အခန်း ၃၉၉ အဖျား ဘယ်လိုကျသွားတာလဲ
သူမကိုဆေးတိုက်ပြီးတော့ ဟွမ်ဟွမ်အဖျားကျအောင် ရှုရှုလုပ်ပေးသလို ရန်ရုချန် လုပ်ပေးလိုက်သည်။
တဘက်ကိုရေစွတ်ကာ သူမကိုယ်က အနွေးဆုံးအပိုင်းတွေကို သုတ်ပေးလိုက်သည်။
သူမ ကိုယ်အပူချိန်ကျပြီး ကောင်းကောင်းအိပ်သွားတော့မှ သူသက်ပြင်းချနိုင်တော့သည်။
ရှုရှု ငြိမ်းချမ်းစွာအိပ်ပျော်နေကာ ရန်ရုချန် သူမကို စိုက်ကြည့်နေပြီးသူ့မျက်လုံးထဲမှာခံစားချက်တွေ အပြည့်နဲ့
'ဝမ်ရှုရှု ငါဘယ်လိုလုပ်မှ မင်းငါ့ကိုချစ်နိုင်မှာလဲ'
သူတွေးနေရင်း သူမလက်ကို ကိုင်လိုက်သည်။ ရှုရှု့လက်နဲ့ယှဥ◌်လိုက်တော့ ရှုရှုလက်တွေက သူ့ထက်အများကြီးပိုသေးပြီးတော့ ပိုနူးညံ့လို့နေသည်။
သူသာ သူမကို ဒီလောက်ထိချစ်ခဲ့မယ်မှန်းသိရင် အခွင့်အရေးအမျိုးမျိုးအသုံးချပြီး သူမအချစ်ကိုရဖို့လုပ်ခဲ့မှာပဲ
သူမလက်တဖြည်းဖြည်းပိုနွေးလာတာသိတော့ ရှုရှု မျက်မှောင်ကြုတ်ကာသူမလက်ကို ပြန်ယူလိုက်သည်။
သူမလှုပ်လာတာမြင်တော့ ရန်ရုချန် ချက်ချင်း သူမလက်ကို လွှတ်ပေးလိုက်ပြီး ထရပ်လိုက်သည်။သူမ အိပ်ရာအစွန်းမှာထိုင်ကာ ရှုရှု့ကိုနောက်တစ်ခါထပ်ကြည့်လိုက်သည်။ ထို့နောက် သူအိပ်ရာတဖက်ခြမ်းကိုထကာ ရှုရှု မှန်တင်ခုံကိုသွားလိုက်သည်။ ခုံကိုဆွဲထုတ်ကာထိုင်လိုက်သည်။
ရှုရှု မှန်တင်ခုံမှာ အဆင်တန်ဆာသေးသေးလေးတွေ အများကြီးရှိပြီးတော့တစ်ခုချင်းစီကို ကြည့်နေမိသည်။
မိတ်ကပ်ပစ္စည်းတွေလည်းအများကြီးရှိပြီးတော့ လော့ကတ်သီးတချို့လည်းရှိသည်။ဝမ်ရှုရှုဘာတွေကိုသဘောကျလဲဆိုတာ သူနည်းနည်းတော့သိလာပြီထင်သည်။
သူမ ရဲ့ပစ္စည်းတွေကို ကြည့်ဖူးတာ ပထမဆုံးအကြိမ်ပင် သူမရဲ့ကိုယ်ပိုင် အကန့်ထဲကိုပေါ့
စားပွဲပေါ်ကိုကြည့်ပြီးတော့ အံဆွဲကိုဖွင့်လိုက်သည်။ အထဲမှာ ဓာတ်ပုံအယ်လ်ဘမ်တစ်ခု လော့ခတ်ထားတဲ့ ဒိုင်ယာရီတစ်ခုနဲ့ အနီရောင်သစ်သား ဘူးလေးပင်
သူ ထို အနီရောင်သစ်သားဘူးလေးကို အာရုံရောက်သွားသည်။ သော့ခတ်ထားလို့လည်းပါမည်။
သူယူကာ လှုပ်ကြည့်လိုက်တော့ အထဲမှာ တစ်ခုခု ရှိလို့နေသည်။
'အထဲကဘာလဲ?'
