Hello ယောရောဘွန်း
တတိယ အရေးကြီးဆုံးဇာတ်ဆောင်ဆို ကျွန်တော် ထင်တာတော့ စုယွဲ့ပဲ ဖြစ်လိမ့်မယ် သူမက ရန်ရုချန်ရဲ့ ပထမဦးလေး နောက်မယားငယ်နဲ့ ရတဲ့ တရားမဝင်သမီးပေါ့ စိတ်ဒဏ်ရာလည်းများသလိုအခု ရန်ရုချန်ရဲ့ ရည်းစားဟောင်း ဖန်ကျားရင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ရေနွေးပူနဲ့ပက်တဲ့ သတ္တိခဲလေးပေါ့ သူက မဖြစ်ရင်လည်းမဖြစ်ဘူး ဖြစ်ရင်လည်းတဖက်က ဆေးရုံရောက်တာကြည့်ပဲ spoil ရရင် သူက မင်အားရှန်ကောင်မလေးပါ စာထဲဖော်ပြချက်အရတော့ ဘာဘီရုပ်လေးလို လှတယ်တဲ့
Mochi လက်ရှိ ဒီစာစဉ်ကို ဘာသာပြန်ပြီး သလောက်လေး spoil ချင်လို့ပါ hee hee တကယ်လို့ spoil တာ မကြိုက်တဲ့သူဆို ကျော်သွားလိုက်ပါနော်အရင်ဆုံး Main ဇာတ်ကောင်တွေအရင် မိတ်ဆက်ရရင်
ရန်ရုချန်နဲ့ ဝမ်ရှုရှုပေါ့ ဒါတော့ အားလုံး သိပြီးသားဖြစ်မှာပါ
ရန်ရုချန်ပုံစံက main lead ဆိုတော့ ပုံမှန်လိုပဲ အများရှေ့မှာ မာနကြီးပြီး အေးစက်ပေမယ့် သူ့မိန်းမ ကိုတော့ တုန်နေအောင် ကြောက်သလို ချစ်လိုက်တာမှလည်း စမြင်ကပ်စရာကောင်းတဲ့ထိ ခုရေးပြီးတဲ့ထိ သူပြောသမျှထဲမှာ မှတ်မှတ်ရရ 'တောင်းပန်တယ်ဆိုတဲ့ စကားက ငါ့မိန်းမ အတွက်ပဲသုံးတာ' ဆိုတဲ့ စကားလေးကို သဘောအကျဆုံးပဲ
ဝမ်ရှုရှုကျတော့လည်း ကျွန်တော်ပဲမမြင်တတ်လို့လား မသိဘူး ဘေးလူတွေပြောသလောက်ဆို သူက တအားတော်ပြီး မာနကြီးတဲ့ မိန်းကလေးပေါ့ ဒါမဲ့ ကျွန်တော်ကတော့ သဘောမကျဘူးရယ် တစ်ခုခုဆို မျိုသိပ်ထားတာမျိုးက ကျွန်တော့်ပုံစံ မဟုတ်လို့လည်းပါမှာပါ
တတိယ အရေးကြီးဆုံးဇာတ်ဆောင်ဆို ကျွန်တော် ထင်တာတော့ စုယွဲ့ပဲ ဖြစ်လိမ့်မယ် သူမက ရန်ရုချန်ရဲ့ ပထမဦးလေး နောက်မယားငယ်နဲ့ ရတဲ့ တရားမဝင်သမီးပေါ့ စိတ်ဒဏ်ရာလည်းများသလိုအခု ရန်ရုချန်ရဲ့ ရည်းစားဟောင်း ဖန်ကျားရင်က်ို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ရေနွေးပူနဲ့ပက်တဲ့ သတ္တိခဲလေးပေါ့ သူက မဖြစ်ရင်လည်းမဖြစ်ဘူး ဖြစ်ရင်လည်းတဖက်က ဆေးရုံရောက်တာကြည့်ပဲ spoil ရရင် သူက မင်အားရှန်ကောင်မလေးပါ စာထဲဖော်ပြချက်အရတော့ ဘာဘီရုပ်လေးလို လှတယ်တဲ့
ရန်ရုချန် သူငယ်ချင်း လုရီနန်ကို သိကြတယ်ဟုတ်? သူကလည်း ကျိုးရှင်းနဲ့ အတွဲဖြစ်မှာပါ မူးပြီးအိပ်မိတဲ့ ဇာတ်လမ်းပေါ့
ကျွန်တော်က အစအဆုံး မဖတ်ထားလို့ သေချာမသိပေမယ့် နောက်ဆုံး ဇာတ်သိမ်းထိ ဇာတ်ကို ဆွဲဆန့်မယ့်သူက စုယွဲ့ရဲ့ သူငယ်ချင်း ပိုင်ကျင်း ဆိုတဲ့ ကောင်မလေးပါ သူက ရန်ရုချန်ကို ကြိုက်တာ အဲ့ကနေ ဇာတ်လမ်းက ထပ်ဆွဲဆန့်ကြတာပေါ့လေ ဖန်ကျားရင်ကအပိုင်း ၈၀၀ မတိုင်ခင်လောက်ဆို ပြီးမှာပါ အခု လက်ရှိပြန်နေသလောက် လာ spoil တာ hee hee
ဒီစာစဉ်က အပိုင်းအားလုံးပေါင်း ၁၉၈၈ ပိုင်းရှိပြီး ကျွန်တော်လက်ရှိ ဘာသာပြန်ပြီးတာ အပိုင်း 1130 ပါ ❤️
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Storie d'amoreတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...