောက်နေတဲ့ ကြယ်တွေတောင် သူမ မျက်လုံးလောက်တောက်ပမှာ မဟုတ်ဘူးလို့

သူမ သူ့ကို ချိုချိုသာသာပြောနေတာကြားတော့ သူစိတ်ထဲပျော်လာတော့သည်။


သူမခါးကို ဖက်ကာ သူ့ဆီကို လှမ်းဆွဲလိုက်သည်။

သူမ နဖူးကိုဖွဖွလေးနမ်းကာ ကြင်နာစွာ ပြောလိုက်သည် “ကောင်လေးတစ်ယောက်နဲ့ စကားပြောနေပြီး ညစာမှ မစားတာ”

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now