Chapter 277

1K 104 0
                                    

အခန်း ၂၇၇ အစစ်ကို အတုနဲ့ အစားထိုး

သူမကို လုံးဝထိတ်လန့်သွားအောင် လုပ်ပြမယ်။

သူရှိနေတာကို သူမသိသွားပြီး လန့်သွားစေရမယ်

လူတိုင်းရဲ့အာရုံက လေလပွဲ အတွက်စင်ပေါ်မှာ ပြထားတဲ့ ပစ္စည်းတွေအပေါ်မှာပဲ နှစ်တစ်ရာ သက်တမ်းရှိတဲ့ လက်ရေးပန်းချီတောင် ရှိသေးသည်။

ရရှိသမျှပိုက်ဆံတွေ အကုန်လုံးက မူလတန်းကျောင်းရန်ပုံငြွေဖစ်မှာပင်

လက်ရေးပန်းချီစိတ်ဝင်စားတဲ့သူတော်တော်များများ စိတ်အားထက်သန်စွာစော့င်နေကြသည်။

“တတိယအကိုရန်”

ရန်ရုချန်က အိမ်သာနားက ထိုင်တစ်နေရာမှာ ရပ်နေပြီး သူ့အကြည့်တွေက ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ရှုရှု ကိုပဲ ကြည့်လို့နေသည်

တစ်ယောက်ယောက်က သူ့ကို အာ့လိုခေါ်ခဲ့တာ တော်တော်ကြာပြီပင်

အသံလာရာကို ကြည့်လိုက်တော့ အရပ်ရှည်ပြီး သေးသေးသွယ်သွယ်နဲ့ လှပစွာ ဝတ်ဆင်ထားတဲ့ အမျိုးသမီးလေးတစ်ယောက်က သူ့ကို ပြုံးပြလျက်လျှောက်လာသည်။

ပြုံးပြလိုက်ကာ “ရီရှန်”

လုရီရှန် သူ့စီရောက်လာရင်း ရှုရှုဘက်ကို လှမ်းကြည့်ကာ စနောက်ကာ

"ပိုက်ဆံတွေ ဒီလောက်ရှာနေတာ ဘာလို့ ယောင်းမကိုကျ မပေးတာလဲ ပရဟိတ အတွက် ပိုက်ဆံရှာချင်တယ်ဆိုရင်တောင် လူရှေ့ကို ထွက်ခိုင်းရလား”

‘အဲ့ဒါ ငါအတိအကျခံစားနေရတာပဲ’ရန်ရုချန် အစောကြီးကတည်းက အဲ့ကိစ္စကြောင့် ဒေါသထွက်နေတာပင် အခု လုရီရှန် ထပ်လာပြောတော့ ဒေါသပိုထွက်လာသည်။

ဒါမဲ့ ဘာမှမဖြစ် သလိုနေကာ အမှုမထားသလို အမူအရာဖြင့် “သူက သူမပစ္စည်းတွေရောင်းဖို့လာမှတော့ ငါဈေးပြိုင်ပေးလိုက်ရင် ပိုစိတ်ဝင်စားစရာ မကောင်းဘူးလား”

လုရီရှန် သူပြောတာကြားတော့ ပြုံးကာ “တတိယယောင်းမက F and P က မိတ်ဖက်တွေကို တမင် အသုံးချပြီး ဒီပစ္စည်းတွေကို လေလံတင်တာလေ အကိုက ဈေးပြိုင်ပေးမယ်ဆို အရမ်းမစဉ်းစားရာရောက်မနေဘူးလား”

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now