Chapter 307

809 76 0
                                    

အခန်း ၃၀၇ Miss ဖန်ရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်

“ဟုတ်” ဖန်ကျားရင် ခေါင်းငြိမ့်ပြကာ ယဥ◌်ကျေးစွာဖြင့် “ဦးလေး လမ်းမှာ သတိထား ကားသေချာမောင်းနော်”

“ကောင်းပြီ” အတွင်းရေးမှုးလျို လက်ရမ်းပြကာ ရန်ရုချန် စီလှည့်ပြီး “ဥက္ကဌရန် နောက်တစ်ခါထပ်တွေ့တာပေါ့”

ရန်ရုချန် ပြုံးရုံသာ ပြုံးပြီး ဘာမှ ပြန်မဖြေ
အတွင်းရေးမှူးလျိုထွက်သွားတော့ ရန်ရုချန်နဲ့ဖန်ကျားရင်ပဲ အခန်းထဲကျန်တော့သည်။

တွေဝေမှုမရှိ သူထရပ်ကာ “သွားလိုက်ပါဦးမယ် Miss ဖန်”

ဖန်ကျားရင်ကို နှုတ်ဆက်ကာ ရှုရှု ဂျက်ကတ်ကို လှမ်းယူလိုက်သည်။

“အားချန် နင်ရှုရှုနဲ့တူတူနေပြီးနောက်ပိုင်း အများကြီးပြောင်းလဲသွားတာပဲနော်”

ရန်ရုချန်ဝတ်ထားတဲ့ အဝတ်အစားကိုမြင်တော့ ဖန်ကျားရင် မနေနိုင်ဘဲ ပြောလိုက်မိသည် သူမဘာကိုပြောချင်နေလဲ ရန်ရုချန်သိသည်။

ရန်ရုချန် ပြုံးကာ သူ့ပုံစံပြောင်းထားတဲ့အတွက် မျှော်လင့်ထားတာကို ကြားလိုက်ရသလို “ကိုယ်ချစ်တဲ့သူအတွက် ပြောင်းလဲတာ ပုံမှန်ပါပဲ”

သူနဲ့ ရှုရှု ဒီနေ့ဝတ်လာတဲ့ ဝတ်စုံတွေကို ပြောနေမှန်း သူသိသည်။

သူတို့တွဲတုန်းက သူမက ဆင်တူဝတ်စုံတွေ ဝယ်လာပေမယ့် သူ မဝတ်ခဲ့

အဲ့ဒီတုန်းက ယောကျာ်းနဲ့ မိန်းမ ဆင်တူဝတ်တာက ဘယ်လောက်ချစ်ကြောင်းပြသတယ်မထင်ဘဲ ကလေးဆန်ပြီး ရယ်စရာကောင်းတယ်ဟု ထင်တာပင်

ဒါမဲ့ အခုတော့ သူထို အရူးမနဲ့နေ့တိုင်းဆင်တူ ဝတ်စုံ ဝတ်ချင်မိသည်။လူတိုင်းကို သူမက ရန်ရုချန် အပိုင်ဆိုတာကိုသိစေချင်သည်။ ထိုမှသာ သူမကို စိတ်ကူးယဥ◌်နေတာကို ရပ်ပြီးနောက်ဆုတ်သွားကြမှာပင်

ဖန်ကျားရင်နဲ့တူတူရှိတုန်းက သူမအပေါ် အဲ့လိုစိတ်ကူးမျိုးတစ်ခါမှ မရှိခဲ့ မမေ့နိုင်တဲ့ည သူမက သူ့ကိုချစ်ကြောင်း ဝန်ခံခဲ့တဲ့ညက လွဲလို့

ဝမ်ရှုရှုနဲ့ တူတူရှိနေတာနဲ့ လုံးဝကွာခြားသည် သူမကို တချိန်လုံးသူ့ရင်ခွင်ထဲ ပွေ့ဖက်ကာ နမ်းရှိုက်နေချင်သည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now