အခန်း ၂၅၂
ဒီမိန်းမကတော့ သူ့ရဲ့ကိုယ်ပိုင်နေရာကို ဘာလို့နေခင်းကြောင်တောင်ကြီး လာကြည့်နေရတာလဲ ညဘက်အိပ်ရာထဲမှာကျ ရှက်ပြီး သူ့ကိုငြင်းနေပြီးတော့
သူမက သက်သက်လုပ်နေတာလို့ သူသံသယဝင်လာမိသည် တကယ့်အတွင်းစိတ်မှာကျ လိုချင်နေပြီးတော့
ရန်ရုချန်ရဲ့စကားကြောင့် ရှုရှု လက်တွေ့ကိုပြန်ရောက်လာသည် သူမအမြန် တခြားကိုကြည့်ကာရှက်လွန်းလို့ တွင်းတတွင်းထဲက သာ ဝင်ပုန်းလိုက်ချင်သည်
အရမ်းရှက်ဖို့ကောင်းတာပဲ
"တတိယသခင်လေး ဒီအခန်းက သီးသန့်ခန်းပါ"ဝိတ်တာက သူတို့ကို ဒုတိယထပ်ကိုခေါ်လာတာ တံခါးဖွင့်ပေးသည်
သီးသန့်ခန်းထဲက အပြင်အဆင်က ရှေးကျတဲ့ပုံစံမျိုးပေးကာ တခြားပုံစံတွေက စားသောက်ဆိုင်နဲ့ တူတူပင်
စားပွဲဝိုင်းကြီးက လူတစ်ဒါဇင်လောက်ဆန့်သည် ရှုရှုကြုံရာခုံတစ်ခုကိုယူကာ ထိုင်လိုက်သည် ပြီးတော့ရန်ရုချန်ကလည်း သူမဘေးဝင်ထိုင်လိုက်သည်
Knock knock knock
ဝိတ်တာက လက်ဖက်ရည်ချပေးနေတုန်းမှာပဲ တစ်ယောက်က တံခါးခေါက်လာသည်
ရန်ရုချန် တံခါးကို တချက်ကြည့်ကာ "ဝင်ခဲ့" ဟူဖြေလိုက်သည်
တံခါးကို ညင်သာစွာတွန်းကာ အရပ်ရှည်ပြီး လှပတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာခဲ့သည်
သူမက ဆံပင်တိုနှင့် အမဲရောင် တီရှပ်နဲ့ နက်ပြာရောင်ဂျင်းကို ဝတ်ဆင်ထားကာ သူ့မရဲ့မျက်နှာသေးသေးလေးနဲ့လိုက်ဖက်စွာ လှပလို့နေသည်
ရှုရှု အံသြတကြီးဖြင့် မျက်လုံးကျယ်သွားကာ 'အဲ့ဒါ အဲ့ဒါက ရန်ရုချန်နဲ့သတင်းထွက်နေတဲ့ ဝမ်မိန်မိန် မဟုတ်ဘူးလား'
"တတိယသခင်လေးရန်နဲ့ ရန်သခင်မလေးကို စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်နော်" ဝမ်မိန်မိန်ဝင်လာကာ စားပွဲစီလျှောက်လာခဲ့သည် သူမပြုံးပြကာ တောင်းပန်လိုက်သည်
သူမရဲ့အပြုအမူတွေနဲ့ လှုပ်ရှားပုံတွေက သာမန်ဖြစ်ပြီးတော့ နှစ်လိုဖွယ်ကောင်းလှသည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Romanceတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...