Chapter 267

1.1K 120 0
                                    

အခန်း ၂၆၇ ငါတို့က လင်မယားတွေ

ကားဆရာက ရန်ရုချန်ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်

"မောင်း" ရန်ရုချန် သူ့ကို အေးစက်စွာ ပြောလိုက်သည်

ကလေးတွေရဲ့ရယ်သံက သူ့နားထဲကို တိုးဝင်လို့လာသည် သူကားမှန်ကို တင်ကာ ကားက မိဘမဲ့ဂေဟာက ထွက်လာတော့ သူနောက်ကို ပြန်မကြည့်ခဲ့

....

ကျိုးရှင်း ရှုရှု့ကို အိမ်ပြန်ပို့ကာ ခြံဝင်းဝင်ပေါက်မှာ ချပေးခဲ့သည် ကလေးတွေက သူတို့ကို စောစောမပြန်ခိုင်းတာကြောင့် တော်တော်ပင် နောက်ကျလို့နေသည်

သူမခြံဝင်းအပြင်မာ ရပ်ကာ စံအိမ်ထဲကို လှမ်းကြည့်လိုက်သည် ဒုတိယထပ်က စာကြည့်ခန်းမီးက ပွင့်နေတာကြောင့် သူမကြောင်နေမိသည်

'သူပြန်ရောက်ပြီလား'

"မမလေး အိမ်က ကြိုဆိုပါတယ်"

ခြံစောင့်က သူမကို နွေးထွေးစွာနှုတ်ဆက်နေတာတောင် သူမအဝေးကို လှမ်းငေးနေမိတုန်းပင်

အတွေးထဲကထွက်ကာ ခြံစောင့်ကို ယဉ်ယဉ်ကျေးကျေးခေါင်းငြိမ့်ပြလိုက်သည် ထို့နောက် ခြံထဲကို လျှောက်လာခဲ့သည်

သူမ ဒီနေရာမှာမရှိတာ ၁ ပတ်တောင် ကြာသွားပြီပင် ခြံဝင်းထဲကို လျှောက်လာတိုင်း သူစိမ်းဆန်ပြီး မရင်းနှီးတဲ့ ခံစားချက်မျိုး ရလာလေလေပင်

ခြံဝင်းအလယ်မှာ ရပ်ကာ သူမပတ်ပတ်လည်ကို ကြည့်လိုက်မိသည် သူမကိုသူမ လှောင်ရယ်နေကာ ဒီစံအိမ်ကြီးနဲ့ အထဲမှာ ရှိတဲ့ အရာအားလုံးက သူမနဲ့မသက်ဆိုင်သလိုပင်

သူမအိမ်ထဲကို ရောက်တော့ နွေးထွေးမှုကို ခံစားရသလို တချိန်တည်းမှာပဲ ဝမ်းနည်းမိသည်

"မမလေး နောက်ဆုံးတော့ ပြန်လာပြီပဲ"

ရှုရှု ဖိနပ်လဲကာ ဧည့်ခန်းထဲ ဝင်တုန်းရှိသေး  အန်တီကျန်း လှေကားကနေ ဆင်းလာတာ မြင်လိုက်ရသည်

အန်တီကျန်းက သူမကို ကြည့်ကာ စိုးရိမ်နေသလိုပင်

"ဘာဖြစ်လို့လဲ"  ဘာပြသာနာလဲဆိုတာ မခန့်မှန်းခင် သူမ ခနရပ်သွားကာ မေးလိုက်သည်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now