အခန်း ၃၇၁
ရန်ရုချန် အများကြီး မစဥ◌်းစားဘဲ ချန်ယုရှီအပေါ် သူ့အမြင်အရ "ပုံရိပ်ကောင်းမရှိလို့"
ရှုရှုက "ဥက္ကဌ VIP စာရင်းက လွန်ခဲ့တဲ့ ၂လကတည်းက အတည်ပြုပြီးသားပါ ရှင်လည်း သဘောတူပြီး လက်မှတ်ထိုးခဲ့ပြီးသား"
ရန်ရုချန် မျက်မှောင်ကြုတ်ကာ အသံမြင့်လိုက်သည် "အခု ငါပြန်ပြောင်းချင်တယ်"
ရှုရှု ကိုယ်လေးအနည်းငယ်တုန်ယင်နေကာ သူမကိုယ်သူမပြန်ထိန်းလိုက်ပြီး ရန်ရုချန်ကို တည်ငြိမ်စွာခေါင်းငြိမ့်ပြကာ 'အိုခေ' ဟုပြန်ပြောလိုက်သည်။
ထိုနောက် ရုတ်တရက်ထရပ်ကာ အစည်းအဝေးခန်းထဲကို ကြည့်ပြီး ထပ်ပြောလိုက်သည်။ "အားလုံးပဲ ကျွန်မမှာကိစ္စလေးတချို့ရှိလို့ အခုသွားမှ ရမှာမို့လို့ပါ ဥက္ကဌရန်ရဲ့ VIP ပြောင်းဖို့တောင်းဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီး ကျွန်မ PR ဌာနကို ဆောင်ရွက်ခိုင်းလိုက်ပါ့မယ်"
ရန်ရုချန်ရဲ့ အမူအရာကို မကြည့်တော့ဘဲ သူမ ပစ္စည်းတွေ ယူကာ ထွက်သွားတော့သည်။
ရန်ရုချန် သူမရဲ့နောက်ကျောကို ကြည့်ကာ ဘောပင်ကို ဒေါသတကြီး ဆုတ်ကိုင်လိုက်သည်။
သူ့ ကြည့်ကောင်းတဲ့မျက်နှာမှာ ဒေါသတွေနဲ့
အစည်းအဝေးခန်းထဲကလေထုက တင်းကြပ်လို့ လူတိုင်း သူတို့နှလုံးသားတွေ လည်ချောင်းကနေ ခုန်ထွက်တော့မလိုပင်
ဘာလို့ ရုတ်တရက် ချန်ယုရှီကို အစားထိုးဖို့ ဆုံးဖြတ်လဲ သိချင်နေကြတာပင်
ဒါမဲ့ ဝမ်ရှုရှုနဲ့ရန်ဖြစ်တာကိုတွေ့ပြီးတော့ လူတိုင်း သဘောပေါက်သွားကြသည် ပြဇာတ်ရုံမှာ ဖြစ်တဲ့ မတော်တဆမှာ ဖန်ကျားရင်ရဲ့နောက်ခံက သူတို့သူဌေးလေ
ချန်ယုရှီကို အစားထိုးဖို့ပြောတာ သူတို့သာ သူဌေးကတော်နေရာမှာဆိုဒေါသထွက်မှာပဲလေ
တကယ်ပဲ ဒါကတော့ လွန်လွန်းတယ်
"အစည်းအဝေး ရွှေ့ဆိုင်းတယ်"
ရန်ရုချန်ကော်လံကိုဒေါသတကြီးဆန့်ကာ ရုတ်တရက်ထရပ်ပြီး ထွက်သွားတော့သည်။
လူတိုင်းတုန်သွားပြီးတော့ အစည်းအဝေးခန်းထဲကထွက်သွားတဲ့ သူ့ကို ကြည့်နေခဲ့ကြသည်။
ရန်ရုချန် ရုံးခန်းကိုပြန်ရောက်တော့ ဝမ်ရှုရှုက ထွက်သွားနှင့်ပြီ
သူ့မခုံက ရှင်းလင်းလို့
"အစည်းအဝေးပြီးရင် ပြန်ထွက်ရမှာ မနက်ပိုင်း တာဝန်တွေကို နေ့လည်ခင်းကိုရွှေ့ပေးပါ"
ရှုရှု့စားပွဲကိုရောက်တော့ ခုနက သူမဖုန်းပြောတုန်းက ပြောတာကို ပြန်သတိရလိုက်သည်။
..........
မနက်က မတော်တဆကိုဖြေရှင်းပြီးတော့ ရဲဌာနက ထွက်လာတော့ နေ့ခင်းတောင်ဖြစ်နေပြီ
BMW ပိုင်ရှင်အမှားဆိုတာတော့ သံသဃဖြစ်စရာမလိုပေ
စုံစမ်းမှု အရ တမင်ရှုရှုကားကို ဝင်တိုက်ခဲ့တာပင်
ပြီးတော့ ရှုရှုက F and P ရဲ့ သူဌေးကတော်လေ ဘယ်သူက ဒီလိုကိစ္စကြောင့် တာဝန်ယူခိုင်းရဲမှာလဲ
သူမ ကားကို ပြင်ဆိုင်ကို ပို့ခဲ့ပြီး ကားငှားဖို့ လမ်းမပေါ်တက်လာခဲ့သည်။
အေးစိမ့်စိမ့်လေပြင်းအောက်မှာရပ်ကာ ဂျာကင်ကို တင်းတင်းဝတ်ရင်း သူမမျက်နှာလေးကလည်း နီရဲလို့
ရုတ်တရက် သူမအိတ်ကပ်ထဲက ဖုန်းမြည်လာတော့သည်။
သူမ ကြည့်လိုက်တော့ ချာလီပင်
ဘာလို့ သူက သူမကိုခေါ်တာလဲ အလုပ်ကိစ္စနဲ့ပက်သက်လို့လား
ရှုရှု ဖုန်းကိုင်လိုက်သည် "ဟဲလို Mr.ချာလီ"
"အို မြို့တော်ကိုရောက်နေတာလား"
"ကျွန်မအတွက် ဝမ်းသာစရာပေါ့ရှင်"
"ကောင်းပြီ"
သူမချာလီနဲ့ဖုန်းပြောနေရင်း ကားငှားနေသည်။
ဖုန်းချပြီးတော့ ကားသမားကို " world trade center ကိုမောင်းပေးပါ"
.....
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...