46+47+48+49+50

2.1K 200 0
                                    

အခန်း ၄၆ တစ်လုံး ကျန်သေးတယ်

တကယ့်အကြောင်းအရင်းက ဘာလဲ?

မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်နေတဲ့ပုံနဲ့ ကူကယ်ရာမဲ့သလို ဖြစ်နေတဲ့ ရန်ရုချန်ကို ကြည့်ပြီး ဝမ်ရှုရှု စိတ်ထဲ နူးညံ့လာသာ်

လှေ ဘယ်က ရတာလဲ?

ဘာလို့ ဂရုစိုက်နေတာလဲ?

လှေယူလာတာနဲ့ အုန်းသီးခူးပေးဖို့ အလဲအလှယ် လုပ်ခဲ့တာတော့ မဟုတ်လောက်ပါဘူး

ရန်ရုချန်က လှေငှားဖို့ အမျိုးသမီးကြီး တွေခိုင်းသမျှ လုပ်ပေးမယ်လို့ ဝမ်ရှုရှု တွေးတောင်မတွေးခဲ့ဖူးဘူး တခြားအကြောင်းအရင်းလည်း စဉ်းစားလို့မရတော့ဘူး

အုန်းပင် ၄ ပင်လောက် အုန်းသီးတွေ ခူးပေးပြီးတော့ ရန်ရုချန် လုံလောက်ပြီထင်ပြီး  အိတ်နဲ့ အုန်းသီးတွေ လိုက်ကောက်တော့သည်

အမျိုးသမီးကြီးတွေက ထောင့်မှာစုထိုင်နေပြီး ရန်ရုချန်ကို လက်ဟန်ခြေဟန်နဲ့ အမြန်လုပ်ဖို့ ပြောနေကြသည်

"ဒီမှာ တစ်လုံး ရှိသေးတယ်" တစ်ယောက်က အုန်းပင်နောက်က အုန်းသီးကိုပြပြီး ရန်ရုချန်ကို အော်လိုက်သည်

"ငါမြင်တယ်" ရန်ရုချန် စိတ်မရှည်စွာ ပြန်ပြောလိုက်သည်

သူ့ရဲ့ အင်္ကျီ အဖြူရောင်မှာ သဲတွေ အစွန်းတွေ ပေနေပြီး ရန်ရုချန် ကြည့်ရတာ အနိုင်ကျင့်ခံနေရတဲ့ ချွေးမငယ်လေး ကျနေတာလို့ တွေးမိပြီးဝမ်ရှုရှု ရယ်နေမိတယ်

သူမ အုန်းပင်ကို မှီပြီး ရန်ရုချန်ကို ကြည့်နေခဲ့သည်
မာနကြီးပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်သလို နေတတ်တဲ့ ရန်ရုချန်က ဆောင့်ကြောင့်ထိုင်ပြီး အုန်းသီးတွေ ကောက်နေတာမြင်ရတာ ဝမ်ရှုရှု စိတ်ထဲ ခံစားသွားရသလိုပဲ

ခနကြာတော့ ရန်ရုချန် ချက်ချင်းပဲ ထအော်လိုက်တယ်

"ခြင်းနှစ်ခြင်း အကုန်ပြည့်"

မတ်တပ်ရပ်ပြီး ရန်ရုချန် အမျိုးသမီးကြီး အုပ်စုကို ပြောလိုက်သည်

ဝမ်ရှုရှု အဖျားကြောင့် သူမ ခေါင်းလည်ထွက်နေပြီး အုန်းပင်ကို မှီကာ တစ်ရေးအိပ်မလို့ လုပ်နေတုန်း ရန်ရုချန် အော်သံကြားပြီး မျက်လုံးပွင့်လာတယ် ရန်ရုချန် ထွက်သွားတော့မယ်ဆိုတာ သိတာကြောင့် ချက်ချင်းပဲ အုန်းတောတဖက်ခြမ်းကို ထပြေးတော့သည်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now