Chapter 275

1.1K 109 0
                                    

အခန်း ၂၇၅
ရန်ရုချန်က လုံးလုံးမူးနေတာမျိုး မဟုတ်ဘူး
သူမမူးရင် သူမအခန်းထဲသွားဖို့ကော သူမကိုဖက်ပြီးတောင်းပန်ဖို့ကော သတ္တိရှိမှာ မဟုတ်ဘူး

သူမကို အခုဖက်ထားတော့ သူမကိုယ်လေးတုန်နေတာကို ခံစားမိသည်။ သူမမျက်လုံးထဲမှာလည်းကြောက်ရွံနေမှုတွေ အထင်းသားမြင်နေရသည်။

သူအဲ့ဒီညက လုပ်ခဲ့မိတဲ့အပြုအမူကြောင့် စိတ်ဒဏ်ရာရသွားတာလား

"ငါလက်မှတ်မထိုးခဲ့ဘူး" ဖက်ထားတာကို ဖြည်လိုက်ပြီး အိပ်ရာစီ ဒယိမ်းဒယိုင်ဖြင့်လျှောက်သွားသည်။

ရှုရှု သူ့အဖြေကြောင့်ကြောင်သွားကာ "ဘာလို့လဲ"
စာချုပ်ကိစ္စတစ်ခုခုအမှားအယွင်းဖြစ်သွားလို့ မူးလာတာလား

သူ ကုမ္ပဏီကို လက်လွှဲယူကတည်းက မြို့တော် Y နဲ့ စီမံကိန်းကို ဦးဆောင်နေတာ ပြီးတော့ သူဒီစီမံကိန်းကြောင့် မြို့တော် Y ကို မရေမတွက်နိုင်အောင် ခရီးထွက်ခဲ့ရတာ

အချိန်တွေ ကြိုးစားအားထုတ်မှုတွေ ဒီစီမံကိန်းအတွက် အရင်းအမြစ်တွေ အကုန်စဖို့တောင် လုပ်နေပြီ စာချုပ်မှာ လက်မှတ်မထိုးခဲ့ဘူးလို့ ဘယ်လိုများပြောနိုင်ရတာလဲ

ရှုရှု သူမကြောက်နေတာကို ၁ မိနစ်လောက်ဘေးဖယ်ထားပြီး အလုပ်နဲ့ပက်သက်တာတွေ စဥ◌်စားလို့နေသည်။
ရန်ရုချန်နောက်လိုက်ကာ အဖြေဆက်တိုက်မေးတော့သည်။

ရန်ရုချန် သူမအိပ်ရာပေါ်ထိုင်ကာ အိပ်ရာခေါင်းရင်းကိုမှီလိုက်သည်။

ရှုရှု သူ့ရှေ့မှာထိုင်တော့ ရန်ရုချန်က သူမကိုကြည့်ကာ "ချာလီက စာကြောင်းတကြောင်းပိုထည့်ချင်ပြီးတော့ မင်းကို ကိုယ်စားပြုလုပ်ခိုင်းတယ် ငါသဘောတူမယ်လို့ မင်းထင်လား"

ရှုရှုထူးဆန်းသလို မျက်မှောင်ကြုတ်ကာ သူမကိုယ်သူမတွေးနေမိတာက 'ဘာလို့ ချာလီက သူမကိုတောင်းဆိုရတာလဲ'

'ငါတို့ တစ်ခါပဲတွေ့ဖူးတာလေ'

သူမထူးဆန်းနေတဲ့ အမူအရာကို မြင်တော့ ရန်ရုချန်ပြုံးကာ

"ဝမ်ရှုရှု မင်းအံဩသွားတယ်မလား မင်းက သာမန်အမျိုးသမီး တစ်ယောက်ဖြစ်ပြီး ယောကျာ်းတွေကို အရမ်းဖမ်းစားနိုင်တယ်"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now