353

641 53 0
                                    

အခန်း ၃၅၃

'အို.....'
သူမ မျက်နှာရှုံ့မဲကာ သူ့ကို စိုက်ကြည့်လိုက်ပြီး လက်ဆန့်ကာတွန်းထုတ်လိုက်သည်။
ထိုအချိန်တွင် ရန်ရုချန်က အဝေးကို ရောက်နေပြီဖြစ်ကာ ခါးမတ်လိုက်ပြီး "မျက်လုံးမှိတ်ပြီး အခုအိပ်တော့ မဟုတ်ရင် အနမ်းတခုနဲ့တင်မပီးဘူးနော်"
သူမကို ခြိမ်းခြောက်သလိုစိုက်ကြည့်လိုက်သည်။
ရှုရှုသူ့ကို ပြန်စိန်မခေါ်ရဲဘဲ ချက်ချင်းမျက်လုံးမှိတ်လိုက်သည်။ ကလေးရှေ့မှာ မသင့်တော်တာ ဘာမှ မလုပ်စေချင်ပေ
ရန်ရုချန် စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး အိပ်ရာပေါ်ထိုင်ဖို့ လှည့်လိုက်သည်။
"ခနနေရင် ဟွမ်ဟွမ် ကိုယ်အပူချိန် စစ်ဖို့မမေ့နဲ့" ရှုရှုပြောလိုက်သည်။
သူမစိတ်ပူနေဆဲဖြစ်ကာ ရန်ရုချန်ကို ထပ်သတိမပေးဘဲမနေနိုင်ပေ
"အင်း" ရန်ရုချန်ခေါင်းငြိမ့်ကာ လက်ဆန့်ပြီး ဟွမ်ဟွမ်နဖူးကိုထိလိုက်သည် သူမအဖျားကျသွားပုံပင်
သူ့လက်အကြီးကြီးတွေက ဟွမ်ဟွမ်ကိုနွေးစေပြီး ကလေးက သူ့ကိုလန့်တာမျိုးမရှိတော့
အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ မေးလိုက်သည် "ခဲအို ကိုကို အားဟန်ကော သူပြန်သွားပြီလား"
"ဟမ်" ဒီကလေးစုတ်လေးက သူမေးချင်နေတာကို မေးလိုက်တာပဲ အခုသူ အားဟန်အကြောင်းကို ရှုရှု့ကိုမေးဖို့ အကြောင်းပြချက်ရှာစရာမလိုတော့ဘူး
သူရှုရှုဘက်ကို ခေါင်းလှည့်ကာ မသိချင်ယောင်ဆောင်ပြီးမေးလိုက်သည် "ဝမ်ရှုရှု ကျန်းကျိုးဟန် ရှိနေခဲ့သေးတာလား"
.........
ဘာလို့ ဟွမ်ဟွမ်လေးက ကျန်းကျိုးဟန်ကိုမေးနေရတာလဲ
ရှုရှု မျက်လုံးမှိတ်ကာအိပ်ချင်ယောင်သာဆောင်နေလိုက်တော့သည်။
ရန်ရုချန် ဝမ်ရှုရှု တိတ်နေတာကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်တကယ်ပဲ သူမမှာ အပြစ်ရှိတာပဲ
သူထိုင်နေရာကနေ ထရပ်ကာ ဆိုဖာဆီလျှောက်သွားလိုက်ပြီး သူမကိုဆက်စစ်မေးလိုက်သည် "မင်းက ညနေက မင်းအဘိုးဆီမှာ မဟုတ်ဘူးလား မဟုတ်ရင် ကျန်းကျိုးဟန်နဲ့တိတ်တိတ်လေး ခိုးသွားတွေ့တာလား"
ရှုရှု ဆွံအ....
ဒီသခင်လေးက တကယ်ရယ်ရတာပဲ မကောင်းတဲ့စိတ်ကူးတွေလည်း ဝင်နေသေး
"ငါမှန်တာ မှန်သွားတာလား" ရန်ရုချန် ထရပ်ကာ သူမကို ကြည့်လိုက်သည်။
