အခန်း ၃၀၀ မင်းကြိုက်သလို ငါ့ကို ကြည့်လို့ရပါတယ်
သူမကို မနှောင့်ယှက်ဖို့ဆုံးဖြတ်လိုက်ပြီး သူမ အလုပ်လုပ်နေတဲ့ ပုံစံက ဘယ်လောက်လေးနက်ပြီး အာရုံစိုက်နေလဲ ဆိုတာကို ကြည့်ကာ သူမသူ့ကို သတိထားမိမည့်အချိန်ကို စောင့်နေလိုက်သည်။
သူမ အလုပ်ပြီးမှာကို တိတ်တိတ်လေးနဲ့ စိတ်ရှည်ရှည်နဲ့ ပထမဆုံး အကြိမ်စောင့်ကြည့်ဖူးတာပဲ သူကိုယ်သူ အံဩမိတာက သူပျော်နေမိတာကိုပဲသူသဘောပေါက်သွားမိတာက သူမအပေါ်ဆို သူအမြဲတန်း ခက်ထန်တယ် စိတ်မရှည်ဘူး စိတ်တိုလေ့ရှိတယ်ဆိုတာပဲ အခု သူအဲ့ဒါကိုနောင်တရနေမိသည်။
ကွန်ပျုတာကို စိုက်ကြည့်နေရင်း ရှုရှုနောက်ဆုံးတော့ စာရိုက်တာရပ်လိုက်သည်။ သက်ပြင်းချကာ သူမဘာသာ ရေရွတ်လိုက်သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ”
သူမ ကော်ဖီခွက်ကို ယူဖို့ လက်ဆန့်ရင်း သူမ ပြီးသွားတဲ့ဖိုင်တွေကို စီဖို့လုပ်လိုက်သည်။
ရုတ်တရက် သူမကို မျက်လုံးတစ်စုံက စိုက်ကြည့်နေတာကို သတိထားမိပြီး ရပ်သွားတော့သည်။
ရှုရှု သူ့ကို သတိထားမိသွားတာကို သိကာ စကားပြောလိုက်သည်
"ဝမ်ရှုရှု ထပြီး ပြင်ဆင်တော့ ငါနဲ့ တွေ့ဆုံပွဲတစ်ခု သွားစရာရှိတယ်”
ရှုရှု့စီ လျှောက်လာရင်းပြောလိုက်သည်။
ရှုရှု သူ့ကို ကြည့်ကာ “ဒါမဲ့ နင်ဒီနေ့ အချိန်ဇယားမှ မရှိတာ”
“ငါ ခုတင်ပြင်လိုက်တာ” ရန်ရုချန် ခပ်ပြတ်ပြတ်ဖြေကာ သူမခုံဘေးက နံရံကို မှီလိုက်သည်။
စာရွက်စာတမ်းတွေကို မသိမ်းခင် သဘောတူသလို ခေါင်းငြိမ့်ပြလိုက်ကာ သူမပစ္စည်းတွေ အိတ်ထဲ အမြန်ထည့်ပြီး အိတ်ကိုယူကာ “ငါ အဆင်သင့်ပဲ”
ဒီနေ့ သူမ အဖြူရောင် ချီဖွန် လက်တို ရှပ်အကျီကို ဟိုတခါ ကျိုးရှင်းနဲ့ ဝယ်လာတဲ့ လိမ္မော်ရောင် ဂျက်ကတ်နဲ့ တွဲဝတ်ထားသည် အောက်က အမဲရောင်ရောင်ဘောင်းဘီရှည်နဲ့ သက်သောင့်သက်သာဖြစ်ကာ စတိုင်ကျပြီး ဘယ်လို အခြေအနေမျိုးနဲ့မဆို လိုက်ဖက်လှသည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...