66+67+68+69+70

1.9K 207 0
                                    

အခန်း ၆၆ မင်းအပူကော ပါလား

"တစ်ရက်ပိုနေလို့လည်း ဘာမှ ထူးမလာဘူး အချိန်ပိုရင် နောက်ကျ ကြာကြာလာနေလို့ရတာပဲ" မူလိ မျက်မှောက်ကြုတ်ရင်း လေးနက်စွာ ပြောလိုက်သည် "မင်းက အခုမှ F and P ကို လွှဲယူထားတုန်းရှိသေးတာ နေရာ အပြောင်းအလဲက လွယ်တာမဟုတ်ဘူး အဘွားကို စိတ်မပျက်ရစေနဲ့"

သူမ အသံထဲ အပြစ်ရှိသလို အသံပာ ပါဝင်နေသည်
ရှောင်ချန် ကလေးဘဝတည်းက အဘွားက ဆက်ဆံသူ အဖြစ် လေ့ကျင့်စေခဲ့ပြီး သူကြီးလာတော့လည်း စီးပွားစီမံ မေဂျာမှာ ထူးချွန်ပြီး စီးပွားရေးနဲ့ပက်သက်တာတွေပဲ လေ့လာခဲ့ရတာ

မူလိနဲ့ ရှောင်ချန် အဖေက သူတို့ရဲ့ အိမ်မက်တွေနောက် လိုက်ဖို့ ရုန်ရုချန်ကို လက်လွှတ်ခဲ့ကြတာ အဲ့ဒါက ရှောင်ချန်အပေါ်မှာ သူတို့အကြွေးတင်နေတာပဲ တခြားဟာထက် ရန်မိသားစုက သာမာန်မိသားစူမဟုတ်ဘူး

ရန်ရုချန် သွားတိုက်နေတုန်း မူလိ ရဲ့ ဖော်ပြရခက်တဲ့ ခံစားချက်နဲ့  မျက်နှာကိုမြင်တော့ ဘာမှထပ်မပြောတော့ဘဲ "နားလည်ပြီ" လို့ ခေါင်းငြိမ့်ပြပြီး သွားတိုက်ဆေးအပြည့် ပါးစပ်ထဲ ပြည့်နေရင်း ပြောလိုက်တယ်

မူလိပြုံးလိုက်ပြီး  "အမေ အခန်းပြန်တော့မယ် စောစောနား"

လှည့်ထွက်သွားရင် တံခါးနားရောက်ခါနီးမှ တစ်ခုခုကို သတိရသလို ရန်ရုချန်ဘက် ကြည့်ရင်း " သားသိလား ရှုရှုက လွန်ခဲ့တဲ့နှစ်တွေက မြို့တော် Y ကို ပညာတော်သင်သွားရမယ့် အခွင့်အရေးကို ဘာလို့ စွန့်လွှတ်ခဲ့လဲ ဆိုတာ"

" ပညာတေယ်သင်ဖို့ စွန့်လွှတ်ခဲ့တာ " အဲ့ဒါ သူမ ကလေးဘဝကတည်းက အိမ်မက်မဟုတ်ဘူးလား

မူလိ ရန်ရုချန်ရဲ့ ပုံစံကိုကြည့်ပြီး ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှမသိတာကို သတိထားလိုက်မိတယ် သူမ ပိုအံဩသွားပြီး "အရင်လက မြို့တော် Y မှာ ငါ ရှုရှုရဲ့ တက္ကသိုလ် ဆရာ ပါမောက္ခ ကျိုး နဲ့  ပညာရေးဆွေးနွေးပွဲတစ်ခုကြောင့် J တက္ကသိုလ်မှာ တွေ့ကြတာ သူငါ့ကို ပြောပြတော့ တော်တော်အံဩသွားတာ မင်းလည်း မသိဘူးလို့တော့ မထင်ထားမိဘူး"

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now