96+97+98+99+100

2K 214 5
                                    

အခန်း ၉၆ ငါတမင် သင်ခဲ့တာ

တံခါးလက်ကိုင် ဘု ကို ကိုင်ရင်း ခါးသီးစွာပြုံးလိုက်သည်

ဝမ်ရှုရှု မင်းကို အရမ်းချစ်ခဲ့မိတာ ငါ့အမှားပဲ

ဝမ်ရှုရှု ဘီယာတစ်ဘူးသောက်ကာ အိပ်ပျော်သွားပြီး တံခါးခေါက်သံကြားတော့ လန့်နိုးလာခဲ့သည်

"ကျန်းကျားဟန် ဘာလို့ ဒီမှာရှိနေတာလဲ"

"ငါဒီမှာရှိတာ ထူးဆန်းလို့လား"

"တစ်ညလုံး ဒီမှာနေနေတာလား"

"ငါတစ်ညလုံးနေရင်ကော ထူးဆန်းလို့လား"

ဘာဖြစ်တာလဲ အစက ရှုရှု အိပ်ချင်နေတုန်းပဲ ဒါပေမယ်ါ အပြင်က အမျိုးသားနှစ်ယောက်ငြင်းခုံသံကြားပြီး အပြည့်အဝနိုးလာတော့သည်

သူမ အိပ်ခန်းထဲက ထွက်လိုက်ပြီး အပြင်က သူတွေကို မြင်တော့လန့်ကာအော်လိုက်သည် "ဘာလို့ ရှင်တို့ ၂ ယောက်က ကျွန်မအိမ်ထဲရှိနေတာလဲ"

တယောက်ယောက်ပြောပြနိုင်မလား ဘာတြွေဖစ်နေလဲဆိုတာ သူမ မနေ့ညက ဘီယာတစ်ဘူးသောက်ပြီး ဘာမှ မမှတ်မိတော့ပေ

"ရှုရှု နိုးပီပဲ" အစက သူမကို ကျောပေးထားပြီး သူမအသံကြားတော့ ကျန်းကျားဟန် လှည့်လာကာ ပြုံးပြရင်း ပြောလိုက်သည်

သူက ရှုရှုရဲ့ ပန်းပွင် အေပရွန် ကို ဝတ်ဆင်ထားပြီး အဖြူရောင်တီရှပ်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားသည် သူ့ကြည့်ရတာ အိမ်ထောင်ရှင် ယောက်ျားလိုပင်

"နင် မနေ့ညက အိမ်မပြန်ဘူးလား" ရှုရှု ကျန်းကျားဟန်ကို ကြည့်ပြီး မေးလိုက်သည် မနေ့ကနဲ့ တူညီတဲ့ အင်္ကျီပဲ ဝတ်ထားတာကြောင့် ညက အိမ်မပြန်ဘူးဟု တွေးမိလိုက်သည်

ကျန်းကျားဟန် ပြုံးရင်း "မနေ့ညက နင်မူးပြီး ငါ့အကူအညီလိုမှာ စိုးလို့ မပြန်နေလိုက်တာ" ပြောရင်း ရှုရှုဆီ လျှောက်လာတာ ခေါင်းကို ပုတ်လိုက်ပြီး "နိုးပြီ ဆိုသွားတိုက်ပြီး သန့်ရှင်းရေးလုပ် မနက်စာမစားခင်"

"မနက်စာ လုပ်ထားတာလား" ဝမ်ရှုရှုက အံအားသင့်ပြီးမီးဖိုချောင်စီလှည့်ကြည့်လိုက်သည် မီးဖိုချောင်က သူမ မသုံးတာ တော်တော်ကြာနေပြီဖြစ်ပြီး သူမက အများအားဖြင့် အပြင်က ဝယ်လာတဲ့ ဟင်းတွေကို ပြန်နွေးဖို့လောက်ပဲ အသုံးပြုတာ ရေခဲသေတ္တာထဲမှာ ကြက်ဥတောင်မရှိဘူး သူမနက်စာချက်ဖို့ ဘာများသုံးတာပါလိမ့်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now