Chapter 293

952 90 0
                                    

အခန်း ၂၉၃ သည်းခံလိုက်မည်

“မမ ရှုရှု ဒီဦးလေးက ဘယ်သူလဲ” ဟွမ်ဟွမ်လေးက သိချင်စိတ်ဖြင့် ရန်ရုချန်ကို ကြည့်ကာ နှုတ်ခမ်းစူရင်းမေးလာသည်။

‘ဦးလေး? သူမကိုကျ မမလို့ခေါ်ပြီး သူ့ကိုကျ ဦးလေးလို့ခေါ်တယ်’ သခင်လေးရန် မျက်မှောင်ကြုတ်ကာ ဟွမ်ဟွမ်စီ သွားကာ ဒူးကွေးလိုက်ပြီး သူမကို ဒေါသတကြီး အမှန်ပြင်ပေးလိုက်သည် “ငါ့ကို ဦးလေးလို့ မခေါ်နဲ့ ခဲအိုလို့ခေါ်”

ရှုရှု ဆွံအသွားသည်….

ရန်ရုချန်ရဲ့ အမူအရာက ဟွမ်ဟွမ်လေးကို ကြောက်သွားစေပြီး ရှုရှုခြေထောက်ကို့နောက်ကဖက်ကာ ကြောက်ကြောက်နဲ့ “မမ ရှုရှု ဒီခဲအိုက ဘယ်သူလဲ သမီးသူကို့ မကြိုက်ဘူး သူကအရမ်းကြမ်းတမ်းတာပဲ”

‘သူက ကြမ်းတမ်းတယ် ဒီလို ၅ နှစ်ကလေးက သူ့ကိုဘယ်လိုများ အထင်သေးရဲတာလဲ’

ထပ်ပြောရရင် တံခါးက လုံခြုံရေး အစောင့်ကတောင် သူ့ကို ကြုံရာသူစိမ်းလို့ခေါ်ရဲတယ်

Tsk ဒီဂေဟာ က လူကြီးကော ကလေးကော ကအရမ်းမုန်းဖို့ကောင်းတာပဲ

သခင်လေးရန် ၂ ခါ ဆက်တိုက် အပြောခံထားရတော့ စိတ်အဆင်မပြေတော့ဘူး ဒါမဲ့ ရှုရှုက ဒီကလေးတွေကို အရမ်းချစ်တာကြောင့် ရွေးချယ်စရာမရှိဘဲ သည်းခံရပေမည်။

‘OMG! ဘယ်လိုတောင် နစ်နာတာလဲ ငါ’

“အလှလေး ခဲအိုက ချိုချဥ◌်ဝယ်စားဖို့ မုန့်ဖိုးပေးမယ်” ရန်ရုချန် ရယ်ကာ သူ့အိတ်ထဲက ပိုက်ဆံအိတ်ထုတ်ပြီး ယွမ် ၁၀၀ ကို  ဟွမ်ဟွမ်လေးကိုပေးကာ “ငါ့ကိုခဲအို လို့ခေါ်”

‘တအားချမ်းသာနေတဲ့ကောင်ပေါ့ တစ်ယောက်ယောက်က ခပ်နာနာလေးရိုက်ပေးဖို့ လိုနေပြီ’

ရှုရှု မျက်နှာ မဲသွားကာ လက်သီး ဆုတ်လိုက်သည် အံကြိတ်ကာ ရန်ရုချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ဟင့်အင်း ဟွမ်ဟွမ် ငွေမလိုချင်ဘူး” ဟွမ်ဟွမ်က တွေဝေမှု မရြှိငင်းကာ ချိုသာပြီး အပြစ်ကင်းတဲ့ အသံလေးနဲ့ ဖြေလိုက်သည်

ရှုရှု သည်းမခံနိုင်တော့ဘဲ ပိုက်ဆံကိုင်ထားတဲ့ ရန်ရုချန် လက်ကို ရိုက်ကာ “ရန်ရုချန် တော်ပြီ”

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now