Chapter 310

861 77 0
                                    

အခန်း ၃၁၀ ချာတူးလံအရသာကို စိတ်ကျေနပ်အောင်

“အဲ့ဒီတုန်းက သူမက ငါ့အပေါ်အရမ်းကောင်းပေးခဲ့တာ” ရှုရှု ပျော်ရွှင်စွာ ပြုံးကာ အရင်က အမှတ်တရတွေ ပြန်သတိရနေမိသည်။

ရန်ရုချန်သူမကို ဘေးတိုက်အေးစက်စွာ ကြည့်ကာ “သူမသားကလည်း မင်းအပေါ်အရမ်းကောင်းတာပဲလေ”

ဝမ်ရှုရှု ဆွံအသွားသည်……

သူတို့ အင်းဂလိပ်ဆရာ သားက သူမကို အရင်က ပိုးပန်းခဲ့ဖူးပြီးတော့ သူတို့အိမ်က အရသာရှိတဲ့ စားစရာတွေပါ သူမစားဖို့ ယူလာပေးတတ်သည်။

ဒါမဲ့ အဲ့ဒါဖြစ်ခဲ့တာ နှစ်တော်တော်တောင် ကြာနေပြီလေ ဘာလို့ဒီကောင် မှတ်မိနေရသေးတာလဲ

ရန်ရုချန် ထပ်ပြောတဲ့ စကားကို ကြားတော့ ရှုရှု မျက်နှာ သုန်မှုန်သွားတော့သည်။

“အဲ့ဒီမျက်မှန်နဲ့ကောင်က ကဗျာရေးတာလည်းတော်တော်ညံ့တာ သူရေးတဲ့ ရည်းစားစာက သူငယ်တန်းကလေးရေးတဲ့ စာစီစာကုံးထက်တောင် ဆိုးဝါးသေးတယ်”

“…….” ရန်ရုချန်ရဲ့ ရက်ရက်စက်စက်ဝေဖန်ပုံကို ကြားတော့ ရှုရှုလန့်သွားကာ “သူငါ့ကို ရည်းစားစာပေးတာ နင်ဘယ်လိုလုပ်သိတာလဲ”

ရန်ရုချန်ရဲ့လေးနက်တဲ့ မျက်လုံးတွေနဲ့ “ချစ်လှစွာသော ရှုရှု ကျောင်းမှာ ပထမဆုံး မင်းကိုမြင်လိုက်ကတည်းက ငါမင်းကို ငါ့စိတ်ထဲကနေ ထုတ်မရခဲ့ဘူး မင်းပြုံးလိုက်ရင် အရမ်းလှတာပဲ မင်းက စာလည်းတော်တယ် ငါ့မင်းကို ချစ်ကြောင်းပြောပြချင်ပေမယ့် သတ္တိမရှိတာကြောင့်….”

“ရန်ရုချန် တော်ပြီ” ရှက်ဖို့ကောင်းလိုက်တာ ရှုရှု သူမလက်ဖြင့် ရန်ရုချန် ပါးစပ်ကို လှမ်းပိတ်လိုက်သည်။ ဒေါသတကြီး သူ့ကိုကြည့်ကာ “နင် ငါ့စာကို ဘာလို့ခိုးဖတ်ထားတာလဲ”

ပြောရရင် အင်းဂလိပ်ဆရာသားပေးတဲ့စာ မလို့ သူမမဖတ်ခဲ့ပဲ သူက တခြားတယောက်ကို စာပေးခိုင်းလိုက်တာပင် ပြီးတော့ သူမ စာရတုန်းကလည်း အိတ်ထဲကို ဒီတိုင်းထည့်လိုက်တာ စာမေးပွဲတွင်းဖြစ်တာမလို့ စာကိုမေ့သွားခဲ့တာ

‘ဟုတ်သားပဲ ငါစာကို ဘယ်နားထားလိုက်မိတာလဲ’

ရန်ရုချန်ကို သံသဃဖြင့်ကြည့်ကာ “ရန်ရုချန် နင်ငါ့စာကို ခိုးဖတ်ရုံတင်မဟုတ်ဘူး ငါ့အိတ်ထဲကိုလည်း ကြည့်ခဲ့သေးတာပေါ့”

ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)Where stories live. Discover now