196+197+198+199+200

1.8K 196 20
                                    

အခန်း ၁၉၆ သူမ ကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်ထင်ခဲ့တာ

ရှုရှု ပုံစံကိုကြည့်ပြီး ကျန်းကျားဟန် ကြောင်နေမိသည် သူမချိတ်ထားတဲ့လက်ကို ကြည့်ကာ သူ့ရဲ့ အကြည့်တွေ အံသြထိတ်လန့်နေမိသည်

ရှုရှုခေါင်းမော့ကာ သူ့ကိုချိုသာစွာ ပြုံးပြလိုက်သည် "သွားရအောင်"

"ဟုတ်ပြီ" ကျန်းကျားဟန် စိတ်လှုပ်ရှားမှုနဲ့သူ့ရင်ထဲက ခံစားချက်တွေကို ပြန်ထိန်းကာ ခေါင်းငြိမ့်ပြလိုက်သည်

ဓာတ်လှေကားထဲက ထွက်လာကာ ကားပေါ်တက်လိုက်သည် ကားထဲဝင်လိုက်တာနဲ့ ရှုရှုက သူ့ကို "အားဟန် နင်ချစ်သလောက် ငါနင့်ကို ပြန်မချစ်နိုင်မှာစိုးတယ်"

သူမ သူမမှာ သူ့အတွက် ဘာချိုမြိန်တဲ့ခံစားချက်မှ ရှိမနေတာ

သူမ ခေါင်းငုံ့ကာ "ငါတကိုယ်ကောင်းဆန်တာ ငါသိပါတယ် ဒါမဲ့ နင်သာဆန္ဒရှိမယ်ဆို နင်ငါ့ကိုမလိုချင်တော့ဘူးလို့ မပြောမချင်း ငါနင့်ကို လက်လွှတ်မှာ မဟုတ်ဘူး"

ပထမဆုံးအကြိမ် သူမရဲ့ အိမ်မက်နဲ့ ငယ်ရွယ်မှုကို လောင်းကြေးထပ်ခဲ့ဖူးသည်

ဒီတစ်ကြိမ်တော့ တလျှောက်လုံးသူငယ်ချင်းဆက်ဆံရေးမှာပဲရှိခဲ့တဲ့ ထိုအမျိုးသားကို လောင်းကြေးထပ်မိပြန်သည်

အားဟန် ငါထပ်မရှုံးချင်တော့ဘူး

"ရှုရှု လက်ထပ်မှုတိုင်းက ချစ်ခင်စုံမက်မှုနဲ့ ကြီးကျယ်ခမ်းနားနေဖို့ မလိုပါဘူး အရေးကြီးဆုံးက ငါနင့်ကို ချစ်တယ်" ကျန်းကျားဟန် သူမလက်ကိုကိုင်ကာ ချစ်မြတ်နိုးမှုအပြည့်နှင့်ကြည့်ကာ "ငါပြောပြီးသားပဲ မင်းပင်ပန်းပြီး အခြေကျချင်တဲ့အချိန်ထိ ငါစောင့်နေပါ့မယ်လို့ မင်းသာဆန္ဒရှိရင် အချိန်မရွေး ငါ့စီပြန်လာနိုင်တယ်"

ရှုရှုခေါင်းကို ချစ်မြတ်နိုးစွာ ပုတ်ကာ "မင်းမှာရှိနေတဲ့စိတ်ရှုပ်စရာတွေကို အဝေးကို လွှင့်ပစ်လိုက် မင်းငါ့ကို အခွင့်အရေးတစ်ခုပေးတာနဲ့တင် ငါအရမ်းပျော်နေပြီ ဘာလို့တခြားတွေကို ဂရုစိုက်နေမှာလဲ"

ဝမ်ရှုရှု  စနောက်ကာ ပြန်ပြောလိုက်သည် "အဲ့ဒါဆို ငါနင့်ကိုပဲ အကုန်အပ်ထားလိုက်တော့မယ် မီးသီးလဲတာ အိမ်မှာရှိတဲ့ ဂတ်စ် လဲတာကအစ"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now