အပူရှိန် မြင့်တက်လာတာကို သတိထားမိကာ အိပ်ချင်ယောင်ဆောင်ဖို့ အဆင်မပြေတော့မှန်းသိလိုက်သည်။ သူမမျက်လုံးဖွင့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည် "နင်ငါ့ကို စကားပြောတာရပ်ပြီး အိပ်ခိုင်းတယ်ထင်နေတာလေ"
ရန်ရုချန် သူမကိုလေးနက်စွာ ကြည့်ကာ နောက်တစ်ခါ စစ်မေးလိုက်သည် "ဘာလို့ ကျန်းကျိုးဟန်ဆေးရုံကိုလာတာလဲ မင်းတို့ နှစ်ယောက်ဘယ်လိုတွေ့တာလဲ"
ရှုရှု ရိုးရိုးသားသားဖြေလိုက်သည် "အဘိုးဆီမှာ မတော်တဆတွေ့တာ ဂေဟာမှူးဖုန်းဆက်တော့ သူ့ကို ဟွမ်ဟွမ်အကြောင်းပြောပြလိုက်တာ အဲ့ဒါကြောင့် သူပါလိုက်လာခဲ့တာ ဒါပဲ"
ရန်ရုချန် အေးစက်စွာ နှာခေါင်းရှုံကာ "ဟမ့် တိုက်ဆိုင်တာ အကုန်လုံးကတိုက်ဆိုင်နေတာပဲ"
ရှုရှုလည်း "ယုံတာ မယုံတာ နင့်သဘောပဲ"
သူမကိုယ်ကိုလှည့်ကာ နောက်ကျောပေးလိုက်သည် မျက်လုံးမှိတ်ကာ စကားပြောချင်စိတ်မရှိတော့
သူမ တကယ် ကျန်းကျိုးဟန်နဲ့ တိုက်ဆိုင်ပြီး တွေ့တာပဲလေ သူမ အသိစိတ်က ရှင်းလင်းပြီး အပြစ်ရှိတယ်လို့လည်း မခံစားရပါဘူး
ပြီးတော့ သူမကိုမေးခွန်းထုတ်ဖို့ သူက ဘာမှန်နေလို့လဲ သူနဲ့ဖန်ကျားရင်ကြားမှာလည်း တိုက်ဆိုင်မှုတွေ အများကြီး သူတို့ကမှဘားအပြင်ဘက်မှာတွေ့ပြီး ဖက်နေကြသေး
"ဟုတ်ပြီ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး" ရန်ရုချန် လေသံကြမ်းကြမ်းဖြင့်ပြောကာ ထရပ်လိုက်သည်။
'ငါယုံယုံ မယုံယုံ မင်းလည်း ဂရုမစိုက်ပါဘူး' ရန်ရုချန် သူ့ကိုယ်သူ ပြန်တွေးလိုက်သည်။
ရှုရှု အတွက်တော့ သူ့စကားတွေက အဓိပ္ပ္ပယ်တမျိုး ဘာပဲဖြစ်ဖြစ် သူမ ရှင်းပြပြမပြပြ အရေး မပါဘူးဟု
ရန်ရုချန် သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်ကြားတင်းမာမှုကို သိသည့်အလား ဟွမ်ဟွမ်လေးက တိတ်ဆိတ်စွာနေလို့....
အခန်းက တိတ်ဆိတ်လျက်....
အချိန်တချို့တော ရှုရှု လှည့်ကာ သူတို့ကို ကြည့်သည်။
ပြီးတော့ မြင်ကွင်းကြောင့် သူမစိတ်လေး အရည်ပျော်သွားသည်။
ရန်ရုချန်က အိပ်ရာစွန်းမှာခေါင်းကိုတင်လျက် အိပ်ပျော်လို့ သူ့ကိုယ်ကြီးက သက်သောင့်သက်သာဖြစ်မနေ ရှုရှုသူ့ကို အားနာမိသွားသည်။
သူမ ထရပ်ကာ သူ့စီလျှောက်သွားလိုက်သည် သူမလက်ထဲက ကုတ်အကျီကို ယူကာ သူ့ကို ခြုံပေးလိုက်သည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now