Chapter 276

1K 107 0
                                    

အခန်း ၂၇၆ လူတွေ သိသွားရင် မကောင်းဘူး

မျက်မှောင်ကြုတ်ကာ အိပ်ပျော်နေတဲ့ သူ့မျက်နှာကိုကြည့်ပြီး သက်ပြင်းချကာ သူ့ဖိနပ်နဲ့ခြေအိတ်ကို ချွတ်လိုက်သည်။

သူမထွက်သွားတော့ ရန်ရုချန်စောင်မကာ သူမ သူ့ဖိနပ်နဲ့ခြေအိတ်ချွတ်ပေးတာကို ပျော်လို့နေသည်။
'သူငါ့ကို တအားမုန်းနေတာတော့ မဟုတ်ဘူးပဲ'
.......

ရန်ရုချန် သူ့ရဲ့ခွက်အလွတ်ကို ကြည့်ကာ ရှုရှုရဲ့ ကြိုးဖုန်းကိုခေါ်လိုက်သည်။ "ဝမ်ရှုရှု"
ဖုန်းကိုင်တဲ့သူက သူ့လက်ထောက် ရှောင်ကျန်းပင်

"ဥက္ကဌ မဒမ်ကနေ့လည်စာ စားပြီးတော့ ရုံးကထွက်သွားတာပါ ဒီနေ့ရုံးကို ပြန်မလာတော့ဘူးလို့လည်းပြောသွားပါတယ်"

ရှောင်ကျန်းပြောတာကြားတော့ ရန်ရုချန် မျက်မှောင်ကြုတ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် "ဘယ်သူ့စီက ခွင့်ပြုချက်တောင်းသွားတာလဲ"

ရှောင်ကျန်းပြန်မဖြေရသေးခင်မှာပဲ ဖုန်းချလိုက်ပြီး ရှုရှုစီ ဖုန်းခေါ်တော့သည်။

ဖုန်းက ခနမြည်နေပြီးတော့မှ ရှုရှု ပြန်ဖြေသည်။ "ဟဲလို ဥက္ကဌရန်" သူမ သူ့ကို ခေါ်လိုက်တဲ့ အသုံးအနှုန်းက သူ့ကို ပိုပြီး သုန်မှုန်စေသည်။

"ဘယ်သွားတာလဲ"

ရှုရှုက တည်ငြိမ်စွာပင် "နေ့လည်ခင်း သွားစရာလေးတစ်ခုရှိလို့ နေ့တပိုင်းခွင့်ယူထားတာ"
"မင်း...." သူမကို ပြောခါနီး ရန်ရုချန် ရပ်လိုက်သည်။

ခနရပ်ကာ လေသံနူးနူးညံညံလေးနဲ့ "အိမ်စောစောပြန်လာခဲ့" ဟုသာပြောလိုက်သည်။

သူတို့တစ်ယောက်နဲ့တစ်ယောက် စကားမပြောတာကို မဒမ် မူလိ သိသွားပုံရသည်။ မနက်က သူ့ကိုဖုန်းခေါ်ကာ အကြံပေးတာက 'မိန်းမတွေက ရေနဲ့လုပ်ထားတာ အဲ့ဒါကြောင့် အမျိုးသားတွေက နူးညံ့ရမယ် ဘာလို့လဲဆိုတော့ နူးညံ့တဲ့ယောကျာ်းကို မိန်းမတိုင်းသဘောကျတာမို့လို့'

အဲ့လိုပြောတာကို သူသဘောမတူချင်ဘူး ဘာလို့လဲဆိုတော့ ဝမ်ရှုရှုက ရေနဲ့လုပ်ထားတာမဟုတ်ဘူးလေ ဒါမဲ့သူမက မိန်းမဆန်တဲ့ ယောကျာ်းကို သဘောကျတယ်
ကျန်းကျိုးဟန်လိုကောင်မျိုးပေါ့
အဲ့ဒါကြောင့် သူကြိုးစားကြည့်ဖို့ဆုံးဖြတ်လိုက်သည်
သူ့နူးညံ့မှုကြောင့် ရှုရှုခန ကြောင်သွားပေမယ့်

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now