အခန်း ၂၈၈ ငါအကောင်းဆုံး ကြိုးစားမှာပါ
သူမခြေထောက်ကို ကြမ်းပြင်ကိုထိရုံရှိသေး လက်တစုံက သူ့မခါးကို လှမ်းဖက်ကာ “နည်းနည်း ပိုအိပ်ဦး”
ရန်ရုချန်ရဲ့ ကွဲဆက်ပြီး အိပ်ချင်မူးတူး အသံက သူမကိုနှောင့်ယှက်လိုက်သည်။
“ငါ မအိပ်ချင်တော့ဘူး” ရှုရှု သူ့ကိုတွန်းထုတ်ကာ မတ်တပ်ရပ်လိုက်သည်။
သူမ အဝတ်အစားတွေကို ယူကာ ရေချိုးခန်းစီ သွားလိုက်သည်။
တအောင့်ကြာတော့ရေချိုးခန်းထဲက ထွက်လာကာ အဝတ်အစားပြည့် ဝတ်ဆင်ပြီး “ငါ မနက်စာ သွားစားတော့မယ်”ပြောရင်းတံခါးစီဦးတည်လိုက်သည် ရန်ရုချန်ကို အိပ်ရာဘေးကဖြတ်ရင်း ဂရုမစိုက်သလို လှမ်းကြည့်လိုက်သည်။
ဂရုမစိုက်သလို အကြည့်က ရန်ရုချန်ကို အနည်းငယ် စိတ်ပျက်စေသည်။
‘သူမ ဘယ်ချိန်မှ သူ့အပေါ် အေးစက်တာ မာနကြီးတာ ရပ်မှာလဲ’
ရှုရှု မနက်စာစားပြီး ပြန်လာတော့ ရန်ရုချန်လည်းရေချိုးခန်းထဲက ရေချိုးပြီး ထွက်လာတာပင် သူက
မနေ့က ရှုရှု ဝတ်ထားတဲ့ ရေချိုးခန်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်တွေက ရေစိုပြီး ရှုပ်ပွနေကာ သူ့ရဲ့ ထင်ရှားတဲ့ အစိတ်အပိုင်းတွေကို ပေါ်လွင်နေစေသည်။
သူသတိထားမိလိုက်တာက ရှုရှုက အခန်းအလယ်မှာ လက်ထဲ စားစရာကိုင်ထားရင်းသူ့ကိုကြည့်ကာအတွေးနက်နေတာပင် မျက်မှောင်လည်း ကြုတ်ထားပြီး သူမကြည့်ရတာ တစ်ခုခု စိတ်ဒုက္ခရောက်နေသလိုပင်
ရန်ရုချန် ခနရပ်နေကာ မျက်လုံးအရောင်တောက်လာပြီး “ငါက အရမ်းကြည့်ကောင်းနေလို့ မနေ့ညက မလုံလောက်သေးဘူးလို့တွေးနေတာလား”
ရှုရှု ကြောင်နေရာက ရပ်ကာ သူ့ကို မထီသလို ကြည့်ကာ စားစရာအိတ်ကို မြှောက်လိုက်ပြီး
“အခန်းထဲမှာ စားမလား အပြင်မှာ စားမလား”
“မင်းသဘော”ရန်ရုချန် ခေါင်းကို တဘက်ဖြင့်သုတ်ရင်း ရှုရှု့စီလျှောက်လာကာ ပြောလိုက်သည်။
အခန်းထဲမှာ စားပွဲခုံ မရှိတာကြောင့် ရှုရှုက “အပြင်မှာ စားကြတာပေါ့”
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...