Chapter 270

1.2K 115 0
                                    

အခန်း ၂၇၀ ငါ့ကို ပြန်ရောင်း

ကျိုးရှင်း သက်လတ်ပိုင်း အမျိုးသမီးကို အေးစက်စွာကြည့်ကာ အံကြိတ်လိုက်သည် "နှစ်၂၀ အငှားစာချုပ်က ဒိတ်မလွန်သေးပါဘူး စာချုပ်အတွက် တရားရုံးမှာတွေ့ကြတာပေါ့"

ဂေဟာမှုးက ကျိုးရှင်းလက်ကို ကိုင်ကာ စိုးရိမ်ကြောင့်ကြစွာဖြင့် "ကျိုးမိန်းကလေး ကျွန်မ ဒီနေရာကို ဒီဂေဟာဖွင့်ပြီး ၁၀ နှစ်ကျော်နေလာခဲ့တာ ဒီနေရာက..."

ရှုရှု ဖြည်းဖြည်းချင်းလျှောက်လာကာ သူတို့ကို ကြည့်လိုက်သည် ဘာဖြစ်တာလဲ သူမသဘောပေါက်သွားသည် ဂေဟာမှုးက ဒီနေရာက ထွက်မသွားချင်ပေ တခြားဟာထက် နေရာတစ်ခုရှာဖို့က မလွယ်ကူပေ

ကျိုးရှင်းက ဒေါသထွက်လို့ပြောလိုက်ချင်းသာ ကလေးတွေက မြို့မှာနေဖို့ အဆင်ပြေမှာမဟုတ်ပေ

ဒီနေရာမှာ ကြီးမားတဲ့မြေက သူတို့ကို မွေးမြူရေးနဲ့ အပင်စိုက်လို့ရသည် သူတို့ ထွက်ငွေကို လျှော့ချပေးဖို့လည်း အဆင်ပြေသည် ပြီးတော့ ကလေးတွေက လတ်ဆတ်ပြီး ကျန်းမာတဲ့အစားအစာကိုလည်း စားရသည် ဒုတိယက လေ သန့်ရှင်းပြီး မြို့ပြနဲ့ဝေးတာကြောင့် ကလေးတွေရဲ့ပညာရေးအတွက်လည်း ငြိမ်ချမ်းတဲ့ ပတ်ဝန်းကျင်ရစေသည်

ရှုရှု ဂေဟာမှုးစကားပြောနေတာကို ဝင်ကာ "ကျိုးရှင်း ဘေးဖယ်နေ"

သူမ သူငယ်ချင်းကို တချက်စိုက်ကြည့်လိုက်ကာ သက်လတ်ပိုင်း အမျိုးသမီးဆီ အကြည့်ရွှေ့ကာ ပြုံးပြလိုက်ပြီး "အစ်မ အစ်မကို ဘယ်လိုခေါ်ရမလဲ"

သက်လတ်ပိုင်း အမျိုးသမီး ပြန်မဖြေခင်မှာပဲ ဂေမှုးက မိတ်ဆက်လိုက်သည် "သူမက မဒမ်ဝူပါ ပရော်ဖက်ဆာ ဝူရဲ့ ချွေးမ သူမက ဒီမိဘမဲ့ဂေဟာတစ်ခုလုံးနဲ့ ဒီမြေကို ကျွန်မကို ငှားခဲ့တဲ့သူပါ"

ရှုရှု ထိုအမျိုးသမီးကို ထပ်ပြုံးပြကာ "မဒမ်ဝူ မင်္ဂလာပါ"

မဒမ်ဝူ ရှုရှု့ကို သံသယဖြင့် ပြုံးပြကာ သူမ မျက်လုံးထဲ သံသယတွေနဲ့ အကဲခတ်နေကာ "မင်းက?"

ရှုရှု ပုံစံက ရင်းနှီးနေသလိုပင် ဒါမဲ့သူမဘယ်သူလဲ သူမစဉ်းစားမရပေ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now