အခန်း ၂၈၀ တတိယသခင်လေးရန်က တကယ်မိုက်တာပဲ
လေလံခန်းမထဲမှာ ခြေချိတ်ထိုင်ကာ ခုံကိုပျင်းရိစွာ ကျောမှီထားပြီး သူ့ပုံစံက ပျော်နေသလိုပင်
တချိန်တည်းမှာပဲ မွေးရာပါ မာနကြီးခြင်းနဲ့ မောက်မာခြင်း အရှိန်အဝါကလည်း ဖုံးကွယ်မထားနိုင်ပေ……
လူတိုင်းရဲ့ အာရုံက သူ့စီရောက်လာကာ ၁၀ မီလီယမ်ယွမ်က သူ့အတွက် ဘာမှမဟုတ်မှန်း သူတို့သိသည်။ဒါမဲ့ဘာလို့ သူ့အသံက အရမ်းဩဇာညောင်းပြီး အေးဆေးနေရတာလဲ
သူတို့လည်း အလှူလုပ်ထားတာပဲလေ
လူတိုင်းကြည့်နေတုန်းမှာပဲ ရန်ရုချန်ဖြည်းဖြည်းချင်းထရပ်ကာ လူထုဘက်ကို ခပ်ဖွဖွပြုံးပြကာ “ကျွန်တော့် မိန်းမရဲ့ ပရဟိတ အလုပ်ကို ရက်ရက်ရောရော လှူဒါန်းပေးကြလို့ ကျေးဇူးတင်ပါတယ်”
သူ့ရဲ့ခပ်ပြတ်ပြတ် ကျေးဇူးတင်စကားက F and Pက စီးပွားမိတ်ဖက်တွေကို ပျော်သွားစေသည်။
ယွမ် ၁ သို့ ၂ မီလီယမ်ယွမ်က F and P နဲ့ ယှဥ◌်ရင် ဘာမှမဟုတ်ဘူး
အရင်က စီးပွားမိတ်ဖက်တွေက သူ့နားကပ်ပြီးဖားရဖို့ မျိုးစုံကြိုးစားခဲ့ပေမယ့် သူက မာနကြီးအေးစက်ပြီးတော့ ကောင်းကင်တောင်ပေါ်က နှင်းကြာပန်းလိုပင်
လူရှေ့မှာ သူတို့ကို ကျေးဇူးတင်တာကို ကြည့်လိုက်ရင် ပထမဆုံး အကြိမ် အရမ်းယဥ◌်ကျေးတာပဲ
ဒီလိုပြောင်းလဲမှုက သေချာပေါက် သူ့မိန်းမကြောင့်ပဲနေမှာ
လူတိုင်း တတိယသခင်လေးက သူ့မိန်းမကို ဘယ်လောက်ချစ်လဲ ပြောနေကြသည်။သူတို့သာ F and P ထဲ ဝင်ချင်ရင် သူ့မိန်းမကို ချဥ◌်းကပ်ရုံပင်
လူတိုင်း အတွေးနက်နေတုန်း ရန်ရုချန် စင်ပေါ်တက်ကာ ရှုရှုစီ လျှောက်သွားတော့သည်။သူမကို နူးညံ့စွာ ပြုံးပြကာ
"ဟဲလို မိန်းမ”
ဒါက ပထမဆုံးအကြိမ် သူမကို ဒီလိုခေါ်တာပင် သူ့အသံက ဘယ်လောက်တောင် သဘာဝကျနေလဲ သူ့ကိုယ်သူပြန်တွေးမိပြီး သူကိုယ်တိုင်တောင်အံဩသွားသည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Любовные романыတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...