အခန်း ၂၈၆ ရွေးချယ်စရာမရှိဘူး
မကြာခနပြောလေ့ရှိတဲ့ ယောကျာ်းတစ်ယောက်က တစ်ခုခုကို အာရုံရောက်နေရင် ကြည့်အကောင်းဆုံးပဲဆိုတာ
အရင်က ရှုရှုထင်တာက သူက ဒီတိုင်း ကြည့်ကောင်းနေတာလို့ ဒါမဲ့ ဒီည သူ့စီက ထူးထူးဆန်းဆန်း အကြည့်မဖယ်နိုင်ဘူး ဘယ်လောက်ပဲကြိုးစားစား အလုပ်ကို အာရုံစိုက်မရဘူး
သူမစိတ်ထဲ မီးတောက်နေသလိုပဲ ရေဘယ်လောက်
သောက်သောက် သူမကိုယ်က ပိုပို ပူလာသည်။
ရန်ရုချန်ရဲ့ကြည့်ကောင်းတဲ့ မျက်နှာကိုကြည့်ကာ သူ့ရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို မြင်ယောင်ကြည့်နေသည်။သူမရဲ့အတွေးတွေက ထိန်းချုပ်လို့မရတော့ မီးလုံးကြီး ပေါက်ကွဲတော့မလိုပင်
အလုပ်ကို အာရုံစိုက်နေတဲ့ အမျိုးသားကို မျက်လုံးပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ကြည့်ကာ ရှုရှု့ သူ့ကိုပွေ့ဖက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတော့သည်။ပြီးတော့ ထိုစိတ်ဆန္ဒက သူမကို လှုပ်နိုးလိုက်သလိုပင်
ချက်ချင်း မျက်လုံးပြူးကာ “ရန်ရုချန် နင် ငါ့အစားအသောက်ထဲ ဘာထည့်လိုက်တာလဲ”သူမရဲ့ အသံက သေချာမှု အပြည့်
သူမရဲ့ ရုတ်တရက် အပြုအမူအတွက် အဖြေတစ်ခုတည်း ရှိသည်။
“မင်း ဘယ်လိုပဲ ပြုမူမူ အဲ့ဒါက အလုပ်ဖြစ်တယ်လို့ ဆိုလိုတာပဲ” ရန်ရုချန် ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်သည်။
ရှုရှု သူ့ရဲ့ မကောင်းဆိုးဝါးအပြုံးကို စိုက်ကြည့်ကာ သူမမျက်နှာ ချက်ချင်းနီရဲသွားတော့သည်။
ဒေါသတကြီး အံကြိတ်ကာ ဆေးလိပ်ပြာခွက်ကို ဆွဲယူပြီး ရန်ရုချန်ကို ပစ်ပေါက်ကာ “သွားသေလိုက်”
ကွဲကြေတဲ့ အသံကြားလိုက်ရကာ ရလဒ်ကတော ရန်ရုချန် သုံးနေတဲ့ ကွန်ပျုတာ ပျက်စီးသွားတာပဲ
သူမထရပ်ကာ တံခါးစီထွက်ပြေးလိုက်သည်။“ဟမ့် ထွက်သွားချင်သေးတာလား”
ရန်ရုချန် ထရပ်ရင်းအေးစက်စွာ ပြောကာ တစက္ကန့်အတွင်းမှာပဲ ရှုရှု့ရှေ့ရောက်သွားတော့သည်။ချက်ချင်း ရှုရှု့ကိုယ်လေးကိုသူ့ပုခုံးပေါ်တင်ကာ သူမကို လွတ်ဖို့ အခွင့်အရေးတောင် မပေးဘဲ အိမ်ခန်းထဲ ခေါ်သွားတော့သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...