အခန်း ၁၀၁ နာမည်အကြီးဆုံး အက်ရှင် အတတ်ပညာရှင်
ဟင် F and P က လျှပ်စစ်နဲ့ မြေယာ ကုမ္ပဏီ မဟုတ်ဘူးလား ရုပ်ရှင်ဘက်ပါ ခြေဆန့်တော့မလို့လား ရန်ရုချန် ရှောင်ကျန်း ကြောင်ပြီး ရပ်နေတာမြင်တော့ မျက်ခုံးမြင့်ပြီး မေးလိုက်သည် "ငါပြောနေတာ မကြားဘူးလား"
"ဟုတ်ကဲ့ အခုလုပ်လိုက်ပါ့မယ် ဥက္ကဌရန်" ရှောင်ကျန်း ခေါငိးငြိမ့်ပြီး အချိန်မဖြုန်းရဲတော့ဘဲ အပြင်ထွက်သွားလိုက်သည်
သိပ်မကြာခင်ပဲ F and P က ဇာတ်ကားတစ်ကားမှာ မြုပ်နှံတော့မယ်ဆိုတဲ့ သတင်းက တောမီးလို ပြန့်နှံ့သွားတော့သည် သတင်းစာတွေမှာကော ရုပ်မြင်သံကြားတွေမှာပါ ပါလာပေမယ့် F and P ကတော့ တရားဝင်ကြေညာချက် မထုတ်ခဲ့ပေ
ညနေခင်းရုံးဆင်းချိန်ရောက်တော့ F and P အပြင်ဘက်မှာ သတင်းထောက်တွေ စုပြုံလို့နေတော့သည် ရန်ရုချန် အပြင်ရောက်တာနဲ့ ပျားတွေ အုံသလို ဝိုင်းအုံကြတော့သည်
'ဥက္ကဌရန် ကျွန်တော်ကြားတာ F and P က ရုပ်ရှင်လောကထဲ ဝင်တော့မလို့ဆို'
'ဥက္ကဌရန် ပြောပြပေးနိုင်မလား ဘာလို့ ရုတ်တရက် ဇာတ်ကားတစ်ကားမှာ ရင်းနှီးမြုပ်နှံသလဲဆိုတာ အိုးရန်ချင်းချင်းကြောင့်များလား"
ရန်ရုချန် ရပ်နေလိုက်ပြီး မေးခွန်းတွေ မေးတာကို စောင့်နေလိုက်သည် ပြီးတော့မှ တည်ငြိမ်စွာ ခေါင်းငြိမ့်ပြပြီး "ဟုတ်တယ် အိုးရန်မိန်းကလေးအတွက် အထူးမြုပ်နှံတာပါ နိုင်ငံရဲ့ အတော်ဆုံး အက်ရှင် အတတ်ပညာရှင်နဲ့ ဒါရိုက်တာပါ ငှားထားတာပါ အသေးစိတ်နဲ့ပက်သက်လို့ ပြောလို့ အဆင်မပြေသေးလို့ပါ ကျေးဇူးပါ" ပြောပြီး သတင်းထောက်မိန်းကလေးတွေဘက် ယဉ်ကျေးစွာပြုံးပြလိုက်တာကြောင့် ရှက်သွေးဖြာကုန်တော့သည်
လုံခြုံရေးတွေက သတင်းထောက်တွေကို ကာပြီး ရန်ရုချန် သွားဖို့ လမ်းလုပ်ပေးလိုက်သည် ရန်ရုချန် ကားထဲ ဝင်တဲ့အထိ နောက်ကျောပါမချန်ဓာတ်ပုံရိုက်ယူနေပြီး ကားထွက်တဲ့အထိ ပြေးလိုက်ခဲ့ကြသည်
"pfff ဟားဟား" မြို့တော်ရဲ့ "the first wealth" လို့ ခေါ်တဲ့ဘားဟာ တောက်ပတဲ့ နီယွန်မီးတွေနဲ့ ပြည့်နေပြီး ဘားတစ်ခုလုံး ခမ်းနားကြီးကျယ်လို့နေသည်
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော (1-400)
Lãng mạnတူညီတဲ့ အကျင့်စရိုက်နဲ့ ငယ်ချစ်ဦးနှစ်ယောက် သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာ... ငါ့ရဲ့အဘိဓာန်မှာ တောင်းပန်တယ်ဆိုတဲ့စကားက ငါ့မိန်းမအတွက်ပဲသုံးတာ.... ရန်ရုချန် ကျွန်မကို Mrs.ရန် လို့ခေါ်ပါ ကျွန်မက ရန်ရုချန်ရဲ့ ဇနီး...Miss ဝမ် မဟုတ်ဘူး ဝမ်ရှုရှု Episodes...