အခန်း ၃၅၁ အကုန်ဒီမှာ ရှိတယ်
ဆိုင်ဝန်ထမ်းမိန်းကလေးက သခင်လေးရန်လက်ထဲက အခံထုတ်တွေကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။
ဒီကျက်ကရေရှိတဲ့လူကြီးက ဆိုင်ထဲက ဘရန်းတွေအကုန် တကယ်ကြီးဝယ်လိုက်တာပဲ
သုံးပုံနဲ့ ဆိုဒ်မတူတာတွေ......
"ဟိုင်း ၇၆.၂၀ယွမ်ပါ"
ရန်ရုချန် ပိုက်ဆံအိတ်ကိုထုတ်ကာ ယွမ် ၁၀၀ ပေးလိုက်သည်။ သူ့ပစ္စည်းတွေ ထုတ်ပေးတာအထိစောင့်နေတုန်း ကောင်တာဘေးက ကောင်းကောင်းမွန်မွန်ထုတ်ထားတဲ့ ချောကလက်တွေကို လှမ်းမြင်လိုက်သည်။ ဘူးတွေက အသဲပုံပုံစံလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ ဝက်ဝံပုံစံလေးနဲ့ပင်
သူတစ်ခုကို ယူကာကြည့်လိုက်သည်။
ဆိုင်ဝန်ထမ်းက အမျိုးသားကောင်းလေးရဲ့ ကြည့်နေတဲ့နေရာကို လိုက်ကြည့်ကာ ချောကလက်ဘူးတွေကို ကြည့်နေတာမြင်တော့အမြန် ကြော်ငြာပေးလိုက်သည် "ဆရာ အဲ့ဒီချောကလက်တွေ အတွက် ပရိုမိုရှင်းရှိပါတယ် ၂ ဘူးဝယ်ရင် ၂၀ ရာခိုင်နှုန်းဒစ်စကောင့်ရမှာ ဖြစ်ပြီးတော့ ဝက်ဝံရုပ်တစ်ရုပ်လည်း အလကားရမှာပါ"
အနောက်ကနေ အမွှေးပွရုပ်ပါတဲ့ ဘူးကိုထုတ်ကာပြလိုက်သည်။
'ဒစ်စကောင့်? နှစ်ခုဝယ်ရင် တစ်ရုပ်ရမှာ'
အဲ့လိုပြောတာကြားတော့ အမျိုးကောင်းသားလေး ဒေါသထွက်သွားသည်။ သူ့ပုံစံက စေ◌ျးချတာကိုမှ ဝယ်နိုင်တဲ့ရုပ်ပေါက်နေလို့လား
အမွှေးပွရုပ်ကို ကြည့်ကာ သူ့ခေါင်းထဲ အရင်ကအမှတ်တရ တချို့ဝင်လာတော့သည် ဝမ်ရှုရှုရဲ့ အမွှေးပွရုပ်လေးကို သူလွှင့်ပစ်မိတာကို သတိရလိုက်သည်။
အဲ့ဒီ ငတုံးမက ကလေးဆန်ပြီး အမွှေးဖွာတဲ့ ပစ္စည်းတွေကို သဘောကျတာပင်
လေမှုတ်ထုတ်လိုက်ကာ "ငါ့ကို ၂ ဘူးပေး"
.......
