387+388+389+390

692 57 0
                                    

အခန်း ၃၈၇ မိန်းမပျိုလေးကို စိတ်သောကရောက်နေတဲ့ရန်ကနေ ကယ်တင်ဖို့အခွင့်ကောင်းကို လွဲသွားပြီ
ဒါမဲ့သူတို့ထွက်မသွားနိုင်သေး
"တတိယ မဒမ်ရန် တစ်ခုခုပြောပါဦး"
"ထွက်သွား" အခုတင်ပြောလိုက်တဲ့ သတင်းထောက်ကို ဒေါသတကြီးကြည့်ကာ ခြမ်းခြောက်သလိုပြောလိုက်သည်။ "ကျွန်မက ပုံရိပ်တွေ ဂုဏ်သိက္ခ္ခတွေကို ထိန်းသိမ်းနေရတဲ့ နာမည်ကြီး မဟုတ်ဘူး ရှင်တို့ ကျွန်မလမ်းကိုဆက်ပိတ်နေရင် ကျွန်မအဆိုးမဆိုးနဲ့"
သူမ လက်နှစ်ဖက်ကို ဆန့်ကာ သူမရှေ့က လူနှစ်ယောက်ကို တွန်းဖယ်လိုက်ပြီး သတင်းထောက်တွေကြားထဲကနေ သူမသွားဖိုလမ်းလုပ်လိုက်သည်။
သူမ သတိပေးစကားက သတင်းထောက်တွေကို တုံဆိုင်းသွားစေပြီး သူမလမ်းကို ဆက်မကာရဲတော့
သူမက နာမည်ကြီး မဟုတ်ဘူး အဲ့ဒါကြောင့် သူမ ပုံရိပ်ကို ဂရုစိုက်နေစရာလည်းမလိုသလို သူမဖန်တွေက သူမကို ကာကွယ်ပေးနေစရာလည်းမလိုဘူး လုံခြုံရေးခေါ်ပြီး သူတို့ကိုရိုက်ရင်တောင် သူမကဇီဇာကြောင်တယ်လို့ ဘယ်သူမှ စွပ်စွဲရဲမှာ မဟုတ်ဘူး ဖန်တွေဆုံးရှုံးမှာလည်းကြောက်နေစရာမလိုဘူး
ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားနဲ့ကြံခိုင့်တဲ့ ပုံရိပ်သေးသေးလေးကို ရန်ရုချန် ကြည့်လို့နေသည်။
သူမအကြည့်တွေသာ သူ့အပေါ် ၁ စက္ကန့်လောက်ပိုရှိခဲ့ရင် သူချက်ချင်းသူမကို ထွက်ကယ်ခဲ့မှာပဲ
'ဒါမဲ့ သူမမလုပ်ခဲ့ဘူး'
သူတို့ကို သူမမဖြုံသလိုပင်
.............
ရှုရှု ညစာစားပြီးတော့ သူမအခန်းထဲ မသွားဘဲ ဧည့်ခန်းထဲမှာပဲနေခဲ့သည်။ သစ်သီးတပန်းကန်ကိုင်ကာ ဆိုဖာပေါ်ထိုင်ပြီး တီဗီကြည့်နေခဲ့သည်။
ဒီနေ့ သူမအိမ်ပြန်လာတာစောတာကြောင့် သူမဇာတ်ကားလာမယ့်အချိန်မရောက်သေး
"ခုတလော F and P ရဲ့ ဥက္ကဌ သခင်လေးရန် မရေမတွက်နိုင်တဲ့ကောလဟာလတွေထွက်လို့နေပါတယ် လူတိုင်း ဇာတ်လမ်းတစ်ပုဒ်ကြည့်နေရသလိုပါပဲ သူဒီကောလဟာလတွေ ထွက်ပေါ်မလာခင် တခြားပြသာနာတစ်ခုလည်းရှိခဲ့ပါသေးတယ် ဒီနေ့ တတိယမဒမ်ရန် ချာလီနဲ့ ဟိုတယ်တစ်ခုကို တူတူဝင်သွားတယ်လို့ ဓာတ်ပုံရထားပါတယ် သူက မြို့တော် Y က မင်းသမီးလုဖေးရဲ့သားအငယ်ဆုံးဖြစ်ပြီးတော့ သူတို့ လူကြားထဲမှာ ရင်းရင်းနှီးနှီးပြုမူနေကြတာပါ တချိန်တည်းမှာပဲ တတိယသခင်လေးရဲ့ရည်းစားဟောင်းကလည်း မေ့ထားလို့မရပါဘူး အဲ့ဒီသူကတော့ မြို့တော် ကဇာတ်ရုံရှေ့မှာ ကားအက်စီးဒန့်ဖြစ်ခဲ့တဲ့ ဖန်ကျားရင် ပါပဲ ပြီးတော့ တတိယသခင်လေးက သူမကို ကာကွယ်ပေးခဲ့တဲ့ပုံပါပဲ ဒီမနက်အစစောတုန်းက သူမအဆောက်အဦးအပြင်ဘက်မှာ သူမကို သတင်းထောက်တွေ အများကြီးစောင့်နေခဲ့ကြပါတယ်"
