အခန်း ၃၀၈ ငါက ခဲအို ဦးလေးမဟုတ်ဘူး
သူ့နောက်ကျောက ဖြောင့်မတ်နေကာ သူ့ခြေလှမ်းတွေက တွေဝေနေမှု ကြောင့်ကြနေမှုလည်းမရှိ
………….ရှုရှု က မိန်းခန်းမ ရဲ့ ဧည့်ကြိုနေရာရဲ့ ဆိုဖာပေါ်မှာ ထိုင်နေကာ ၅ နှစ်အရွယ်ကလေးလေးတစ်ယောက်နဲ့ စကားပြောလို့နေသည်။
သူတို့က အင်္ဂလိပ်လိုပြောနေကြကာ သူမရဲ့ ရယ်သံကို အဝေးကနေ ကြားနေရသည်။ သူတို့ပြောနေတာ ပျက်သွားမှာ စိုးလို့ သူဖြည်းဖြည်းချင်းလျှောက်ကာ သူမ ဘယ်သူနဲ့ပြောနေတာလဲ ကြည့်လိုက်သည်။
ပြောနေတဲ့သူက ဆန့်ကျင်ဘက်လိင်ဖြစ်နေတာမြင်ပြီး သူ့မျက်နှာ ချက်ချင်း မဲကျသွားတော့သည်။ (အေး နင်တိုနေလိုက်)ရှုရှုက သူ့ကိုကျောပေးထားကာ သူ သူမစီလျှောက်လာတာကိုလည်း ရှုရှု မသိပေ။ ကောင်လေးက ရန်ရုချန်ကို မြင်တော့ သူ့ကို ညွှန်ပြကာ ရှုရှုကိုပြောလိုက်သည်။ “မမ မမရဲ့ ရည်းစားရောက်လာပြီ”
ရှုရှု မျက်ခုံးမြင့်ကာ အံဩသွားသည်။ “ဟမ် ငါ့ရည်းစားကို မင်းက သိလို့လား”ထိုကောင်လေးက စနေသည်ဟု ထင်ကာ သူ့စကားကို အတည်မယူပေ။
ပြီးတော့ သူမမှာ ရည်းစားမှ မရှိတာ
ရန်ရုချန် ရှုရှုနောက်မှာ ရပ်လိုက်တာ မြင်တော့ ထိုကောင်လေးက “ဒီဦးဦးက မမနဲ့ အဝတ်အစား တူတူ ဝတ်ထားတာလေ မေမေ ပြောတာ အတွဲတွေပဲ ဆင်တူ ဝတ်စုံ ဝတ်ကြတာတဲ့”“အို!” ရှုရှု ခနကြောင်သွားပြီးမှ နောက်ကိုခေါင်းလှည့်ကြည့်လိုက်သည် ရန်ရုချန်က ဆိုဖာကို ပျင်းရိစွာမှီကာ လက်တဖက်က ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားပြီး တဖက်က သူမ ဂျာကင်အကျီကို ကိုင်ထားသည်။
သူခေါင်းငုံ့ကာ သူမကို ကြည့်ပြီး “မင်း အိမ်သာသွားတယ်ထင်နေတာ”
ရှုရှု ပုခုံးတွန့်ကာ “အပေါ်ထပ်က သန့်စင်ခန်းက သုံးမရလို့ အောက်ထပ်ကို လာလိုက်တာ”
“မမ မမရည်းစားက တကယ်ချောတာပဲ ဒါမဲ့ ကျွန်တော်က ပိုချောတယ် ကောင်ငယ်လေးက သခင်လေးရန်ကို ချီးကျုးလိုက်သလို တချိန်တည်းမှာပဲ သူ့ကိုလည်း ချီးကျုးလိုက်သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...