"ဟုတ်ကဲ့ အခုလုပ်လိုက်ပါ့မယ်" ဆိုင်ဝန်ထမ်းက အမြန်ချောကလက်ဘူးတွေကို စကန်ဖတ်ကာ လစဥ◌်သုံး ပစ္စည်းအိတ်ထဲ ထည့်ပေးလိုက်သည်။ သူ့ကိုထို အိတ်ပေးကာ "ကျေးဇူးတင်ပါတယ် ကောင်းသောနေ့လေးဖြစ်ပါစေ"
ရန်ရုချန် အိတ်ကို ယူကာချက်ချင်းထွက်သွားတော့သည်။
ဆိုင်ဝန်ထမ်းကောင်မလေးက ထွက်သွားတဲ့ ပုံရိပ်ကို ကြည့်ကာ ဒီကြည့်ကောင်းတဲ့သူကို အရင်က မြင်ဖူးနေသလိုလိုပင် သူ့ပုံစံကို ရင်းနှီးလို့နေသည်။
သခင်လေးရန် အိတ်ကိုကိုင်ကာ ရှုရှု သူ့ကိုပြောထားတဲ့ လူနာဆောင်ကို လျှောက်လာခဲ့သည်။ တံခါးလက်ကိုင်ဘုကိုလှည့်ကာ ဝင်လာခဲ့သည်။
ရန်ရုချန် အခန်းထဲကို ဝင်လာတော့ ရှုရှုက ဟွမ်ဟွမ် နဖူးကို အဝတ်စိုနဲ့ သုတ်ပေးနေတာကို တွေ့လိုက်ရသည် ကလေးမလေး အဖျားပြန်ထလာပုံပင်
"ရောက်လာပြီပဲ" သူမပြောရင်း ရန်ရုချန်ဘက်လှည့်လိုက်သည် သူ့ကိုထိုသို့ပြောပြီး အဝတ်ရေစွတ်ကာ ဟွမ်ဟွမ်နဖူးကို ပြန်အုပ်ပေးလိုက်သည်။
ရန်ရုချန် သူမကိုကြည့်ကာ "အဲ့ကလေးကို ဂရုစိုက်ဖို့ သူနာပြုတစ်ယောက်ငှားလိုက်လို့မရဘူးလား"
ဟွမ်ဟွမ်အပေါ် ငြင်ငြင်သာသာနဲ့ ဂရုစိုက်ပေးနေတာမြင်တော့ သူ့အနာဂတ်ကလေးကိုယ်စား သူ သဝန်တိုလာမိသည်။
ရှုရှု သူမလုပ်နေတာတွေကို မရပ်ဘဲ ဟွမ်ဟွမ်ကို ဆက်ဂရုစိုက်နေရင်း "ဘာလို သူနာပြုငှားရမှာလဲ သူနာပြုက ငါ့လောက် အာရုံစိုက်ပေးနိုင်မှာလား"
သူ့ရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို အလေးမထားတဲ့ ဒီငတုံးမကို လည်ပင်းညှစ်သတ်ချင်စိတ်ပေါက်လာသည်။
သခင်လေးရန်သူမကို စိတ်ထဲကနေ တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး သူ့မျက်နှာမှာတော့ ဘာအမူအရာမှ မပြ "မင်း မျက်နှာက စက္ကူရွက်လို ဖြူဖျော့နေပြီ"
ရှုရှုချက်ချင်း အခံအကြောင်းကို သတိရသွားပြီး မေးလိုက်သည် "အဲ့...ဒီ...ငါယူလာခိုင်းတဲ့ဟာ ယူလာလား"
သူမရှက်နေကာ မျက်နှာလည်းနီရဲလို့ ခေါင်းငုံ့ထားသည်။
လက်ထပ်ပြီးသား စုံတွဲအနေနဲ့ ရာသီလာတာက ရှက်စရာကိစ္စမဟုတ်ပေ ဒါမဲ့ သူမရန်ရုချန်ကို မကြည့်ရဲ
သူတို့ တူတူကြီးပြင်းလာကြပြီး နှစ်ယောက်လုံးက မာနကြီးကြတာကြောင့်လည်းပါမည်။
ရုတ်တရက် သူတို့က အရမ်းရင်းနှီးသွားပြီးသူ့ရှေ့မှာ သူမက သိမ်မွေ့တဲ့ အမျိုးသမီးအဖြစ်ပြောင်းလဲသွားသလိုပင် အခြေအနေတစ်ခုလုံးက သူမကို နေရခက်ပြီး အရှက်ရအောင်လုပ်လို့နေသည်။
"အားလုံး ဒီမှာ" ရန်ရုချန် အမှုမထားသလို အိတ်ကို သူမကို ပေးလိုက်သည်။
သူလည်းနေရခက်လှသည်။စောစောက ဆိုင်မှာ လစဥ◌်သုံးပစ္စည်းတွေဝယ်တော့ အရမ်းကို ယုံကြည်ချက်ရှိပြီး တည်ငြိမ်ချင်ယောင်ဆောင်ထားရတာပင်
ဘာလို့ သူမကိုကြည့်တော့မှ ရှက်နေမိမှန်းသူလည်းမသိတော့
![](https://img.wattpad.com/cover/110316503-288-k235708.jpg)
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Roman d'amourတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...