81+82+83+84+85

1.9K 211 1
                                    

အခန်း ၈၁ သူ့အရှိန်အဝါက ငြင်းပယ်လို့ မရနိုင်ဘူး

ရှုရှု အံသြတဲ့ အရိပ်အယောင်မပြဘဲ ဘာမှမဖြစ်သလို ပြုံးပြကာ "20 က ပုံမှန်သာက်တဲ့ နှုန်းပဲ ရှိပါတယ် တကယ်လို့ အခွင့်အရေးပေးမယ်လို့ နောက်တစ်ခါ တူညီတဲ့ အမှားမျိုး ထပ်မဖြစ်စေရပါဘူး"

ဒီကောင်ကိုက ကံဆိုးနေတာ ညစာစားတုန်းက ဝိုင်နီ နည်းနည်းပဲ သောက်တာကို ယာဉ်ထိန်းရဲတွေ သတိပြုမိတဲ့အထိ ကံဆိုးရလား နေပါဉီး ခုနက ဖုန်းထဲမှာ မီးနီ ဖြတ်မောင်းလို့လို့ ပြောတယ်မလား အဲ့ဒါဆို ဒီကောင် အမှားပဲ

"ကားအကောင်းစားမောင်းတဲ့သူတွေ တခြားသူရဲ့ အသက်ကို စဉ်းစားမယ်လို့ မျှော်လင့်ပါတယ် ကိုာ့်အသက်ကိုကောပေါ့ ဒီကိစ္စကို ငါတို့ အရေးတော့ယူရလိမ့်မယ်"

"ဟုတ်ကဲ့ သေချာတာပေါ့" ဝမ်ရှုရှု ယာဉ်ထိန်းရဲကို ကြည့်ကာ "အရာရှိစကားတွေ စိတ်ထဲ မှတ်ထားပါ့မယ် ကတိပေးပါတယ်"

သူမ ပြောပြီး ခုနက ရန်ရုချန်ကို ယာဉ်ထိန်းရဲတွေ ပေးထားတဲ့ ချလံကို ယူလိုက်ကာ အသေးစိတ်ဖတ်လိုက်သည်

သူမ အိတ်ထဲက ပိုက်ဆံအိတ်ကိုယူကာ ယွမ် ၄၀၀ ထုတ်လိုက်ပြီး ယာဉ်ထိန်းရဲကို ပေးလိုက်သည်  "ဒါက ဒဏ်ကြေးပါ အလုပ်ရှုပ်စေမိလို့ တောင်းပန်ပါတယ်"

တဖက်လူက တောင်းပန်ဖို့ အဆင့်သင့်ဖြစ်နေရင် တဖက်ကလည်း မနေနိုင်ဘူ ဆိုသလိုပဲ တခြာဟာထက် သူမက နားလည်မှုရှိပြီး လှပတဲ့ အမျိုးသမီးတစိယောက်ပဲ ယာဉ်ထိန်းရဲ မျက်နှာ ပျော့သွားပြီး ပိုက်ဆံယူလိုက်သည်

အသံက တည်နေဆဲ ဖြစ်ပြီး "နောက်တစ်ခါ ထပ်မဖြစ်ပါစေနဲ့ ကိုယ့်အသက်ကို တန်ဖိုးထားပါ" ပြောရင်း ရန်ရုချန်ကို ကြည့်လိုက်သည်

ရန်ရုချန်က ဝမ်ရှုရှု အောက်ကျို့ပြီး ရဲတွေကို တောင်းပန်နေတာမြင်ကတည်းက စိတ်တိုနေပြီဖြစ်သည် ဒါတောင် သူ့ကို တရားလာချချင်နေ​သေးတယ်

သူ့မျက်နှာ တည်လိုက်ပြီး "ဝမ်ရှုရှု ကားပေါ်မြန်မြန်တက်"

ဝမ်ရှုရှု ရန်ရုချန်ပြောတာကြားတော့ အချိန်မဖြုန်းရဲဘဲ ရဲတွေကို နှုတ်ဆက်ကာ  ကားမောင်းသူ တံခါးကို ဖွင့်ကာ "ဥက္ကဌရန် ကျွန်မ မောင်းပါရစေ"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now