အခန်း ၅၁ သေချာပေါက် လာဘ်ထိုးတာ
ဝမ်ရှုရှု သက်ပြင်းချပြီး ပြတင်းပေါက်မှန် ချတုန်းရှိသေး
ခရိုင်မှုးလျို ပေါ်လာပြီး "အတွင်းရေးမှူး ဝမ် ငါသူ့ဖုန်းနံပါတ်လည်းမသိသလို နာမည်လည်း မသိတာကြောင့် မင်းကပဲ ကိုယ်စားပေးပေးပါ" ဟုပြောပြီး သခွားသီးတွေ အတင်းထည့်ပေးလိုက်တယ်ပြီးတော့ ကားဆရာကို လှမ်းပြီး "ကားသေချာမောင်း" လို့ လှမ်းပြောလိုက်သည်
ကားဆရာက လီဗာ နင်းလိုက်ပြီး ထွက်သွားလိုက်သည်
ခရိုင်မှုးလျို ကားကိုလက်ပြရင်း သူ့မျက်နှာမှာ ကျေနပ်နေတဲ့ အပြုံးကို ဆင်ထားတယ်
ငါ့ကို ပထုတ်နိုင်မယ်ထင်နေတာလား
ဟွန့်
ဥက္ကဌရန်က လှေငှားဖို့ အုန်းတောထဲက အလုပ်သမားတွေကို အုန်းသီးခူးပေးပါ့မလား
အဖျားလေးရှိတာနဲ့ တလမ်းလုံး ကျောပိုးပြီး သယ်လာမလား
ငါ့ကို ဖုံးကွယ်ထားနိုင်မယ် ထင်နေတာလား
.....
ဝမ်ရှုရှု သခွားသီး သတ္တာကို ကြည့်ပြီး ပါးစပ်က မဆဲမိအောင် နေနေရတယ်
"ဝမ်ရှုရှု အဲ့ဒီ အဘိုးကြီး ဘာပေးတာလဲ" ရန်ရုချန် သိချင်ဇောနဲ့ နောက်လှည့်ပြီး မေးလိုက်တယ်
သူဝမ်ရှုရှုနဲ့ ခရိုင်မှုးလျို စကားပြောနေရင်း တယောက်တလှည့်စီ တွန်းပို့နေတာ မြင်နေရတာ သူတို့ဘာတွေပြောနေသလဲ သူသိချင်လာတယ်
"ပင်လယ်သခွားသီး" ဝမ်ရှုရှု မျက်လုံးထဲ အရောင်တစ်ချက်လက်သွားပြီး ရန်ရုချန်စီ ပေးကာ"ဥက္ကဌရန် ခရိုင်မှုးလျို ပြောတာ ဒီဖြည့်စွက်စာက ရှင့်အတွက်"
ဒီသခွားသီးက သူ့ကောင်မလေးအတွက်ပဲလေ အဲ့ဒါကြောင့်သူ့ကိုပေးတာလည်း ဘာမှမကွာပါဘူး
ဘာပဲ ဖြစ်ဖြစ် သူမဒါတွေ မယူချင်ဘူးရနါရုချန် ဝမ်ရှုရှုညာနေတာ မြင်ပြီး "ငါလိမ်တာ မုန်းတာ မင်းသိပါတယ်" လို့အေးစက်စက် ပြန်ပြောလိုက်တယ်
နာမည်နဲ့ နံပါတ်တွေ အကြောင်းပြောနေတာကြားလိုက်ရတာ ဒါက သေချာပေါက် သူ့အတွက်မဟုတ်ဘူး
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
عاطفيةတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...