Chapter 296

1K 73 0
                                    

အခန်း ၂၉၆ ရေဒီယို

တခြားတောက်ပပြီး လတ်ဆတ်တဲ့ အနီရောင် အမှတ် ရှုရှု့ လည်ပင်းမှာပေါ်လာတော့သည်။ ရန်ရုချန် သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် ထိုအမှတ်ကို ကလေးတွေကို ညွှန်ပြကာ “ကြည့် ဒါပဲ”

ကလေးတွေအားလုံးရဲ့ အကြည့်တွေက အားကျမှုတွေနဲ့ တောက်ပစွာကြည့်လိုက်ကြသည်။

“ခဲအိုက အရမ်းတော်တာပဲ”

ရှုရှု ပြောစရာ စကားမရှိတော့

တကယ်လို့ သူတို့မှာသာ ကလေးရှိလာရင် သူ့ကို ကလေးဘယ်တော့မှထိန်းခိုင်းမှာ မဟုတ်ဘူး

ကလေးသာ သူ့ရဲ့ မကောင်းတဲ့ စရိုက်တွေ ရလိုက်လို့ကတော့…..

သူ့ရုတ်တရက်ရောက်လာလို့ သူမစိတ်ထဲ ဘယ်လိုမှ မနေပေမယ့် သူကလေးတွေကို ဘယ်လောက်စိတ်ရှည်လဲဆိုတာ မြင်ရတော့ သူမစိတ်ပျော့သွားတာတော့ အမှန်ပင်

ရှုရှုက ကားမောင်းသူဘေးခုံမှာထိုင်ကာ ရန်ရုချန်က အပြန်ကားမောင်းလာသည်။လမ်းမှာ မီးရောင်သိပ်မရှိတာနဲ့ သစ်ပင်အရိပ်တွေက သူမတစ်ယောက်တည်းသာဆို ကြောက်နေမိမှာပင်

ရုတ်တရက် အဖြူရောင်ပုံရိပ်သေးသေးလေးက ခြုံပုတ်ထဲက ထွက်လာတော့ ရှုရှု လန့်သွားပြီး မျက်လုံးချက်ချင်းမှိတ်လိုက်မိသည်။

တော်တော်ဝေးဝေးရောက်မှ သူမနောက်ကိုလှည့်ကြည့်ရဲတော့သည်။ ဘာမှမတွေ့တော့…..

ထိုအဖြူရောင်ပုံရိပ်လေးကို အချိန်အတော်ကြာပြန်တွေးနေမိကာ အကြာကြီး တိတ်ဆိတ်နေမိသည်။

“ဘယ်တုန်းက ဒီလောက်ကြောက်တတ်သွားတာလဲ ယုန်တကောင်တောင်ကြောက်တယ်လား”

ရန်ရုချန် စပ်ဖြဲဖြဲ လုပ်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဒါမဲ့ ရှုရှု့အတွက်တော့ သူမကိုလှောင်နေသလို ခံစားရတာကြောင့် ခေါင်းကိုလှည့်ကာ “ယုန်ဆိုတာ နင်က ဘယ်လိုသိတာလဲ”

“တခြားဘာဖြစ်နိုင်မှာလဲ သရဲလား?”ရန်ရုချန် သူမနဲ့ မျက်နှာချင်းဆိုင်ကာ ပြောရင်း ပျော်လာသည်။

ရှုရှုသူ့ကို မသိချင်ယောင်ဆောင်လိုက်ပေမယ့် ကြောက်စိတ်တော့ ပြေသွားသည်။ ရေဒီယို ဖွင့်လိုက်သည်။

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now