Chapter 269

1.2K 118 2
                                    

အခန်း ၂၆၉ သူမရဲ့အေးစက်နေတဲ့ နှလုံးသားကို အရည်ပျော်အောင် မလုပ်နိုင်ဘူး

သူမ ရေချိုးကန်ထဲကို နစ်မြုပ်လိုက်တော့သည်

ရေတွေဘယ်လောက်နွေးနေနေ အဲ့ဒါက သူမရဲ့အေးစက်နေတဲ့ နှလုံးသားကို အရည်ပျော်အောင်မလုပ်နိုင်တော့

'ရန်ရုချန် ငါတို့အပြစ်တူတူခံကြရအောင်'

.....

နောက်နေ့ကျတော့ ရှုရှု သူမရဲ့ကိုယ်ပိုင်အိပ်ခန်းကို ပြန်ရွှေ့လာခဲ့သည် ပြီးတော့ ရန်ရုချန်ကလည်း သူမအခန်းထဲ ခြေတလှမ်းတောင်မဝင်ခဲ့

အစားစားချိန်ကလွဲလို့ သူတို့ကြား စကားပြောတာလည်းမရှိသလို ဖြတ်သွားဖြတ်လာလည်း မသိသလိုပင်

သူမ သူမရဲ့ နဂို အခြေအနေအတိုင်း ပြန်ရောက်သွားကာ အလုပ်သွား အိမ်ပြန် အလုပ်သွား ပြီးတော့ သူမရဲ့အတွင်းရေးမှုးတာဝန်တွေကို ဆက်လက်လုပ်ဆောင်လို့နေသည်

သူတို့အလုပ်တူတူသွားကာ တူတူနေ့တိုင်း ပြန်လာကြသည် ဘယ်သူကမှ သူတို့ကြားတစ်ခုခုမှားနေမှန်း သံသယမဝင်ခဲ့ကြ

ရှုရှုရဲ့ တစ်ဉီးတည်းသော သူငယ်ချင်း ကျိုးရှင်းတောင် ဘာမှမသိခဲ့ပေ

တနင်္ဂနွေ့နေ့ နေ့လည်တစ်ခုမှာ အစည်းအဝေးအတွက်လိုအပ်တာတွေ ရှုရှု ပြင်ဆင်နေခဲ့သည် ရုတ်တရက် ကျိုးရှင်းစီကနေ ကြယ်လေးများမိဘမဲ့ဂေဟာက ဒုက္ခရောက်နေပြီးဟု အရေးတကြီး ဖုန်းဆက်လာသည်

သူမအမြန်ဖုန်းချကာ ကားခေါ်ပြီး အလုပ်တဝက်တပျက်ထားခဲ့လိုက်သည်

ကျိုးရှင်းကားက မိဘမဲ့ဂေဟာအပြင်ဘက်မှာ ရပ်ထားကာ အမြန်ပြေးသွားတော့ အစောင့်က သူမကိုမြင်တော့ ချက်ချင်း တံခါးဖွင့်ပေးလိုက်သည်

ခြံဝင်းထဲမှာ လူအများကြီး ရပ်နေကာ ဂေဟာမှုးနဲ့ကျိုးရှင်းလည်း အပါအဝင်ပေ တခြားသူတွေကို သူမ မသိပေ

အမဲရောင် ဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဂေဟာမှုးနဲ့မျက်နှာချင်းဆိုင်ကာ ရပ်နေသည်

ဂေဟာမှုးရဲ့ မျက်နှာမှာလည်း စိုးရိမ်မှုတွေနဲ့

ရှုရှုသူတို့စီလျှောက်သွားတော့ သူတို့ပြောနေတာကြားလိုက်ရသည်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now