အခန်း ၆
ကူးစက်ရောဂါ လိုမျိုး"ဥက္ကဌရန်" ဝမ်ရှုရှု ခေါင်းညိမ့်ပြလိုက်တယ်
ရန်ရုချန်
သူမကို ခပ်တည်တည် တချက်ကြည့်လိုက်တယ်"မင်းဘာကိုကြည့်နေတာလဲ" အမျိုးသမီးကြီးက သူ့ခေါင်းကို မော့ပြီး ရန်ရုချန်ကို ကြည့်လိုက်တယ် မနက်က သတင်းစာထဲက ကိစ္စကို ပြန်တွေးမိပီး သူ့မြေးသူ သတ်ပစ်ချင်စိတ်ပေါက်လာတယ်
ရန်ရုချန်
ဝမ်ရှုရှုစီက အကြည့်လွှဲပီး သူ့အဘွားကိုကြည့်လိုက်တယ် "အဘွား မနက်က ဗုံးတွေများစားလာသလား"ကြားကြားချင်းပဲ အမျိုးသမီးကြီးက ဒေါသထွက်သွားပြီး ရန်ရုချန်
ရဲ့ ပုခုံးကို ထရိုက်တော့တယ် "လူကြီးတွေကိုရိုသေလေးစားမှု
မရှိတဲ့ ဒီကောင်စုတ်လေးကို ငါရိုက်သတ်မိတော့မယ်"ခနနေတော့" မင်းကိုတွေ့ရတိုင်း ငါဒေါသထွက်လာရတယ်
ငါသွားတော့မယ်"ဝမ်ရှုရှု အမျိုးသမီးကြီး ထွက်သွားတာကို တချက်ကြည့်နေလိုက်ပြီး "ဥက္ကဌရန် အိုးရန် မိန်းကလေးက တွေ့နေကျနေရာမှာ စောင့်နေမယ်လို့ ပြောပါတယ်
ဒီနေ့မနက်က အိုးရန်ချင်းချင်းနဲ့ ဥက္ကဌရန်တို့ အကြောင်းက တောမီးလို ပျံနှံ့နေခဲ့တာ ဒီသတင်းကြောင့် အိုးရန်ချင်းချင်း စိတ်ညစ်
နေလောက်တယ်ရန်ရုချန် ဝမ်ရှုရှုကို တချက်ခပ်တည်တည်ကြည့်ပြီး
"ဝမ်ရှုရှု အလုပ်ချိန်မှာ အလုပ်ကိစ္စပဲပြော"
ပြောပြီးပြီးချင်း သူ့ရုံးခန်းစီ ထွက်သွားခဲ့တယ်
"မှတ်သားထားပါ့မယ်"
အို ဥက္ကဌရန် မင်းဒီည ၈ နာရီ SS hotel မှာ BRight Vision က ဥက္ကဌကျန်း နဲ့ ညစာစားဖို့ရှိတယ် အခုထွက်ခွာရပါ့မယ်"
"ည ၈ နာရီ" သူရုတ်တရက်ဒေါသထွက်သွားပီးတော့ ဝမ်ရှုရှုကို လှည့်ကြည့်လိုက်တယ်ဝမ်ရှုရှုက အချိန်ဇယားတွေကြည့်နေတဲ့အတွက် ရှေ့ကို သေချာမကြည့်မိခဲ့ဘူး ရန်ရုချန် ရုတ်တရက် ရပ်သွားမှန်းလည်း မသိတာကြောင့် သူမရဲ့ နှာခေါင်းချွန်ချွန် လေးက ရန်ရုချန်ရဲ့ အင်္ကျီ ကြယ်သီးနဲ့ တိုက်မိပြီး မျက်ရည်တွေဝဲလာခဲ့တယ် သူမက နူးညံ့ ပျော့ပျောင်းတဲ့သူ မဟုတ်ပေမယ့် ဒါက နှာနုရိုးလေ သူမ မျက်နှာတောင် နာလွန်းလို့ အနီရောင်ပြောင်းသွားခဲ့တယ်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...