ဖန်သားပြင်က ချက်ချင်း ဖန်ကျားရင် သူမအဆောက်အဦးအပြင်ဘက်ကို သတင်းထောက်တွေ ဝန်းရံခံရပြီးထွက်လာတာကိုတွေ့လိုက်ရသည်။
သူမက အဖြူရောင် ကုတ်အကျီကို ဝတ်ဆင်ထားပြီး သူမရဲ့ဆံပင်ရှည်တွေကလည်းပြေလျော့လို့
သူမရဲ့လှပတဲ့မျက်နှာကလည်း ကင်မရာတွေ အသံဖမ်းစက်တွေမြင်တော့ အံဩထိတ်လန့်နေပုံပင်
ဒေါက်မြင့်စီထားပြီးတော့ ရလဒ်ကတော့ တုန်ယင်လို့နေသည်။ဒီလိုအခြေအနေကိုမျှော်လင့်ထားပုံမရ
"Miss ဖန် Mr.ချာလီနဲ့ တတိယမဒမ်ရန် ကိစ္စနဲံ့ပက်သက်ပြီး တစ်ခုခုများပြောစရာရှိလား"
"မယားငယ်လို့ခေါင်းစဥ◌်တပ်ခံနေရတာ နစ်နာတယ်လို့ခံစားနေရပါသလား"
" Miss ဖန် ပြန်လာတာက တတိယသခင်လေးနဲ့ ပြန်ပေါင်းထုတ်ချင်လို့ပါလား"
......................
သတင်းထောက်တွေက သူမကို မေးခွန်းတွေနဲ့တောက်လျှောက်ထိုးနှက်လို့နေသည်။ ညနေက ရှုရှုကြုံခဲ့ရသလိုပင်
ဖန်ကျားရင် သူမအဆောက်အဦးဝင်ပေါက်ကို ပြန်ဆုတ်လို့နေသည်။
သူမမျက်နှာကကင်မရာမီးတွေကြောင့် ထိတ်လန့်ကာဖြူဖျော့လို့နေသည်။
ရှုရှုဆိုဖာပေါ်မှီကာ တီဗီကိုကြည့်ရင်း ခါးသီးစွာပြုံးလျက်
'ရန်ရုချန် မိန်းမပျိုလေးကို စိတ်သောကရောက်နေတာကနေကယ်ဖို့အခွင့်အရေးကိုလွဲချော်သွားတာပဲ"
"အရာအားလုံးက မှန်မှမမှန်တာ ကျွန်မကဘာကို ဂရုစိုက်နေရမှာလဲ"
ဖန်ကျားရင် တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည် သူမအသံက စိတ်ပျက်နေတဲ့ပုံဆိုပေမယ့် အသံကပျော့ပျောင်းနေပြီး ထိတ်လန့်နေပုံမရ
သူမ သတင်းထောက်တွေကိုတွန်းထုတ်ကာ "သွားပါတော့ရှင်"
သူမ အဲ့လိုမလုပ်ချင်ပေမယ့် ရှေ့ဆက်သွားဖို့ဆုံးဖြတ်လိုက်သည် ခေါင်းငုံ့ကာ သူမဆံပင်နဲ့ သူမမျက်နှာကိုကာထားသည်။
ဒါမဲ့ ရှုရှုတောင် သူမပုံစံက အားနာနေတယ်လို့မထင်
"သူတို့အိမ်ထောင်ရေးက အဆင်မပြေတဲ့ပုံပဲ အဲ့ဒါကိုကော ဘယ်လိုမြင်လဲ?"
သတင်းထောက်တွေက အရှုံးမပေးပေ

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now