သော့သေးသေးလေးကို သူ့လက်နဲ့ဖွင့်ဖို့လုပ်လိုက်သည် စိတ်ထဲမှာ အထဲကဘာလဲဆိုတာ ရုတ်တရက်သိချင်လာသည်။
ကျန်းကျိုးဟန်တစ်ခုခုပေးထားတာလား အဲ့ဒါကြောင့်အဖိုးတန်ရတနာလို သိမ်းထားတာလား?
ဒါမဲ့တဖြည်းဖြည်းနဲ့ သူမသိချင်တော့
သေချာတယ် သူအဲ့လိုလုပ်မှာ မဟုတ်ဘူး တစ်ယောက်ယောက်ပိုင်ဆိုင်တဲ့အရာကို လှန်လှောပြီး စပ်စုတာမကောင်းဘူးလို့ထင်လို့မဟုတ်ဘူး သူကြောက်တာက အထဲမှာရှိနေတဲ့အရာက သူ့ကိုကြီးမားတဲ့တိုက်ခတ်မှုဖြစ်သွားမှာ စိုးတာပင်
သူဘူးကို နဂိုနေရာမှာပဲ ပြန်ထားလိုက်ကာ အံဆွဲကိုပိတ်လိုက်တော့သည်။
အိပ်ရာစီပြန်သွားကာ ရှုရှုနဖူးကို စမ်းဖို့လက်ဆန့်လိုက်သည်။သူမအဖျားကျလို့နေပြီ
ရှုရှုချွေးတွေထွက်နေပြီးတော့ ရန်ရုချန်တစ်ရှုးတချို့ယူကာ သုတ်ပေးလိုက်သည်။
အာရုံတက်နေပြီဖြစ်ကာ နေရောင်ဖျော့ဖျော့လေးတောင် ပြတင်းကနေဖြာကျကာတောက်ပလို့နေပြီ။
သူ့အိတ်ကပ်ထဲကဖုန်းမြည်လာကာ ထုတ်ကြည့်လိုက်သည်။ ရှုရှု့ကိုကြည့်ကာ မျက်နှာပြင်ကိုကြည့်လိုက်ပြီး အိပ်ခန်းအပြင်ကိုလျှောက်သွားလိုက်သည်။
"အင်း အိုခေ သိပြီ"
"မင်းသွားနှင့် ငါမကြာခင်ရောက်မယ်"
သူဖုန်းအမြန်ချကာ ရှုရှုအခန်းထဲကိုပြန်ဝင်လိုက်သည်။ ရှုရှုက အေးချမ်းစွာအိပ်ပျော်နေတုန်းပင်
သူမအိပ်နေတဲ့မြင်ကွင်းက သူနှလုံးသားကို နူးညံ့သွားစေသည်။ သူ့နောက်က တံခါးကိုညင်သာစွာပိတ်ကာ လှည့်ထွက်သွားတော့သည်။
........
ရှုရှု ရာစုနှစ်တစ်ခုစာလောက်အိပ်ပျော်နေသလိုခံစားလိုက်ရပြီး သူမနိုးလာတော့ တကိုယ်လုံးကိုက်ခဲလို့နေသည်။ အားနည်းနေသလိုပင်
သူမ ပြင်းပြင်းထန်ထန်ဖျားခဲ့မှန်းသူမသိသည်။
ဒါမဲ့.....ဘယ်လိုအဖျားကျသွားတာလဲ?
သူမ ထိုမေးခွန်းကိုစဥ◌်းစားနေမိရင်းဖုန်းယူကာကြည့်လိုက်တော့ လန့်သွားတော့သည်။ နေ့လည် ၁၂ နာရီထိုးနေပြီးတော့....တနဂ်နွေနေ့ပင်.....
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...