Chapter 312

818 74 2
                                    

အခန်း ၃၁၂

“အို တကယ်ပဲ သူက ငါတို့ကျောင်းကို ဂျုံခေါက်ဆွဲစားဖို့လာတာပဲ တကယ်ကြီးချောတာပဲ”

သူတို့ကို ကြည့်ရင်း လူတိုင်းစိတ်လှုပ်ရှားစွာ ပြောနေကြတော့သည် ရန်ရုချန်နဲ့ ဝမ်ရှုရှုက သူတို့ကို မသိချင်ယောင်ဆောင်ထားကြသည် ဒီလို အာရုံစိုက်ခံရတာကို ကျင့်သားရနေပြီ ဖြစ်တာကြောင့် သိပ်စိတ်ပူမနေတော့

၁၃ ၁၄ နှစ်အရွယ်ကလေးတွေက ဒီလိုပဲလေ
အမဲသား ဂျုံခေါက်ဆွဲ လာချတော့ အနံ့က စားချင်စဖွယ်အတိ ရှုရှုစားဖို့မစောင့်နိုင်တော့ဘဲ တူဖြင့် အမဲသားဖတ်တစ်ဖတ်ကို ညှပ်ကာ ပါးစပ်ထဲထည့်ရင်း စိတ်ကျေနပ်စွာ ဝါးနေတော့သည်။

‘သူမ ကအရမ်းဆွဲဆောင်မှု ရှိတာပဲ’

သခင်လေးရန် သူမကိုကြည့်ကာ “ဘယ်လိုတောင်ငတ်နေတာလဲ”

ထိုသို့ပြောကာ
ပန်းကန်ထဲက အကြီးဆုံး အမဲသားဖတ်ကို တူဖြင့်ယူကာ သူ့ပါးစပ်ထဲကောက်ထည့်လိုက်သည်။

ရှုရှု သူ့ကိုစိုက်ကြည့်ကာ “ဟေ့ ရန်ရုချန် နင်မစားဘူးဆို”

“ဟုတ်ပြီလေ ပြန်ပေးမယ် အာ့ဆိုလည်း” သူ့ပါးစပ်ထဲက အမဲသားဖတ်ကို နည်းနည်းလေးယူကာ ရှုရှုကို မကောင်းဆိုးဝါးဆန်ဆန်ပြုံးကာ ပြန်ပေးလိုက်သည်။

ရှုရှုကြောင်သွားကာ သူမအမဲသားကိုစားရုံတင်မကဘူး သူမ ဂျုံခေါက်ဆွဲကိုလည်းဖျက်စီးသေးတယ်
သူတို့ စားရင်း တချိန်တည်းမှာပဲ ရန်ဖြစ်နေကြသည်။

အချိန်တွေကို နောက်ပြန်သွားနေသလိုပင် ချစ်ဖို့ကောင်းတဲ့နှစ်တွေ……..
သူတို့နားက သူတွေက မနာလို အားကျစွာ ကြည့်နေကြသည်။

………..

ရှုရှု ထင်ထားသလိုပဲ မြို့တော် Y နဲ့ စာချုပ်ပျက်သွားတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဘုတ်ဒါရိုက်တာတွေက အစည်းအဝေးခေါ်တော့သည်။

အစည်းအဝေးမှာ ရန်ရုချန်မုန်းတဲ့ ထိုလူအိုကြီးတွေက အကြောင်းအရင်းကိုချက်ချင်းမေးကြတော့သည်။ ဆွေးနွေးတာ အဆင်ပြေနေခဲ့တာကို ဘာလို့ စာချုပ်လက်မှတ်ထိုးတဲ့အခါမှ ပျက်သွားရတာလဲလို့

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now