အခန်း ၃၄၅ ဖြစ်နေကျရောဂါ
သူ့အသံက ရှုရှု့ကို လန့်သွားစေသည်။
သူမရင်ဘတ်ကိုဖိကာ သူမကို အုပ်မိုးထားတဲ့ ထိုလူကို ဒေါသတကြီးစိုက်ကြည့်ပြီး "လာတာဘာလို့ အသံမပေးတာလဲ လန့်သွားတာပဲ"
ရန်ရုချန် ခါးမတ်ကာ စားပွဲထောင့်မှာ ထိုင်လိုက်ပြီး သူ့လက်ကို ဘောင်းဘီ အိတ်ကပ်ထဲထည့်ကာ "ရှက်စရာ ကိစ္စတစ်ခုခု စဥ◌်းစားနေပြီး ငါသိမှာကြောက်နေတာလား" အေးစက်စက် အမူအရာဖြင့်မေးလိုက်သည်။
သူမနောက်မှာ အချိန်အကြာကြီး ရပ်နေတာ ဝမ်ရှုရှုက အများအားဖြင့် ဂရုတစိုက်ရှိတတ်တဲ့သူ သူမ နဲ့မတူလိုက်တာ "ငါဘာစဥ◌်းစားနေတယ် ထင်လို့လဲ" ရှုရှု သူမခုံကို ရန်ရုချန်နဲ့ မျက်နှာချင်းဆိုင်ကို လှည့်ကာ မျက်နှာကိုမော့ပြီး သူ့ကိုတည်ငြိမ်စွာကြည့်လိုက်သည်။
သူမ မျက်နှာကို မြင်တော့ အမျိုးကောင်းသားလေးရဲ့ မျက်နှာမှာ စိုးရိမ်မှုတွေနဲ့ "ဘာလို့ အရမ်းဖြူဖျော့နေတာလဲ"
ရှုရှု့ မျက်နှာကိုထိဖို့ လက်လှမ်းလိုက်သည်။
သူ့လက်ကို ရှုရှု လှမ်းကိုင်လိုက်ကာ "ဘာမှ မဟုတ်ပါဘူး မကြာခင်ကောင်းသွားမှာ"
သူမလက်က သူ့လက်ကို ကိုင်ထားတော့ ရန်ရုချန် ခံစားလိုက်ရတာက ရှုရှု့လက်တွေက အရမ်းကိုအေးစက်နေတယ်ဆိုတာပဲ သူမ လက်ကို အမြန်တင်းကြပ်စွာကိုင်ကာ "ဘာလို့ မင်းလက်က အရမ်းအေးနေတာလဲ နေမကောင်းဘူးလား ဆေးခန်းသွားပြမယ်"
ရှုရှု့ကို သူ့နားကို ဆွဲလိုက်သည်။
ရှုရှု ခေါင်းခါကာ "အဆင်ပြေပါတယ် ဖြစ်နေကျပါပဲ စိတ်မပူနဲ့"
သူမလက်ကို ရုတ်ကာ "ငါအရင်သွားနှင့်တော့မယ်"
"ဘာဖြစ်နေကျရောဂါလဲ" ရန်ရုချန် သူမ တံတောင်ဆစ်ကို ဆွဲကာ "ဘာလို့ ငါဘာမှ မသိရတာလဲ"
'သူမ ဒီနှစ်တွေ နေမကောင်းဘူးလား'
မဖြစ်နိုင်ဘူး သူမမျက်နှာက အရမ်းကို ဖြူဖျော့နေပြီးတော့ လက်တွေကလည်း အေးစက်နေတာပဲဘာလို့ သူဘာမှ သတိမပြုမိခဲ့ရတာလဲ
ရှုရှု ရုန်းကာ "မိန်းကလေးတွေရဲ့ဖြစ်နေကျ ရောဂါပါပဲ သက်သေပြစရာလိုသေးလို့လား"
လေထဲမှာတိတ်ဆိတ်သွားကာ ရန်ရုချန် နောက်ဆုံးဘာဖြစ်လဲနားလည်သွားပြီး စိတ်ပျက်သွားတော့သည်။
"အလုပ်ပြန်သွားတော့မယ်"ရှုရှုခေါင်းငုံ့ကာ သူမအသံက အထီးကျန်နေသလို
ရန်ရုချန် သူမလက်ကိုမလွှတ်ဘဲ သူမကို တင်းတင်းဖက်လိုက်ကာ "နာသေးလား ငါ နှိပ်ပေးမယ်လေ"
သူ့လက်တွေက သူမဗိုက်ဆီရောက်သွားကာ သူ့လက်ဖဝါးတွေနဲ့ ငြင်ငြင်သာသာလေး နှိပ်ပေးလို့နေသည်။ သူ့လက်ကအနွေးဓာတ်တွေက ရှုရှု အဝတ်အစားတွေကို ပါဖြတ်ပြီး ဗိုက်အောင့်တာကို သက်သာသွားသလိုပင်
သူ့လုပ်ချင်သလို လုပ်ခွင့်ပြုလိုက်တော့သည် သူ့လက်တွေက သူမဗိုက်ကို နှိပ်ပေးနေတော့သည်
အချိန်.......ဖြစ်နိုင်ရင် ဒီအချိန်လေးကို ရပ်ထားလိုက်ချင်သည်။
ဒါမဲ့ အချိန်တွေက ဆက်သွားနေပြီးတော့ နေ့လည်ခင်းက ကုန်တော့မည်....
"အလုပ်ပြန်သွားပြီး စောစောပြန်ရမယ် အဘိုးကသူဖမ်းထားတဲ့ ဂဏန်းနဲ့ ငါ့အတွက်စွတ်ပြုတ်လုပ်ထားတယ်ပြောတယ်
"ငါ့ကို တူတူခေါ်မသွားချင်ဘူးလား" ရန်ရုချန် သူမခါးကို လွှတ်ပေးလိုက်ပြီးသူမလက်ကို ဆုတ်ကိုင်လိုက်သည် သူမလက်တွေက အေးစက်နေဆဲ "မင်းနေရတာ အဆင်မပြေရင် အခန်းထဲမှာ သွားနားနေပါ"
ရှုရှု သူ့လက်တွေကို ငြင်သာစွာဖယ်ကာ ခေါင်းခါလိုက်သည် "အဆင်ပြေပါတယ် ငါ့ကျန်းမာရေးကို ငါသိပါတယ်"
"မင်းအဘိုးစီ သွားလည်တာ ဘာလို့ ငါ့ကိုပါမခေါ်တာလဲ" ရန်ရုချန် စိတ်ဆိုးသလို ဟန်ဆောင်လိုက်သည်။
ရှုရှု ပြုံးကာ "နင်လိုက်ချင်ရင်ပေါ့"
ဒီအမျိုးကောင်းသားလေးက လုံးဝ မသွားချင်ဘူး
ရန်ရုချန် မျက်နှာမဲ့သွားကာ ".....ညကျ လာကြိုမယ်"
သေချာပေါက် သူမသွားချင်ဘူး နောက်ဆုံးတခေါက် ရှုရှု့အဘိုးစီသွားတုန်းက အဘိုးအိုစီက အေးစက်ပြီး ရန်လိုတာ ခံခဲ့ရတယ်လေ
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...