အခန်း ၂၅၁ ငါ့ကိုကြည့်ပြီး ဘာလို့အတွေးရိုင်းတွေဝင်နေရတာလဲ
အာ့လိုတွေးမိတာနဲ့ သူမဘေလ်စာရွက်ကို ဂရုမစိုက်သလိုခေါက်ကာ အိတ်ထဲထည့်လိုက်သည် သူမပုံစံက စူပါမားကတ်က ကြုံရာ ဖြတ်ပိုင်းတစ်ခုကို ထည့်လိုက်သလိုပင်
ခပ်ပြုံးပြုံးဖြစ်နေတဲ့ ရန်ရုချန်ကို ကြည့်ကာ "ငါနေ့လည်စာ ကို အနောက်တိုင်းအစားအစာ မစားချင်ဘူး"
"ငါမနေ့က အနောက်တိုင်းစားသောက်ဆိုင်သွားခဲ့တာ မင်းသိတယ်လား" ရန်ရုချန် အနည်းငယ်အံသြမိသွားသည်
သူမတုံ့ပြန်မှုကို ကြားတော့ သူ့နှလုံးသားထဲက သံသယတွေကို အတည်ပြုပြီးသားဖြစ်သွားသလိုပင် သခင်လေးရန်ကို ပျော်ရွှင်စိတ်ကျေနပ်သွားစေသည်
တကယ်ပဲ အချိန်က အရာအားလုံးကို ပြောင်းလဲနိုင်တာပဲ လူတစ်ယောက်ရဲ့နှလုံးသားကိုကော
ရှုရှု သူ့ကို အေးစက်စွာကြည့်ကာ "အဓိကက နင် သရုပ်ဆောင် ဝမ်မိန်မိန်နဲ့ညစာစားဖို့ စားသောက်ဆိုင်တစ်ခုလုံး ဘိုကင်ယူထားတယ်ဆိုတာပဲ တနိုင်ငံလုံး တကမ္ဘာလုံးတောင် ဒီကိစ္စကို သိတယ်"
သူမ မနက်က သတင်းစာခေါင်းစီးပိုင်းကို ဖတ်မိတော့ သတင်းစာထဲမှာ စားသောက်ဆိုင်ရဲ့ အသေးစိတ်အနေအထားကအစ ရေးလို့ထားသည် ပါပါရာဇီတွေက ညစာဒိတ်ကို အတိအကျဖော်ပြထားကြတာပင် အဲ့ဒါကြောင့် အဲ့ဒါက လျှို့ဝှက်ချက်မှ မဟုတ်ဘဲ
ရန်ရုချန် သူမရဲ့ရှင်းလင်းပြီး ခံစားချက်မရှိတဲ့ မျက်လုံးတွေကိုမြင်တော့ သူ့စိတ်ထဲ စိတ်ပျက်သွားသလို ခံစားလိုက်ရသည် ခံစားချက်က အရမ်းမပြင်းထန်ပေမယ့် သူ့ကို ဝမ်းနည်းစေသည်
သူမတခြားအတွေးရမသွားဘူးလို့ သူ မယုံဘူး ကျိုးရှင်းက ဝမ်မိန်မိန်ညစာစားလို့ သူမ စိတ်တိုနေတယ်လို့ စာပို့ခဲ့တာမလား
တကယ်လို့ သူမက ဖုံးကွယ်ချင်တယ်ဆိုရင် သူမရဲ့သဝန်တိုမှုတွေကို နည်းနည်းလေးတောင်ဖော်ပြမှာမဟုတ်ဘူး
သခင်လေးရန် သူ့ကိုယ်သူ နှစ်သိမ့်ကာ သူ့စိတ်အခြေအနေ အနည်းငယ်ပြန်ကောင်းလာသည် တခြားသူတွေရဲ့အကြည့်ကို ဂရုမစိုက်ဘဲ ရှုရှုလက်ကိုကိုင်ကာ "နေ့လည်စာသွားစားကြမယ်"ဟု ဆိုလိုက်သည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...