အခန်း ၃၀၆ သူတို့ အချစ်တွေကို ဖော်ပြဖို့ ခွင့်ပြုမှာ မဟုတ်ဘူး
ရန်ရုချန်က ဖန်ကျားရင်ကို မချစ်တော့ပေမယ့်သူ့မာနကတော့ သူမကို လွယ်လွယ်ခွင့်မလွှတ်နိုင်ပေ အထူးသဖြင့် မိန်းမတစ်ယောက်စီက စွန့်ပစ်ခံရတယ်ဆိုတဲ့ စကားကိုပေါ့
သူ့ရှေ့ကို ဘယ်လို သတ္တိမျိုးနဲ့ထပ်ပေါ်လာရဲသလဲတော့ ရန်ရုချန် မသိ ဒါမဲ့ သူတို့ကြားက ကိစ္စတွေကို ဘာမှမဟုတ်သလို ဟန်ဆောင်ပြီးတော့ တည်ငြိမ်နေတာကို မနှစ်သက်ပေ
ဖန်ကျားရင် မျက်လုံးထဲမှာ နေရခက်သလို အရိပ်အယောင်တချို့ ဖြတ်ပြေးသွားပြီး ချက်ချင်းပျောက်ကွယ်သွားသည်။
သူမ ပြုံးကာ “ငါတခါတလေ ပြည်တွင်းသတင်းတွေထဲလည်း ကြည့်ဖြစ်လို့ပါ”
“ဩော်” ရန်ရုချန် သူ့အသံထဲ က အထင်သေးမှုတွေကို ဖုံးကွယ်မထားဘဲ “ Missဖန်က အရမ်းကို မျိုးချစ်စိတ်ရှိပြီး နိုင်ငံသတင်းတွေကို အမြဲကြည့်တယ်ထင်တယ်”
ဝမ်ရှုရှု ဆွံအ…..
တကယ်ပဲ ဒီကောင်ရဲ့ မာနက ထိခိုက်ခံလို့မရဘူး ပြန်တိုက်ဖို့ အခွင့်အရေးရတာနဲ့ တဖက်သူကို ခုခံခွင့်တောင်မပေးဘဲ သေချာပေါက်ပေးဆပ်ရအောင် လုပ်မှာပင်
ဒါမဲ့ သူ သူမကိုချစ်နေတာကို ဘာလို့ သူချစ်တဲ့သူကို တိုက်ခိုက်နေတာလဲ
သူ့မာနက သူမကို နောက်တစ်ခါ အဝေးကိုတွန်းထုတ်လိုက်မှာကို သူစိတ်မပူဘူးလား
ဖန်ကျားရင်ကို စောင်းကြည့်လိုက်မိသည်။ ဖန်ကျားရင်က သူမထင်ထားတာထက်ပိုပြီးတော့ သန်မာသေးသည်။ ရန်ရုချန်က သူမကိုလှောင်နေတာတောင် မျက်နှာ မပျက်ပေ
“အားချန် ငါ့ကိုလှောင်နေတာလား” ဖန်ကျားရင် မျက်မှောင် ကြုတ်ကာ သူ့စကားကြောင့် နာကြင်သွားရသလိုပင် ဒါမဲ့ သူမအမူအရာက ဝမ်းနည်းနေတာကို မဖော်ပြ
သူမဘာတွေးနေလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး
သူတို့ကြားရှုရှု ညှပ်နေပြီး စကားတွေက အတိတ်ကို ပြန်သွားချင်နေသလိုလို
သူတို့ကျီစယ်စကားတွေကို ကြားရတာ ရှုရှု ပင်ပန်းလာပြီ “တောင်းပန်ပါတယ် ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်”
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...