211+212+213+214+215

1.6K 156 4
                                    

အခန်း ၂၁၁ ဆီးအိမ်ကို ကိုင်ထားလို့ရမယ်ထင်နေတာလား

ရန်ရုချန် လှည့်ကာ အိပ်ရာပေါ် လှဲလိုက်သည် မျက်လုံးမှိတ်ထားကာ သူ့ပုံစံက ဘာမှ ထပ်ပြောချင်တော့တဲ့ပုံ မပေါ်ပေရှုရှု ရန်ရုချန်ရဲ့မျက်နှာကို ကြည့်ကာ အိပ်ရာပေါ်တက်လိုက်သည် စောင်ကိုဖြည်းဖြည်းချင်းမကာ ဂရုတစိုက် လှဲလိုက်သည် ရန်ရုချန်ကိုကျောပေးထားကာ အိပ်ရာအစွန်းကို တတ်နိုင်သမျှ ရအောင်ကပ်လို့နေသည် ဒါက ပထမဆုံးအကြိမ် သူ့ဘေးမှာ တစ်ယောက်ယောက်အိပ်ဖူးတာပဲ ရန်ရုချန်ရဲ့ အရိုင်းဆန်တဲ့အိမ်မက်ထဲမှာတောင် ဝမ်ရှုရှုနဲ့အိပ်ရာတစ်ခုတည်းမျှ သုံးရတယ်ဆိုတာ မပါဖူးဘူး လင်နဲ့မယားလိုဆို အဝေးကြီး'နင်က ကျားမလိုပဲ ဘယ်သူမှ နင့်ကို ယူချင်မှာမဟုတ်ဘူး''ရန်ရုချန် နင်သတ္တိရှိရင် ထပ်ပြောလိုက်စမ်း'သူ့အိပ်ရာအစွန်းမှာလှဲနေတဲ့ သေးငယ်တဲ့အမျိုးသမီးကို ချစ်မြတ်နိုးမှုအပြည့်နဲ့ကြည့်နေမိသည်ရှုရှု အိပ်မပျော်မှာစိုးတာကြောင့် သမားတော်နဲ့ဆွေးနွေးကာ သူမအာရုံကြောနဲ့ ခန္ဓာကိုယ် အားရှိစေဖို့  ဆေးတောင်းထားသည် ရှုရှု့အတွက်တော့ သူမဘေးကလှဲနေတဲ့သူက သူမချစ်ကြောက်ရတဲ့သူဖြစ်ပေမယ့် အရမ်းအိပ်ငိုက်နေတာကြောင့် သိပ်မကြာခင် အိပ်ပျော်သွားတော့သည်ရန်ရုချန်က ရှုရှု အသက်ရှုသံပုံမှန်ဖြစ်ကာ ငြိမ်နေတာကြောင့် သူမအိပ်ပျော်သွားပြီမှန်းသိလိုက်သည်သူဖြည်းဖြည်းချင်းရွေ့ကာ သူမနားကပ်လာခဲ့သည်သူမနိုးမှာစိုးတာကြောင့် အရမ်းမကပ်ဘဲ ရှုရှု ဆံပင်ရနံ့ကို ရှုလို့ရရုံလောက်သာ သူမဆံနွယ်တွေကို ရှုရင်း သူမခန္ဓာကိုယ်ပေါ်က နူးညံ့တဲ့ ရနံ့ကို ရှုရှိုက်ဖို့ မနည်းစိတ်ထိန်းထားရသည်သူမအသက်ရှုသံကို နားထောင်ရတာနဲ့တင် သူ့စိတ်တွေပါ အေးချမ်းလာတော့သည်'ဝမ်ရှုရှု မင်းငါ့ကို ဘယ်တော့မှထားမသွားဘူးလို့ ကတိပေးထားတယ်'........နွားနို့ သောက်တာ ကောင်းကောင်းအိပ်မောကျစေပေမယ့် ညကျ သူမ အပေါ့သွားချင်လာတာပင်အိပ်ချင်မူးတူးနဲ့ မီးဖွင့်ဖို့ ကုတင်ဘေးကို စမ်းနေတုန်း ရုတ်တရက် သူမခါးကို တစ်ခုခုက ဖက်တွယ်ထားတာကို ခံစားမိလိုက်သည် ရန်ရုချန်!ချက်ချင်းမျက်လုံးပြူးသွားကာ သူမစမ်းနေတဲ့လက်ကို ပြန်ရုတ်လိုက်ပြီး ရန်ရုချန် နိုးတဲ့အချိန်ထိ အားတင်းကာ နေနေမိသည် ရန်ရုချန် ထသွားတော့မှ စောင်ဖယ်ကာ ရေချိုးခန်းထဲ အမြန်ပြေးတော့သည်ဒါပေမယ့် မျက်ဝန်းတစ်စုံက သုမကိုချစ်မြတ်နိုးစွာကြည့်နေတာကိုတော့ သတိမထားမိလိုက်ပင် "အရူးမ"သူသာမနိုးရင် တသက်လုံးအောင့်ထားတော့မှာလားခနကြာတော့ သူမအိမ်သာထဲက ပြန်ထွက်လာကာ အိပ်ရာပေါ် တက်လိုက်သည် မနက် ၅ နာရီပဲရှိသေးသည်သူအစောနိုးတာပဲတံခါးကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည် အိပ်ရာပေါ်လှဲနေရင်း ရန်ရုချန် အိပ်ထားတဲ့နေရာထိ ရွေ့သွားကာ သူ့ခေါင်းအုံးအနံ့ကို ရှုနေမိသည် တော်တော်ကြာ သူမပြန်နိုးတော့ သူမရန်ရုချန်ခေါင်းအုံးကို ဖက်အိပ်နေတာပင် အရမ်းကို တင်းတင်းကြပ်ကြပ်နဲ့အပြစ်ရှိသလို ခေါင်းအုံးကို လွှင့်ပစ်ကာ အခန်းထဲ တချက်ဝေ့ကြည့်လိုက်သည် အခန်းထဲ ဘယ်သူမှ မရှိတာသေချာတော့မှ သက်ပြင်းချလိုက်မိသည် နေ့လည်စာစားချိန်တောင် ရောက်နေတာကြောင့် သန့်ရှင်းရေးလုပ်ကာ အခန်းအပြင်ကိုထွက်လာခဲ့သည်"သတိထားဗီရိုကို မခိုက်မိစေနဲ့" သူမ အခန်းထဲကထွက်လာတော့ လူနှစ်ယောက် အဘွားအိပ်ရာကို အဘွားအခန်းထဲကနေသယ်ထုတ်နေတာမြင်လိုက်ရသည် အိမ်ထိန်းက သူတို့နောက်မှာရပ်ကာ ညွှန်ကြားနေသည် သူမအမြန်သွားကာ "အဘွားရဲ့အိပ်ရာကို ဘာလို့ယူနေတာလဲ"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now