အခန်း ၂၇၁ သူ့ကို ဒီအကြောင်းတွေ မပြောနဲ့
၃ မီလီယမ်ယွမ်ဆိုရင်တော့ ရန်ရုချန် မျက်လုံးမှိတ်ပြီးတော့ကို ချက်လက်မှတ်ရေးပေးလိုက်မှာဘဲဒါမဲ့ ၃၀မီလီယမ်ယွမ်ကျတော့ အရမ်းများလွန်းအားကြီးတယ်
ရန်ရုချန်တတ်နိုင်ရင်တောင် ကျိုးရှင်းစိတ်ထဲ သူကပေးမှာ မဟုတ်ဘူးလို့“ရတယ် ငါနည်းလမ်းရှာလိုက်မယ်” ရှုရှု ကျိုးရှင်းကို ထူးဆန်းစွာပြောကာ နှစ်သိမ့်လိုက်သည်။
ကျိုးရှင်းစိတ်ထဲ အူမြူးလာသည်။
'ဒီမိန်းမ တစ်ခုခုရှိနေတာပဲနေမှာ’
‘ထင်ထားသလိုဆို သူ ရန်ရုချန်ကို အပိုင်ချည်ထားနိုင်ပြီနေမှာ’
“အဲ့ဒီတော့ ဘယ်လိုလဲ”
ရှုရှုလှည့်ကာ လူစုထဲကိုကြည့်ပြီး ယုံကြည်ချက်ရှိစွာ မျက်ခုံးမြင့်ပြီးမေးလိုက်သည်။မဒမ်ဝူက “အစိုးရက ဒီမြေကို ဖွံဖြိးတိုးတက်အောင်လို့ အစီအစဥ◌်ချထားတာ မြေကို ၃၀မီလီယံယွမ်နဲ့ ဝယ်လိုက်ရင်တောင် မိဘမဲ့ဂေဟာကို ကယ်ဖို့မဖြစ်နိုင်ဘူး” သူမရဲ့ဆုံးဖြတ်ချက်ကို မပြင်မှန်းသိပုံရသည်။
အစိုးရကိုရောင်းမှာထက် ရှုရှုကို ရောင်းလိုက်တာက ပိုပြီးနားအေးသေးတယ် အရူးပဲငြင်းမှာ
ရှုရှု အနည်းငယ် ကြောင်သွားကာ “အဲ့ဒါ ကျွန်မ ပြဿနာမဟုတ်ဘူးလား”
“မင်းကို ရောင်းလို့ရပါတယ်…..” မဒမ်ဝူ ခနရပ်ကာ လေးလေးနက်နက် ဆက်ပြောသည်။ “
"ဒါမဲ့ ဒီမြေက ဖွံဖြိုးတိုးတက်ရေး လုပ်ဆောင်မယ့်ထဲ ထည့်ပြီးသွားပြီ ပြီးတော့ ငါတို့ အစိုးရ ရုံးကို အချက်အလက်တွေ ပေးဖို့လည်းလိုတယ်”
သေချာတာပေါ့ သူမ ဒါကို စဥ◌်းစားထားပြီးသား ဒါမဲ့ အပြစ်ကင်းတဲံ ကလေးတွေမျက်နှာကို ကြည့်ပြီး သူမ ဘာမှမလုပ်ဘဲ ရပ်ကြည့်မနေနိုင်ဘူး
ရှုရှု ယုံကြည်ချက်ရှိစွာပင် "မဒမ်ဝူသာ ဒီမြေကို ကျွန်မကို ရောင်းမယ်ဆို ကျွန်မ ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်ပါ့မယ်”
ရှုရှု မဒမ်ဝူနဲ့ နှုတ်ကတိပေးထားကာ တကယ်လို့ သူမသာ ပိုက်ဆံရပြီး အစိုးရနဲ့ ပက်သက်တဲ့ အချက်အလက်တွေ ၁ ပတ်အတွင်းအပြီးသတ်နိုင်ရင် မဒမ်ဝူ သူမကို ဒီမြေကို လွှဲပြောင်းပေးမည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...